ထရမ့်ကိုကြည်ညိုလွန်းလို့ သူ့နာမည်ကို အသင်းမှာထည့်သွင်းခဲ့တဲ့ ဘောလုံးကလပ်

အစ္စရေး ဂျေရုစလင်အခြေစိုက် ဘောလုံးအသင်းတစ်ခုဖြစ်တဲ့ FC Beitar Jerusalem ဘောလုံးအသင်းဟာ အမေရိကန်သမ္မတထရမ့်ကို ကြည်ညိုလေးစားလွန်းလို့ သူတို့အသင်းရဲ့နာမည်ထဲမှာ ထရမ့်နာမည်ကိုပင် တရားဝင်ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ FC Beitar Jerusalem အသင်းဟာ အခုအခါမှာ Beitar Trump Jerusalem FC အမည်ကို တရားဝင် ပြောင်းလိုက်ပြီဖြစ်ပါတယ်။

Standard

Beitar Trump Jerusalem FC ရဲ့အဆိုအရ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် သမ္မတထရမ့်က ပေါ်ပေါ်ထင်ထင် သတ်မှတ်ခဲ့ခြင်းအပေါ် အစ္စရေးပြည်သူပြည်သားတွေက အလွန်ဝမ်းသာနေကြပြီး၊ ဒီအတွက် Beitar Trump Jerusalem FC ကလည်း အသင်းနာမည်မှာ သူ့ကို ဂုဏ်ပြုထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Beitar Trump Jerusalem FC အသင်းဟာ လက်ရှိအချိန်မှာ အစ္စရေးပရီးမီယားလိဂ်ရဲ့ အဆင့်(၂)မှာ ရပ်တည်နေပါတယ်။ အသင်းရဲ့တရားဝင် Facebook ပေါ်မှာ အသင်းတာဝန်ရှိသူတစ်ဦးက အခုလို နာမည်ပြောင်းဖြစ်ခဲ့ပုံကို ထုတ်ဖော်ရေးသားထားပါတယ်။

READ
၁၄-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
Beitar Trump Jerusalem FC

Beitar Trump Jerusalem FC အသင်းရဲ့ တရားဝင်စာမျက်နှာမှာ ” သမ္မတထရမ့်ဟာ အလွန်ကို ရဲရင့်တဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ် … သူဟာ ကျနော်တို့မြို့တော် ဂျေရုစလင်ကို အစ္စရေးရဲ့ထာဝရမြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ် … သမ္မတထရမ့်ဟာ သူရဲ့သတ္တိကို ပြသခဲ့သလို၊ ဒီအတွက် အစ္စရေးပြည်သူတွေနဲ့ သူတို့ရဲ့မြို့တော်က အမှတ်ရ ဖြစ်နေမှာပါ … အခုဆို သူ့ရဲ့ သတ်မှတ်ချက်ကြောင့် တစ်ခြားနိုင်ငံတွေကလည်း ဂျေရုစလင်ကို ကျနော်တို့မြို့တော်အဖြစ် လက်ခံနေကြပါပြီ “လို့ ရေးသားခဲ့ပါတယ်။

Guardian

မူလသတင်းဆောင်ပါးရှင်က ဒီဖြစ်ရပ်ကို အရွှန်းဖောက်တဲ့အနေနဲ့ မော်ရင်ဟိုရဲ့ မန်ချက်စတာအသင်းဟာ ဝန်ကြီးချုပ်ထရီဇာမေကို ဂုဏ်ပြုပြီး နာမည်ပြောင်းမယ်ဆိုပါက မေချက်စတာယူနိုက်တက်လို့ ပြောင်းရမှာဖြစ်ကြောင်း ဟာသနှောထားပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကန်သမ္မတထရမ့်ကတော့ အသင်းတစ်ခုရဲ့ တရားဝင်နာမည်မှာ သူ့နာမည်ကို ထည့်သွင်းခွင့် ရခဲ့ပြီလို့ ဆိုရမှာပါ။

READ
ကန်တေကိုခေါ်ယူခွင့်ပေးလို့ လက်စတာအသင်းဆီ လက်ဆောင်ပို့ပေးခဲ့တဲ့ ချယ်လ်ဆီး
Beitar Trump Jerusalem FC

နတ်စည်တော် (Shwemom)

source : metro.co.uk

SHARE