ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအခြေအနေဟာ အရှိန်မြှင့်လာနေကြောင်း တရုတ်သမ္မတသတိပေး

intuisimedia, medicalbl

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ပင်းက ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုဟာ အရှိန်အဟုန်နဲ့ မြှင့်တက်လာနေတယ်လို့ ဆိုခဲ့ကြောင်း BBC သတင်းဌာနကနေ သိရပါတယ်။ တရုတ်အာဏာပိုင်တွေဟာ အများပြည်သူအားလပ်ရက်ဖြစ်တဲ့ တရုတ်နှစ်သစ်ကူးကာလမှာ အထူးအစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာ တရုတ်နိုင်ငံဟာ အရမ်းစိုးရိမ်စရာကောင်းလောက်တဲ့ အခြေအနေဖြစ်နေပြီလို့ သမ္မတက ဆိုပါတယ်။

BBC Reserach

ဝူဟန်မြို့ကနေ စလာလိုက်တဲ့ ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံမှာ အနည်းဆုံး လူ (၅၆) ဦးကို သေစေခဲ့ပြီး လူပေါင်း (၂၀,၀၀) ခန့်ထိ ကူးစက်ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့ရာ မြို့တော်တော်များများမှာ ခရီးသွားလာခွင့်ပိတ်ပင်လိုက်သလို ၀ူဟန်ရဲ့ အဓိကကျတဲ့ စီရင်စုနယ်တွေဆီကိုလည်း ကိုယ်ပိုင်ယာဉ်တွေနဲ့ သွားလာခွင့်ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

 

 

READ
လိပ်သားပေါက်(၈၀၀)ကျော်ကို မွေးပေးပြီး ရှားပါးလိပ်မျိုးစိတ်ကို ထိန်းသိမ်းပေးခဲ့တဲ့ လိပ်ကြီး

ဝူဟန်မှာ အရေးပေါ်ဆေးရုံတစ်ရုံကို လ၀က်နဲ့အပြီး တည်ဆောက်မှာဖြစ်ပြီး ၄င်းမှာတော့ လူနာဦးရေ (၁,၃၀၀) ကို လက်ခံထားမှာ ဖြစ်ပါတယ်။ ဒီဆေးရုံဟာ တရုတ်ရဲ့ အမြန်ဆုံး တည်ဆောက်ထားတဲ့ ဒုတိယမြောက် ဆောက်လုပ်ရေးပရောဂျက်တစ်ခုဖြစ်ကာ ကုတင် (၁,၀၀၀) ပါဝင်မှာပါ။ စစ်တပ်က ဆေးဘက်ဆိုင်ရာ အထူးတပ်ဖွဲ့ဝင်တွေဟာလည်း ၀ူဟန်မြို့ရှိရာ ဟူးပေးပြည်နယ်ဆီ ပျံသန်းထွက်ခွာလာခဲ့တယ်လို့ သိရပါတယ်။

 

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံက မြို့တော်တော်များများမှာလည်း တရုတ်နှစ်သစ်ကူးပွဲတော် အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။ ပြည်မကြီးတစ်လျှောက် ခရီးသွားတွေကိုလည်း အဖျားရှိ မရှိ တိုင်းတာနေပါတယ်။ မြို့တော်တော်များများက ဘူတာရုံတွေကိုလည်း ပိတ်လိုက်ပါပြီ။ ဟောင်ကောင်မှာတော့ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ကျောင်းတွေ ဆက်ပိတ်ထားဦးမယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE