အုန်းပင်ပေါ်တက်ပြီး ပြည်သူတွေအတွက် မိန့်ခွန်းပြောကြားခဲ့တဲ့ သီရီလင်္ကာနိုင်ငံက ဝန်ကြီး

Youtube-පොල් තල් කිතුල් ඇමැතිතුමා ගහේ ඉඳන් කියපු කතාව (Video)

တိုင်းပြည်တစ်ပြည်မှာ နိုင်ငံအတွင်း ပေါကြွယ်ဝတဲ့ သံယံဇာတတွေကို နည်းလမ်းမှန်မှန်နဲ့ နိုင်ငံခြားကို တင်ပို့ရောင်းချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုတင်ပို့ရောင်းချနိုင်ရင်တော့ တိုင်းပြည်ရဲ့ ဝင်ငွေတိုးပွားစေရုံသာမက အဲဒီတိုင်းပြည်ရှိ နိုင်ငံသူနိုင်ငံသားတွေပါ လုပ်စရာအလုပ်တစ်ခု ရှိစေပါတယ်။ ဒါ့ကြောင့်လည်း Sri Lankan နိုင်ငံရဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးဟာ သူတို့နိုင်ငံရှိ နိုင်ငံသားတွေကို အုန်းပင်တက်ပြီး အုန်းသီးခူးကာ ပြည်ပသို့ တင်ပို့စေနိုင်ရန်အတွက် သူကိုယ်တိုင် အုန်းပင်တက်ပြပြီး ပြည်သူပြည်သားတွေကို မိန့်ခွန်းပြောကြားခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-moho01

ဝန်ကြီးတစ်ဦး အုန်းပင်ပေါ်တက်တယ်ဆိုတာ ရုတ်တရက်ကြားရင် ရယ်ကောင်းရယ်ပါလိမ့်မယ်။ အမှန်တော့ ဒါဟာ သူ့ရဲ့ စေတနာပါပဲ။ တော်တော်များများ သိတဲ့အတိုင်း Sri Lankan နိုင်ငံဟာ ကျွန်းစုနိုင်ငံတစ်နိုင်ငံ ဖြစ်တာနဲ့အညီ သူတို့နိုင်ငံမှာ အုန်းပင်တွေ အရမ်းပေါသလို အုန်းသီးလဲ အင်မတန်မှ ပေါများလွန်းလှပါတယ်။ Siri Lankan နိုင်ငံရဲ့ အုန်းသီးထွက်နှုန်းဟာ တစ်ခြားနိုင်ငံတွေထက် အင်မတန်များပေမယ့် အုန်းသီးတွေကို ပြည်ပသို့ နှစ်စဉ်တင်ပို့ရောင်းချနိုင်မှုဟာ ထင်သလောက် မများခဲ့ပါဘူး။ ဒါဟာ နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံသားတွေဟာ ဒီလုပ်ငန်းကို တန်ဖိုးမထားပဲ တစ်ခြားလုပ်ငန်းတွေကို အာရုံစိုက်နေလို့ပဲ ဖြစ်ပါတယ်။

READ
ကလပ်သွားရာမှ ပြန်မလာတော့တဲ့ ဆယ်ကျော်သက်လေးရဲ့ ဆို့နင့်ဖွယ်အဖြစ်

“ကျွန်တော်အုန်းပင်တက်ပြတယ်ဆိုတာ တစ်ခြားကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်လို လူကြီးတစ်ယောက်က ဒီလိုမျိုးအုန်းပင်တက်နိုင်တယ်ဆိုရင် တစ်ခြားလူတွေအတွက် က ပိုလွယ်ကူမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံက အုန်းသီးအင်မတန်ထွက်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါပေမယ့် အုန်းသီးတွေ ပြည်ပကို ရောင်းချနိုင်မှုဟာ ထင်သလောက် အဆင်ပြေမနေပါဘူး။ အဖြေကတော့ ရှင်းပါတယ်။

ကျွန်တော်တို့နိုင်ငံသားတွေက ဒီအုန်းသီးတင်ပို့ရောင်းချတဲ့လုပ်ငန်းကို စိတ်မဝင်စားလို့ပါပဲ။ ဒီလုပ်ငန်းကို တစ်စိုက်မက်မက်သာ လုပ်နိုင်မယ်ဆိုရင် နိုင်ငံအတွက် ဝင်ငွေတိုးပွားစေသလို နိုင်ငံသားတွေအတွက်လည်း ဝင်ငွေတစ်ခုရပြီး အလုပ်အကိုင်တစ်ခုပါ ရနိုင်ပါတယ်။ ကျွန်တော်တို့အစိုးရ အပိုင်းကလည်း သေချာကူညီပေးပါ့မယ်လို့ အာမခံပါတယ်”လို့ Sri Lankan နိုင်ငံရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်သူ Arundhika Fernando က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by Arundika Fernando (@arundikafdo) on

Pyi Hein Kyaw

SHARE