အသံလွှင့်နေတုန်း သူမကိုနမ်းဖို့ကြိုးစားခဲ့သူကို စိန်ခေါ်လိုက်တဲ့ အားကစားသတင်းထောက်

Twitter/Erin Kate Dolan

အမေရိကန် ဖီလစ်ဒဲဖီးယားမြို့မှ အားကစားသတင်းထောက်တစ်ဦးဟာ  အမေရိကန်ဘောလုံးအသင်း New England Patriots ပရိသတ်တစ်ယောက်ကို စိန်ခေါ်ခဲ့ကြောင်း insider သတင်းအရ သိရပါတယ်။ အဆိုပါ အားကစားသတင်းထောက်ဟာ အီရင်းကိတ်ဒိုလန်အမည်ရကာ PointsBet Sportsbook အတွက် သတင်းထောက်လုပ်ပေးနေတာ ဖြစ်ပါတယ်။

တစ်နေ့မှာတော့ သတင်းလွှင့်ရိုက်ကူးနေရင်း New England Patriots အမျိုးသားပရိသတ်တစ်ယောက်က အီရင်းကို နမ်းဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အီရင်းဟာ သူမအလုပ်ချိန်တွင်းကြီးဖြစ်တဲ့အတွက် ၄င်းအမျိုးသားပရိသတ်ကို ဘာမှ ပြန်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် အလုပ်ချိန်ပြင်ပရောက်တဲ့အခါကျမှ အီရင်းဟာ ထိုအမျိုးသားကို စက်ဆုပ်ရွံရှာတဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

“MNF မှာ ပရိသတ်တစ်ယောက်က ကျွန်မကို နမ်းဖို့လုပ်ခဲ့တယ်။ အလုပ်ချိန်ကြီးဖြစ်နေတော့ ကျွန်မရယ်ပဲရယ်နေလိုက်ပါတယ်။ သူ့ကိုတော့ ဘာမှပြန်မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ စိတ်အရမ်းတိုတယ်။ ကံမကောင်းစွာနဲ့ပဲ ပြောရမှာက ဒီလိုမျိုးအတွေ့အကြုံက ကျွန်မတစ်ယောက်တည်း ကြုံရတာမဟုတ်ဘူး ဆိုတာကိုပါပဲ… ” လို့တွစ်တာပေါ်မှာ ရေးသားခဲ့ပါသေးတယ်။

READ
သတ်မှတ်ချက်ထက်ကျောင်းစကပ်တိုနေပါကမိဘတွေကိုထောင်ချမယ်ဆိုတဲ့ထိုင်းဥပဒေ

ဗီဒီယိုထဲမှာတော့ အီရင်းဟာ အမျိုးသားတစ်ယောက်နဲ့ စကားပြောဆိုနေခဲ့တာဖြစ်ပြီး စကားပြောအပြီးမှာတော့ ထိုသူက သူမကို နမ်းဖို့ ကြိုးစားရာ အီရင်းက ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ အခုလို အပြုအမူ ဆိုးဝါးခဲ့တဲ့ ပရိသတ်အမည်ကိုတော့ တရားဝင်မကြေညာခဲ့ပါဘူး။

 

အီရင်းအလုပ်လုပ်နေတဲ့ PointsBet Sportsbook ကတော့ ရုပ်သံလွှင့်သူတွေအနေနဲ့ ဒီလိုသိက္ခာစော်ကားခံရတဲ့ အပြုအမူမျိုးနဲ့ ကြုံတွေ့လာရင် သည်းမခံသင့်ဘူးလို့ဆိုခဲ့တဲ့အပြင် သူတို့အနေနဲ့ နောက်တစ်ကြိမ် အခုလို ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင် သတင်းထောက်တွေကို ကာကွယ်ပေးသွားမှာဖြစ်တဲ့အကြောင်းလည်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

READ
ရည်းစားကPropose မလုပ်ခင်နာရီပိုင်းအလိုမှာ ဓာတ်လိုက်ပြီးသေဆုံးသွားတဲ့ကောင်မလေး

လင်းလင်း (ShweMom)

SHARE