သားရဲ့အုတ်ဂူပေါ်မှာ Spiderman ရုပ်ပုံထားရှိချင်တဲ့ ဖခင်ရဲ့စိတ်ကူးကို Disney ခွင့်မပြု

Lloyd Jones/Facebook

အသက်(၄)နှစ်အရွယ် Ollie Jones အမည်ရ ကလေးငယ်လေးဟာ ရှားပါးလှတဲ့ Genetic Disorder ရောဂါတစ်မျိုးနဲ့ လူမမယ်အရွယ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ Ollie Jones ဟာ Marvel ဇာတ်ကားတွေရဲ့ ပင်တိုင်ပရိသတ်တစ်ဦးဖြစ်ခဲ့ပြီး Spiderman ဇာတ်ကားကို အလွန်နှစ်ခြိုက်သူပါ။

Jones ဟာ leukodystrophy ရောဂါကို (၂)နှစ်ကြာ ခံစားခဲ့ရပြီး၊ သူရဲ့ နောက်ဆုံးအားလပ်ရက်ကတော့ Disneyland မှာသာ ကုန်ဆုံးခဲ့ပြီး၊ သူရဲကောင်းတွေနဲ့ တွေ့ရဖို့ မျှော်လင့်ခဲ့ပါသေးတယ်။ ဖခင်ဖြစ်သူ Lloyd Jones က Jones ရဲ့အုတ်ဂူပေါ်မှာ Spiderman ရုပ်ပုံကပ်ချင်လို့ ကောင်စီလူကြီးမင်းတွေထံ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။

ကောင်စီလူကြီးမင်းတွေကလည်း Spiderman ဟာ  Disney နဲ့ သက်ဆိုင်တဲ့ဇာတ်ကောင်ဖြစ်တဲ့အတွက်  Lloyd ကို Disney ထံဆက်သွယ်ဖို့ အကြံပေးခဲ့ပါတယ်။ အဲဒီဘက်ကသာ ခွင့်ပြုတယ်ဆိုရင် သူတို့ကလည်း တားစရာမရှိပါဘူးတဲ့။

Lloyd Jones/Facebook

ဒါပေမယ့် Disney ကတော့ Spiderman  ရုပ်ပုံကို ကပ်ခွင့်မပေးခဲ့ပါဘူး။ အကြောင်းကတော့ သူတို့ရဲ့ဇာတ်ကောင်ကို ဒီလိုအသုံးပြူဖို့အတွက် မသင့်လျှော်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့်ပါ။ ခွင့်မပြုကြောင်းစာကိုလည်း Llyod မိသားစုထံ ပေးပို့ခဲ့ပါတယ်။

SHARE SHARE SHARE – Well that’s lovely Disney have out right REFUSED to allow OLLIE his spider man grave – they was ok…

Posted by Lloyd Jones on Tuesday, July 2, 2019

Lloyd က “ ကျွန်တော်က ဒီလိုမျိုး မျှော်လင့်ထားတာ မဟုတ်ပါဘူး … ကျွန်တော့်အတွက်တော့ ထိုးနှက်တိုက်ခိုက်မှုတစ်ခုပါဘဲ … အစက သူတို့ အလွယ်တကူ ခွင့်ပြုမယ်ထင်ထားခဲ့တာ ”လို့ ပြောပါတယ်။ Disney က သူတို့ရဲ့ဇာတ်ကောင်ကို သေတာတွေ၊ အသုဘတွေနဲ့ အဆက်အစပ်မရှိလိုဘူးလို့ Llyod က ပြောပါတယ်။

Lloyd က ဆက်လက်ပြီး “ သူတို့ဇာတ်ကားတွေထဲမှာလည်း ဇာတ်ကောင်တွေ သေနေကြတာ မနည်းပါဘူး .. အခု အဲဒီလို လုပ်တော့ ကျွန်တော်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး … ငွေနဲ့တော့ ဆိုင်မယ်ထင်တယ် .. ငွေပေးနိုင်ရင် ရရမှာပေါ့ ”လို့ ဝမ်းနည်းစွာ ပြောခဲ့ပါတယ်။

Change.Org
Change.Org

Lloyd ရဲ့ အဖြစ်အပျက်တွေကို မကြည့်ရက်သူတွေကတော့ Change.Org မှာ အကောင့်ဖွင့်ပြီး Disney ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြောင်းလဲပေးဖို့ ၀ိုင်းဝန်းလက်မှတ်ထိုးကာ ဆန္ဒပြနေကြကြောင်းလည်း သိရပါတယ်။

READ
ဂျာမဏီဂီတပွဲတော်မှာအသေခံဗုံးခွဲခွင့်မရခဲ့လို့ မိမိကိုယ်ကိုယ်ဖောက်ခွဲခဲ့တဲ့ဗုံးခွဲသမား

လင်းသူရိန် (Shwemom)

SHARE