သူဋ္ဌေး(၂)ဦးကို ပြန်ပေးဆွဲမှုနဲ့ ကိုလံဘီယာနာမည်ကြီး မော်ဒယ် အဖမ်းခံရ

ကိုလံဘီယာ ရုပ်သံလွှင့်တင်ဆက်သူ နာမည်ကြီးမော်ဒယ်တစ်ဦးဖြစ်သူ Paulina Karina Diazဟာ သူဋ္ဌေး(၂)ဦးကို
ပြန်ပေးဆွဲမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ Paulina Karina Diazနဲ့ အဖွဲ့တူ The Witch လို့အမည်ပြောင်ရတဲ့ ယောကျာ်း
တစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ကိုလံဘီယာအာဏာပိုင်တွေက ထုတ်ဖော်ခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိတဲ့ Paulina Karina Diazဟာ ကိုလံဘီယာနိုင်ငံအခြေစိုက် Guia Magazineရဲ့ Channel -2 မှာ အားကစားအစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေသူဖြစ်ပြီး မော်ဒယ်လောကမှာလည်း နာ
မည်ကျော်ကြားသူဖြစ်ပါတယ်။

သူမဟာ ၂၀၁၁ခုနှစ်က ကိုလံဘီယာလုပ်ငန်းရှင်တစ်ဦးနဲ့ ရှေ့နေတစ်ဦးကို ပြန်ပေးဆွဲတဲ့အမှုမှာ တရားခံတွေနဲ့ အကျိုး
တူပူပေါင်းပြီး ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။ Paulina Karina Diazဟာ ကာလီမြို့ရှိ ကလပ်တစ်ခုမှာ လုပ်ငန်းရှင် တစ်ဦးနဲ့ ရှေ့နေတစ်ဦးကိုသူမရဲ့အလှနဲ့ အရင်ဆုံးဖြားယောင်းပြီး တရားခံတွေက ပြန်ပေးဆွဲခဲ့တာလို့ သိရပါတယ်။

READ
ဘက်စ်ကားဒရိုင်ဘာအမျိုးသမီးက မင်္ဂလာပွဲကို သူမရဲ့ ဘက်စ်ကားနဲ့ ဆင်နွှဲခဲ့

ပြန်ပေးဆွဲမှုမှ Paulina Karina Diazနဲ့ အပေါင်းအပါတွေဟာ ပေါင်(၈)သန်းရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအမှုကို
၂၀၁၁ခုနှစ်ကတည်းက စုံစမ်းစစ်ဆေးနေတာဖြစ်ပေမယ့် Paulina Karina Diazနဲ့ တရားခံယောကျာ်းတစ်ဦးကိုပဲ
မိသေးပြီး ကျန်တရားခံတွေမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

M2T(Shwemom)
Source ; Daily Mail
SHARE