(၄) နှစ်ကြာအချိန်ယူကာ စက္ကူတွေနဲ့ ပုံဖော်ထားတဲ့ ဂျပန်နိုင်ငံက ရှင်ဂျုကူရပ်ကွက်

twitter/Fe2AEiFqz0X9AYw

ဂျပန်နိုင်ငံမှာတော့ စက္ကူခေါက်အတတ်ဟာ ခေတ်စားပါတယ်။ ဂျပန်လူမျိုးတွေဟာ စက္ကူတွေကို အရုပ်ပုံစံအမျိုးမျိုးရအောင် လုပ်ပြနိုင်ပါတယ်။ အရုပ်လေးတွေ၊ ဘူးလေး ခွက်လေးတွေကစလို့ အရုပ်လေးတွေအဆုံး လှပပြေပြစ်အောင် စက္ကူချိုးခေါက်တတ်သူတွေလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း @Fe2AEiFqz0X9AYw  အမည်နဲ့ တွစ်တာမှာ ဂျပန်လခစားအမျိုးသားတစ်ယောက်ရဲ့ချီးကျူးဖွယ် လက်ရာတွေကို တွေ့ခဲ့ရပါတယ်။ အဆိုပါ လခစား အမျိုးသားဟာ တိုကျိုမှာ နာမည်ကြီးလှတဲ့ ရှင်ဂျုကူရပ်ကွက်ကြီးတစ်ခုလုံးကို စက္ကူလေးတွေ သုံးကာ ပြန်လည်ဖန်တီးခဲ့တာကို soranews24 မှာ တွေ့ရပါတယ်။

သူ့ဖန်တီးမှုကို အမှတ်တမဲ့ ကြည့်လိုက်ရင်တော့ ခိုင်ခိုင်ခံ့ခံ့နဲ့  ပြုလုပ်ထားသလိုပါပဲ။ ဒါပေမယ့် ရှင်ဂျုကူရပ်ကွက်ထဲမှာရှိတဲ့ အစိတ်အပိုင်းတွေ အားလုံးကို စက္ကူနဲ့ပဲ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ၁/ ၂၀၂၂အချိုးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ထိုသူဟာ မြို့ပတ်လမ်းတွေနဲ့ ပတ်ဝန်းကျင်ကိုလည်း အလျဉ်းသင့်သလို တစ်ခုမှမကျန်ရလေအောင် အသေးစိတ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ တွစ်တာပေးမှာတော့ လူကြိုက်များခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE