ပန်ကန်းဆေးရေမြှုပ် ရောင်းရပေမယ့် ဘွဲ့တစ်ခုကို ရယူနိုင်ခဲ့တဲ့ ကောင်လေး

လူတိုင်းမှာ ဘဝပေးကုသိုလ်ကံချင်း မတူညီနိုင်ပါဘူး။ တစ်ချို့က ထမင်းနှပ်မှန်အောင်စားရဖို့ မိသားစုလိုက် ရုန်းကန်လှုပ်ရှားရပေမယ့် တစ်ချို့ကကျတော့ ရွှေလင်ဗန်းနဲ့ အချင်းဆေးခဲ့သူတွေဖြစ်သလို၊ ရွှေမရှား ငွေမရှား သွားလိုတဲ့နေရာမှာ ကားက အဆင်သင့် စိတ်ဆန္ဒသာရှိပါစေ မိဘတွေက တကယ်ဖြစ်လာအောင် ငွေအားနဲ့ လုပ်ပေးနိုင်ကြပါတယ်။

တစ်ချို့တွေကျတော့လည်း ငယ်စဉ်ကတည်းက ကျောင်းတက်ဖို့ဆိုတာ ဝေလာဝေး၊ မိဘတွေက ဆင်းရဲလွန်းတော့ ငယ်စဉ်ကတည်းက ဘဝကို ရုန်းကန်လှုပ်ရှားရ ကိုယ်ပိုင်ကားစီးရဖို့ နေနေသာသာ၊ ကိုယ်ပိုင်အိမ်ကလေးတစ်လုံးတောင် ဟန်ဟန်ပန်ပန် မဆောက်နိုင် ဘဝကို ဖြစ်သလို လှုပ်ရှားရုန်းကန်နေရပါတယ်။

အခုလည်း Melvin Chua ဆိုတဲ့ လူရွယ်တစ်ဦးဟာ ငယ်စဉ်ကတည်းက စားသောက်ဆိုင်တွေမှာ အသုံးပြုတဲ့ ပန်းကန်ဆေးရေမြှုပ် ရောင်းချခဲ့ရသူဖြစ်ပြီး ပညာရေးကိုလည်း သူများတွေလောက် ထိထိရောက်ရောက် လိုက်စားခဲ့ရသူမဟုတ်ပါဘူး။ ဒါကြောင့် သူဟာ ကျောင်းအားချိန်မှာ ရေမြှုပ်ကလေး ပြေးရောင်းလိုက်၊ ပညာသင်လိုက်နဲ့ (၁၃)နှစ်ကြာ ခက်ခဲစွာဖြတ်သန်းခဲ့ရပါတယ်။

အခုဆိုရင် သူဟာ ကောလိပ်ကနေ ဘွဲ့တစ်ခု လောက်လောက်လားလား ရယူနိုင်ခဲ့ပြီဖြစ်ပြီး သူ့မိသားစုမှာတော့ ဘွဲ့ရပညာတတ်တစ်ယောက်အဖြစ် ပထမဆုံး ခံယူနိုင်ခဲ့ပါတယ်။ ဒီလို ဘွဲ့ကိုရယူနိုင်ဖို့ သူရောင်းတဲ့ ရေမြှုပ်တွေကို (၁၃)နှစ်တိုင်တိုင် အားပေးလာကြသူတွေရဲ့ ကျေးဇူး သူ့အပေါ် မကင်းဘူးလို့ ဆိုပါတယ်။ သူတို့ဆီက ပိုက်ဆံရလို့သာ အခုလို ကျောင်းတွေတက်နိုင်ပြီး ဘွဲ့ရခဲ့တာလို့ သူက ဆိုပါတယ်။

Posted by Melvin Chua on Tuesday, April 10, 2018

ဒါကြောင့် (၁၃)နှစ်တိုင်တိုင် အားပေးခဲ့တဲ့ မြို့သူမြို့သားနဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကို သူက အလွန်ကျေးဇူးတင်နေကြောင်း ပြောခဲ့ပါတယ်။ သူဟာ University of Makati တက္ကသိုလ်ကနေ သိပ္ပံအထူးပြု Office Management ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့တာမို့ ဒီကရှေ့ သူ့အနာဂတ်ဟာ တစ်ခြားအခွင့်အလမ်းများစွာနဲ့ စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

READ
ကိုယ့်အိမ်ပြတင်းပေါက်ကို ပါကင်ထိုးရင်း ဝင်တိုက်ခဲ့မိတဲ့ ကားမောင်းသမား

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE