ပင့်ကူများဟာ လူသားများအားလုံးကို တစ်နှစ်အတွင်း စားသုံးနိုင်ဟုလေ့လာချက်တစ်ခုမှ ကြံဖန်ဆို

လူသားများအတွက် ကြောက်စရာတစ်ခု ကို ရှာဖွေ့တွေရှိချက်တစ်ခုက ထုတ်ဖော်ခဲ့ပါတယ်။သူတို့ရဲ့ ဖော်ပြချက်အရ ပင့်ကူများဟာ ထင်တာထက်ပိုပြီး အစားစားသုံးနိုင်တဲ့ သတ္တ၀ါတွေ ဖြစ်ကြပြီး ပင့်ကူများ ဟာ အင်းဆက်ပိုးကောင်လေးများ(insects)၊အိမ်မြှောင်များနဲ့ နို့တိုက်သတ္တ၀ါ ငယ်လေးတွေအထိ စားသုံးနိုင်ကြတဲ့ သတ္တ၀ါတွေ ဖြစ်ကြပါတယ်။အခုလေ့လာမှုကို ၀ါရှင်တန်ပိုစ့် သတင်းစာမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး ပင့်ကူများ တစ်နှစ်စားသုံးတဲ့ အစားအစာတွေရဲ့ အလေးချိန်ဟာ ကမ္ဘာပေါ်ရှိလူသားတွေ အားလုံးရဲ့ အလေးချိန်ထက်များနေတယ်လို့ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလေ့လာမှုကို ဆွစ်ဇာလန်နိုင်ငံရှိ ဘေဆယ် တက္ကသိုလ်မှ ပါမောက္ခ မာတင် နစ်ဖလာနဲ့ ဆွီဒင်နိုင်ငံမှ လန်ဒ် တက္ကသိုလ် မှ ကော ဘာခ်ဟိုဖာတို့ ပူးပေါင်းလေ့လာခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ လေ့လာချက်ကို Science of Nature ဂျာနယ်မှာ ပုံနှိပ် ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။လေ့လာချက်မှာ ကမ္ဘာတစ်ဝှမ်းလုံးက ပင့်ကူများအားလုံး စားသုံးတဲ့ အစားအစာဟာ တစ်နှစ်ကို တန် သန်း ၄၀၀ မှ ၈၀၀ အတွင်းရှိတယ် လို့ဆိုခဲ့ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်အလေးချိန်က  တန် သန်း ၂၈၇ သာရှိတယ် ဆိုပြီး ကြံကြံဖန်ဖန် တွက်ပြခဲ့တာ ဖြစ်ပါတယ်။

READ
အုတ်ဂူထဲရောက်ပြီးတစ်ရက်အကြာမှာ အထဲကအသံကြားလို့ပြန်တူးခဲ့ရတဲ့ဖြစ်ရပ်

သူ့ရဲ့ အဆိုအရ ကမ္ဘာပေါ်က လူသားတွေ ဟာ ငြိမ်ငြိမ်နေပြီး ပင့်ကူ အစားခံမယ်ဆိုရင်တော့ ပင့်ကူများ တစ်နှစ်စာ အစာလုံလောက်ဖို့အတွက် တန် သန်း ၇၀ ကျော်လိုဦးမှာ ဖြစ်တယ် လို့ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Shwemom

Ref : The Sun

SHARE