ရွှေငါးလေးကို ရေကန်ထဲအထိဆင်းခိုးခဲ့တဲ့ပင့်ကူကို မျက်မြင်တွေ့ခဲ့တဲ့အမျိုးသား

Pixabay-epicioci,Josch13

ပင့်ကူဆိုတာ အင်းဆက်ပိုးကောင်သေးသေးလေးတွေကိုပဲ ဖမ်းစားတယ်ပဲ ကြားဖူးတယ်။ အခုတော့ ဒီပင့်ကူက ရွှေငါးလေးကိုတောင် ချီးသတဲ့လား။ ဒီအကြောင်းကိုတော့ Lad Bible မှာ ဖတ်လိုက်ရတာပါ။

Jérémy Schalkwijk ဆိုတဲ့အမျိုးသားတစ်ယောက်ဟာ ဒီအဖြစ်အပျက်ကို ကိုယ်တိုင်မျက်မြင်မြင်ခဲ့ရတာပါ။ သူဟာအိမ်မှာငါးလေးတွမွေးထားရတာကို သိပ်သဘောကျတဲ့သူပါ။ ဒါကြောင့် အိမ်ပြင်မှာ ကန်လေးတစ်ခုလုပ်ကာ အလှမွေးငါးလေးတွေ မွေးထားပါတယ်။ အဲဒီအလှမွေးငါးလေးတွေထဲမှာ Cleo လို့ခေါ်တဲ့ ရွှေငါးလေးတစ်ကောင်လည်းပါသတဲ့။

အာဖရိကမှာ အနောက်နိုင်ငံသားတစ်ယောက်တည်းသွားပြီး အလုပ်လုပ်နေရတဲ့အတွက် Jérémy Schalkwijk ခင်ဗျာ အဖော်ပြုစရာဆိုလို့ ဒီရွှေငါးလေးတွေပဲရှိသတဲ့။ ဒီလိုသံယောဇဉ်ရှိတဲ့ ငါးလေးတွေနဲ့ Jérémy တစ်ယောက် ချစ်သူရသသွားခဲ့တဲ့အချိန်မှာတော့ ချစ်သူနဲ့မိတ်ဆက်ပေးဦးမှဆိုပြီး အိမ်ကိုခေါ်လာခဲ့သတဲ့။

Twitter- Jérémy Schalkwijk

နောက် ငါးကန်ထဲလည်းသွားကြည့်ရော Jérémy ရဲ့အချစ်တော်ရွှေငါးလေး Cleo ကို ကန်ထဲမှာမတွေ့တော့ဘူး။ ဘယ်များပျောက်နေသလဲလို့ရှာကြည့်လိုက်တဲ့အချိန်မှာတော့ ဟိုးကန်ရဲ့နံရံပေါ်မှာ ရွှေငါးလေးကို သွားတွေ့ခဲ့သတဲ့။ ရေထဲကနေ ကမ်းပေါ်ကို တရွေ့ရွေ့သွားနေတာကိုတွေ့လိုက်ရတယ်။ ရွှေငါးကတော့ သူ့ဟာသူ ရေထဲကနေကမ်းပေါ်ကို နံရံတွယ်ပြီး ဘယ်လိုတက်နိုင်မလဲနော်။

READ
ရည်းစားဟောင်းက ပေးခဲ့တဲ့လက်ဆောင်ကို (၄၇)နှစ်တိုင် ဖွင့်မကြည့်သေးတဲ့အမျိုးသား

အဓိကတရားခံကတော့ ပင့်ကူပါ။ ပင့်ကူတစ်ကောင်ဟာ ရေကန်ထဲက ရွှေငါးလေး Cleo ကို ရေထဲထိဆင်းဖမ်းပြီး သူ့ရဲ့အစွယ်တွေပြည့်နေတဲ့ ပါးစပ်နဲ့ကိုက်ချီကာ ကုန်းပေါ်ကိုခေါ်သွားနေခဲ့တာပဲဖြစ်ပါတယ်။ ရွှေငါးနဲ့ ပင့်ကူနဲ့ယှဉ်လိုက်ရင် ပင့်ကူဟာ အကောင်အရွယ်အစားသေးလွန်းတဲ့တအတွက် ဒီအဖြစ်ပျက်ကို ဓာတ်ပုံမပါဘဲ ပြောမယ်ဆိုရင် ဘယ်သူမှတောင်ယုံကြမှာမဟုတ်ပါဘူး။

ထူးဆန်းလွန်းတဲ့အဖြစ်အပျက်ကို Jérémy တစ်ယောက် အမိအရကိုဖုန်းနဲ့ဓာတ်ပုံရိုက်ယူကာ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ဓာတ်ပုံကတော့ ဒီမှာပါ။ ပင့်ကူတစ်ကောင်ွှေရငါးကို ဘယ်လိုအင်အားတွေနဲ့များ ချီသွားပါလိမ့်။ နောက်ပြီး စားဖို့ချီသွားတာများလား။

Facebook-Jérémy Schalkwijk

Penny

 

SHARE