မျောက်တွေကိုခြောက်လှန့်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခု တွေ့ရှိခဲ့တဲ့ လယ်သမားကြီး

indiatimes

လယ်သမားကြီးတွေဟာ များသောအားဖြင့် သူတို့စိုက်ပျိုးထားတဲ့ သီးနှံကို လာဖျက်ဆီးဖို့ ကြိုးစားတဲ့ တိရစ္ဆာန်တွေကို စာခြောက်ရုပ်တွေနဲ့ ခြောက်လှန့်ကြပါတယ်။ ဒါပေမယ့် ခုတွေ့မြင်ရမယ့် လယ်သမားကြီးကတော့ သူ့ယာခင်းထဲ ခဏခဏလာဖျက်ဆီးတတ်တဲ့ မျောက်တွေကို ခြောက်လှန့်ဖို့ဆိုပြီး အိမ်မှာမွေးထားတဲ့ ခွေးကို ကျားတစ်ကောင်လိုမျိုး ရေးခြယ်ခဲ့ကြောင်း indiatimes အရ သိရပါတယ်။

@mangalpady/Twitter

လယ်သမားကြီးရဲ့ နည်းလမ်းဟာ တကယ်ပဲ အလုပ်ဖြစ်ခဲ့တဲ့အတွက် အခြားလယ်သမားတွေကတော့ ဒီနည်းကို အတုယူကာ လိုက်လံပြုလုပ်နေကြပါတယ်။ မားလ်နဒ်ဒေသမှာတော့ မျောက်တွေက တော်တောင်းသောင်းကျန်းတဲ့အတွက် လယ်သမားတွေအတွက် ခေါင်းခဲစရာကိစ္စကြီး ဖြစ်လာနေတာပါ။ လယ်သမားကြီးတွေဟာ သူတို့ရဲ့ ခွေးတွေကို လိမ္မော်နဲ့ အနက်ရောင်အစင်းတွေပေါ်အောင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီနည်းကို စတင်ကျင့်သုံးခဲ့သူကတော့ လယ်သမားကြီး စရီကန့်ဂိုဒါဆိုသူပါ။ ဂိုဒါဟာ လွန်ခဲ့တဲ့(၄) နှစ်တုန်းက ဥတရာကန်နန်ဒါဒေသဆီ သွားလည်ရင်း အံ့သြဖို့ကောင်းတဲ့ ယာခင်းတစ်ခင်းကို တွေ့လိုက်ပါတယ်။ အဲ့ဒီယာခင်းမှာတော့ မျောက်တွေကို ခြောက်ဖို့ဆိုပြီး ခြံရှင်က အရုပ်ကျားကို ထားထားတာ ဖြစ်ပါတယ်။ သိသိသာသာပဲ ယာခင်းထဲကို မျောက်တွေမလာတော့တဲ့အတွက် ဂိုဒါဟာ ဒီနည်းနဲ့ ပုံစံတူ လက်တွေ့ကျင့်သုံးဖို့ကို စမ်းကြည့်ခဲ့တာပါ။

READ
မိဘ (၃)ပုံ(၁) ပုံမှာ အိမ်မွေးတိရစ္ဆာန်တွေကို ကလေးတွေထက် ပိုနှစ်သက်ကြောင်း သိရ
@mangalpady/Twitter

ဂိုဒါဟာ ဦးဆုံးအနေနဲ့ သူ့ခွေးကို ကျားလို့ထင်ရအောင် ဆေးတွေ ဆိုးပေးလိုက်ပါတယ်။ ဆေးဆိုးထားရင်တော့ တစ်လကျော်အထိ ဆေးရောင်မပြယ်ပဲ ခံပါတယ်။ ဒါတင်မကသေးပါဘူး။ မျောက်တွေကို ပိုခြောက်လှန့်ဖို့အတွက် ဂိုဒါဟာ သူ့ခွေးရဲ့ ပိုစတာတွေကို ယာခင်းအနှံ့မှာ လိုက်ကပ်ပါသေးတယ်။ ခွေးကို ကျားအဖြစ် အသွင်ပြောင်းတဲ့ အကြံဥာဏ်က မဆိုးပေမယ့် ခွေးတွေမှာတော့ ဆိုးဆေးကြောင့် အန္တရာယ်မဖြစ်စေဖို့ မျှော်လင့်ရကြောင်း အွန်လိုင်းမှာတော့ ပြောနေကြပါတယ်။

လင်းလင်း (ShweMom)

SHARE