မိခင်ပီသတဲ့အပြုအမူကြောင့် အမျိုးသမီးထုကြီးရဲ့ အားပေးချီးကျူးခံနေရတဲ့ မော်ဒယ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တဲ့ Sports Illustrated’s Miami Swim Week ဖက်ရှင်ရှိုးမှာ ရေကူးဝတ်စုံမော်ဒယ် မာရာမာတင်ဟာ နောက်ဆုံးဆန်ကာတင် (၁၆)ယောက်ထဲမှာ တစ်ဦးအပါအ၀င် ဖြစ်ခဲ့ပါတယ်။ သူမရဲ့ လျှောက်လမ်းပေါ်ကို လမ်းလျှောက်လာခဲ့တဲ့ ပုံကတော့ တခြားမော်ဒယ်တွေနဲ့ မတူပဲ ထူးခြားလှပါတယ်။ မာရာဟာ ပုခုံးကြိုးတစ်ဖက်ပျောက် ရွှေအိုရောင် ဘီကီနီကို ၀တ်ဆင်ထားပြီး (၅)လသားအရွယ် သူမရဲ့ကလေးကို နို့တိုက်ရင်း ပရိသတ်တွေရှေ့မှောက်ကို ထွက်လာခဲ့တာ ဖြစ်ပါတယ်။

si_swimsuit

သူမရဲ့ ရဲဝင့်တဲ့အပြုအမူနဲ့ ပတ်သက်လို့ အင်စတာဂရမ်ပေါ်မှာတော့ မာရာမာတင်ကို ချီးမွမ်းသံတွေ ညံနေပါတယ်။ SI ပွဲမှာ ရှိခဲ့တဲ့လူတွေကတော့ ဖက်ရှင်ရှိုးမှာ လမ်းလျှောက်ခဲ့တဲ့ အလှပဂေး(၁၆)ယောက်ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို အွန်လိုင်းပေါ်မှာ လွှင့်တင်ခဲ့ပါတယ်။

READ
အရမ်းပိန်လွန်းတဲ့အမျိုးသမီးများ စိတ်ကျရောဂါနဲ့စိုးရိမ်မှုတွေခံစားရနိုင်ခြေပိုများဟုဆို
_maramartin_

မာရာက သူမရဲ့ကလေးချီပြီး လမ်းလျှောက်လာတဲ့ပုံတွေကို သတင်းခေါင်းကြီးအဖြစ် ရွေးတင်တာနဲ့ ပတ်သက်လို့ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း  ဆိုရှယ်မီဒီယာပေါ်မှာရှိတဲ့ မိခင်တွေက မာရာဟာ မိခင်ကောင်းပီသသူဖြစ်ကြောင်းနဲ့ လူ့မြင်ကွင်းမှာ ရင်သွေးနို့ချိုတိုက်ကျွေးတာကို ကဲ့ရဲတဲ့ အစဉ်အလာဟောင်းတွေကို ချိုးဖျက်ခဲ့သူ ဖြစ်တယ်လို့ဆိုကာ ချီးမွမ်းခဲ့ကြပါတယ်။

_maramartin_

လင်းလင်း (ShweMom)

Ref: Unilad

SHARE