လင်ယောက်ျားလက်ကို ဆုပ်ကိုင်ထားခြင်းဟာ မီးဖွားစဉ်ဝေဒနာကို သက်သာစေကြောင်းသိရ

ကလေးမီးဖွားတယ်ဆိုတာ သရဲဘောကြောင်သူတွေ လုပ်နိုင်တဲ့ အလုပ်မဟုတ်ပါဘူး။ မိခင်တွေကို မေးကြည့်လိုက်ရင် ကိုယ်ဝန်ဆောင်ကာလဟာ ဘယ်လောက်တောင် ခက်ခဲသည်းခံရတယ်ဆိုတာရယ်၊ မီးဖွားစဉ်မှာလည်း မဖော်ပြနိုင်တဲ့ နာကျင်မှုမျိုးကို မချိမဆန့်အောင် ခံစားရတယ်ဆိုတာ ပြောပြကြမှာပါ။

ကျွမ်းကျင်ပညာရှင်တွေအဆိုအရ အမျိုးသမီးတွေရဲ့ မီးဖွားစဉ် နာကျင်ကိုက်ခဲတဲ့ဝေဒနာကို ဖြေဖျောက်နိုင်ဖို့ နည်း(၂) နည်း ရှိကြောင်း သိရပါတယ်။ တစ်နည်းကတော့ ဆေးပညာနဲ့ ဖြေဖျောက်တဲ့ ဥပမာ မေ့ဆေးပေးခြင်းလိုနည်းမျိုး ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ မီးဖွားသူအမျိုးသမီးရဲ့ လင်ယောကျာ်းကိုယ်တိုင် မီးဖွားခန်းထဲ ၀င်ရောက်ပြီး ဇနီးသည် ရှောရှောရှူရှူမွေးဖွားနိုင်အောင် အကူအညီပေးတဲ့နည်းပဲ ဖြစ်ပါတယ်။

pexels

Proceedings of the National Academy of Sciences (PNAS) က ထုတ်ဝေတဲ့ လေ့လာချက်တစ်ရပ်မှာတော့ လင်ယောက်ျားဖြစ်သူဟာ မိန်းမရဲ့ လက်ကို ကိုင်ပေးရုံနဲ့တင် မီးဖွားနေတဲ့အမျိုးသမီးအပေါ်မှာ အများကြီးအကျိုးကျေးဇူးရှိနေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး သုတေသနခေါင်းဆောင် ပေဗယ်ဂိုးလ်စတိန်းဟာ သူ့ဇနီးသည် မီးဖွားစဉ်မှာ သူကိုယ်တိုင် မီးနေခန်းထဲ ၀င်ပြီး လေ့လာစမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။ ဇနီးသည်နားမှာ နေပြီး ဇနီးသည်ကို လက်ချင်းဆုပ်ကိုင် အားပေးတာတွေက သူမကို အများကြီး သက်တောင့်သက်သာဖြစ်စေတာ တွေ့ရှိရကြောင်း ပေဗယ်က ပြောပြပါတယ်။

READ
ပုန်းလျိုးနေတဲ့ တီထွင်နိုင်စွမ်းအားတွေကို လှုံဆော်ပေးဖို့ လုပ်သင့်တဲ့အချက် (၇) ချက်
pexels

တဖန် အသက်(၂၃)နှစ်နဲ့ အသက်(၃၂) နှစ်ကြားမှာရှိတဲ့ စုံတွဲ(၂၂) တွဲကို လေ့လာကြည့်ခဲ့ကြပါတယ်။ စုံတွဲတွေကို သီးခြားအခန်းမှာ ခွဲနေခိုင်းခြင်း၊ အခန်းတစ်ခန်းထဲမှာ အသားချင်း မထိမကိုင်ရပဲ တစ်နေရာဆီ ထိုင်နေခိုင်းခြင်း၊ အခန်းတစ်ခန်းထဲမှာပဲ နီးနီးကပ်ကပ်ထိုင်ခိုင်းပြီး အသားချင်း ထိတွေ့ခိုင်းခြင်း စတဲ့ နည်းလမ်း(၃) မျိုးနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ ပညာရှင်တွေဟာ ဒီစမ်းသပ်ချက်ကနေ လူသားရဲ့ အထိအတွေ့ဟာ အမျိုးသမီးတွေခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကို လျော့ပါးသက်သာစေတယ်ဆိုတာ တွေ့ရှိလာရပါတယ်။

pexels

“နာကျင်မှုဒေနာက စုံတွဲနှစ်ဦးကြားထဲက ပေါင်းစည်းမှုကို အနှောင့်အယှက်ပေးပါတယ်။ ဒါပေမယ့် အထိအတွေ့က သူတို့နှစ်ဦးကို ပြန်လည်ပေါင်းစည်းစေပါတယ်။ စာနာဂရုဏာစိတ်နဲ့ လူတစ်ဖက်သားကို ထိတွေ့တဲ့အခါ အထိတွေ့ခံရသူက ဒါကို နားလည်ပါတယ်။ ပြီးတော့ အထိတွေ့ခံရသူရဲ့ ဦးနှောက်ထဲမှာလည်း နာကျင်မှုဝေဒနာတွေက တဖြည်းဖြည်းနဲ့ လျော့ပါးသွားတယ်…” လို့ ပေဗယ်က ပြောပြခဲ့ပါတယ်။ ဒါကြောင့် လင်ယောက်ျားတွေဟာ ၄င်းတို့ ဇနီးသည်ရဲ့ စိန်ခေါ်မှုများတဲ့ မိခင်ဘ၀ဆီ လျှောက်လှမ်းတော့မယ့် ခရီးရှည်ကြီးမှာ အများကြီးအရေးပါသူတွေ ဖြစ်နေတာကို အခုလို တွေ့ရှိရပါတယ်။

READ
ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီး ပြိုင်စံရှားတဲ့ ရှားရှားပါးပါးမိန်းကလေးတွေဆိုတာ..

လင်းလင်း (ShweMom)

Ref:elitereaders

SHARE