စတိုင်းဆိုင်မှာ ကြက်ဥမရှိလို့ ကြက်မတွေ ၀ယ်မွေးခဲ့တဲ့ Spider Man

[email protected] Holland

Marvel ရဲ့ ဟီးရိုးတစ်ဦးဖြစ်တဲ့ Spider Man သရုပ်ဆောင် Tom Holland ကိုတော့ တော်တော်များများသိကြအုံးမှာပါ။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ပြီး လူချစ်လူခင်များတဲ့ Tom ဟာ အခုလည်း ဘယ်သူနဲ့မှမူပဲ ဥာဏ်ကောင်းတဲ့ လုပ်ရပ်တစ်ခုကို ထပ်လုပ်လိုက်ပါတယ်။ အဲဒီလုပ်ရပ်ကတော့ စတိုးဆိုင်မှာ ကြက်ဥသွားဝယ်တဲ့အချိန် ကြက်ဥတွေ တစ်လုံးမှ မရှိတော့လို့ ကြက်ဥဥခိုင်းဖို့ ကြက်မတွေ ဝယ်လာတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ ရိက္ခာမပြတ်စေဖို့ စတိုးဆိုင်တွေ၊ စူပါမားကပ်တွေမှာ အရင်ကထက် နှစ်ဆသုံးဆ ရိက္ခာတွေ ဝယ်ယူနေကြပါတယ်။ ဒါကြောင့်လည်း စတိုးဆိုင်တော်တော်များများမှာ စားသောက်ကုန်တစ်ချို့ဟာ ပြတ်တောက်နေကြပါတယ်။ အခုလည်း Tom ဟာ အိမ်နားက စတိုးဆိုင်မှာ ကြက်ဥသွားဝယ်တဲ့အချိန် ကြက်ဥတွေကုန်နေလို့ ကြက်မတစ်ချို့ကို ဥ,ဥခိုင်းဖို့ ဝယ်ခဲ့ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ရုပ်ပြောင် Filter တွေပွင့်နေတာမသိဘဲ ရုပ်တည်ကြီးနဲ့တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ခဲ့သူ
[email protected]

“ ကျွန်တော့်အိမ်မှာ ကြက်ဥကုန်နေလို့ အိမ်နားက စတိုးဆိုင်မှာ ကြက်ဥသွားဝယ်တာ။ ဟိုရောက်တဲ့အချိန် ကြက်ဥတစ်လုံးမှ မရှိပဲ ကုန်နေပြီ။ အဲဒါနဲပ ကျွန်တော်လည်း မွေးမြူရေးခြံတစ်ခုကို သွားပြီး အဲဒီက ကြက်မတစ်ချို့ကို ဝယ်ခလာခဲ့တယ်။ ဒီလို ကြက်မတွေမွေးထားတော့ သူတို့ ဥတဲ့အချိန် လက်လက်ဆတ်ဆတ် စားသောက်ရတာပေါ့ဗျာ။ အခုတော့ ကျွန်တော်က ကြက်ပိုင်ရှင်ကြီး ဖြစ်နေပြီဗျ” လို့ Tom ကပြောကြားခဲ့ပါတယ်။ Tom ရဲ့ အဖြစ်ကတော့ တကယ့်ကို ဥာဏ်ကောင်းလွန်းတယ်လို့ပဲ သတ်မှတ်ရမလား။

Pyi Hein Kyaw

SHARE