အူဆီယံဘော့တ်လက်သစ်လို့ နာမည်ကြီးနေတဲ့ အပြေးသမားလေးရဲ့စကေး

အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ အသက် (၇)နှစ်အရွယ် ဘလိတ် အင်ဂရမ် ဟာ သူ့ရဲ့လျှင်မြန်တဲ့ ပြေးနှုန်းကြောင့် အူဆီယန်ဘာ့တ်လက်သစ်လို့ နာမည်ကျော်နေခဲ့ပါတယ်။

ကမ္ဘာ့အမြန်ဆုံးအပြေးသမားလို့ သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဂျမေကာအပြေးသမား အူဆီယံဘော့တ်ရဲ့ ပုံစံအတိုင်း ပြိုင်ဖက်တွေကို အပြတ်အသတ်ဖြစ်အောင် ပြေးနိုင်စွမ်းရှိတာကြောင့် နာမည်ကြီးနေခဲ့တဲ့ ဘလိတ်ပါ။

 

 

View this post on Instagram

 

My Father Told Me (@ftf_kool ) That You Win Mentally Before You Win Physically I’m #1 Before The Race Start #Focus #BeGreat

A post shared by Blaze The Great (@blaze_813) on

သူက အသက် (၇)နှစ်အရွယ်သာ ရှိသေးပေမယ့် အားကစားသမားတစ်ယောက်လို ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိပြီး မီတာ (၁၀၀) ကို (၁၃.၄၈) စက္ကန့်ပဲ ပြေးခဲ့တယ်။

READ
ငါးမန်းတိုက်ခိုက်မှုကြောင့်ခြေတဖက်ဆုံးရှုံးသွားသော်လည်း သမုဒ္ဒရာထဲကိုပြန်ဆင်းခဲ့တဲ့သူ

 

 

View this post on Instagram

 

Track Season Is Here First Meet Almost Here

A post shared by Blaze The Great (@blaze_813) on

အူဆိယံဘော့တ်တင်ထားခဲ့တဲ့ အမြန်ဆုံး စံချိန်က (၉.၅၈) စက္ကန့်ပါ။ ဒီတော့ ဘလိတ်အနေနဲ့ ဒီစံချိန်ကို မှီဖို့ စက္ကန့်အနည်းငယ်သာ လိုတော့တဲ့အနေအထားပါပဲ။ အပြေးပြိုင်ပွဲတွေမှာ သူ ပါပြီဆိုရင် ပြိုင်ဖက်အပြေးသမားလေးတွေခမျာ ဘယ်လိုပြေးရမှန်းမသိ ဖြစ်ကုန်ကြပြီး သူကသာ ရှေ့ဆုံးကနေ အပြတ်အသတ် ပြေးပြနိုင်ခဲ့တာပါ။

 

အမေရိကန်ရဲ့နာမည်ကြီးအားကစားတွေထဲက တစ်ခုဖြစ်တဲ့ American Football ကစားနည်းမှာလည်း ဘလိတ်က ကျွမ်းကျင်သူဖြစ်ပြီး လီဘရွန်ဂျိမ်းစ်ကတောင် ချီးကျူးခဲ့ရတဲ့အထိ အစွမ်းပြနိုင်ခဲ့ပါတယ်။

READ
ဆင်းရဲတဲ့မိဘကို ဈေးရောင်းကျွေးနေတဲ့ ကောင်လေး၊ ရောင်းထားသမျှပိုက်ဆံ အလုခံခဲ့ရ

ဘလိတ်ရဲ့ အင်စတာဂရမ်မှာ ပရိသတ်ပေါင်း (၂၇၀,၀၀၀)ကျော်ရှိပြီး အမေရိကန်နိုင်ငံတွင်းက American Football နည်းပြတွေနဲ့ အပြေးနည်းပြတွေ စောင့်ကြည့်နေရတဲ့ ကလေးငယ်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

Linn

Source : ladbible

 

SHARE