အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် playlist ကို ဖန်တီပေးခဲ့တဲ့ Spotify

Twitter/WATN

Spotify က သင်နဲ့သင့်ကြောင်အတွက် playlist လုပ်ပေးမှာဖြစ်ပြီး သင်နဲ့သင့်ကြောင်ကြိုက်နှစ်သက်မယ့် playlist ကို ဖန်တီးပေးသွားမယ်လို့ ကတိပေးထားပါတယ်။ဒီ playlist က အင်တာနက်ပေါ်တင်ဖို့ဒီဇိုင်းလုပ်ထားတာပါ။ ဒါဟာ app music လို အလားတူသီချင်းရှိတဲ့ပြိုင်ဖက်ထက်အားသာချက်ရှိပါတယ်။

Spotify

သင့် အိမ်မွေးတိရစ္ဆာန်အတွက် playlist ရဖို့ Spotify ရဲ့ pet playlist ၀က်ဘ်ဆိုက်ကိုဝင်ရပါမယ်။ အဲ့ဒီထဲကနေ (၅)ခုကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ကြောင်၊ ခွေး၊ ဖွတ်၊ ငှက် ဒါမှမဟုတ် ကြွက်အတွက်လို့ ရွေးပြီးရင် သူတို့ရဲ့ကိုယ်ပိုင်အလေ့အထလေးတွေကိုရွေးပေးရပါမယ်။ သူတို့ဟာ တက်ကြွလား၊ ငြိမ်နေလား၊ ရှက်တတ်လား၊ မိတ်ဆွေဖွဲ့တတ်လား၊ ခင်တတ်လား၊ သိချင်စိတ်များလား အဲတာတွေပြီးရင်တော့ သင့်အိမ်မွေးတိရစ္ဆာန်ရဲ့နာမည်နဲ့ ဓာတ်ပုံပေးရပါမယ်။

Spotify

Spotify က သင့်အိမ်မွေးတိရစ္ဆာန်ရဲ့ playlist icon နဲ့တိရစ္ဆာန်ရဲ့အမည်ကိုထုတ်ပေးမှာဖြစ်ပါ တယ်။ playlist generator က Spotify အကောင့်ပိုင်ရှင်ဖြစ်တဲ့ သင့်အတွက် သင်ကြိုက်မယ်လို့ထင်တဲ့ သီချင်းတွေ ကိုရွေးပေးပါလိမ့်မယ်။ သင်ရေးပေးခဲ့တဲ့အတိုင်း အမြန်၊ အနှေး ဒါမှမဟုတ် အားလုံးကိုထုတ်ပေးပါလိမ့်မယ်။

READ
ကင်ဂျုံအမ်ကိုထောက်ခံနေကြသည့် ပြည်သူများမှာ ကြောက်လွန်း၍ဟန်ဆောင်နေခြင်းဖြစ်ဟုဆို

ဒီ site က သင့်ရဲ့ကြောင်ဟာ စိတ်တက်ကြွသူဖြစ်ရင် Black Moth Super Rainbow၊ Das Racist နဲ့ The Smiths လို တီဝိုင်းကိုရွေးပေးပါလိမ့်မယ်။ဒီအဖွဲ့တွေကို Spotify မှာနားထောင်ဖူးပါလိမ့်မယ်။ Spotify ကပိုသေချာအောင် cat လို့စာပါတဲ့သီချင်းတွေကိုရွေးပေးမှာဖြစ်ပါတယ်။ Rolling Stones ရဲ့ Stray Cat Blues နဲ့  Hot Chip ရဲ့ Alley Cats လို သီချင်းတွေပါဝင်မှာဖြစ်ပါတယ်။ သီချင်းတွေက မဆိုးဘူးဆိုပေမယ့် ကျွန်တော့်ရဲ့ကြောင်ကတော့ ကြိုက်မကြိုက်မ သိပါဘူး။ ကြောင်တွေကလည်း သီချင်းကြိုက်တယ်လို့ တစ်ခါမှမပြောဖူးပါဘူး။ဒါပေမယ့် စာအုပ်စင်ပေါ်က စပီကာပေါ်မှာတော့ နေတတ်ပါတယ်။

Thae Su

SHARE