
Hollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသားတစ်ဦးဖြစ်တဲ့ Stallone ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Stallone ဟာ ကျွန်တော့်တို့ ငယ်ဘဝရဲ့ အမိုက်စား အက်ရှင်မင်းသားကြီး တစ်ဦးဖြစ်သလို သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်ဇာတ်ကားတွေဟာဆိုရင်လည်း ဒီနေ့ဒီအချိန်အထိကို ကြည့်လို့ကောင်းသေးတဲ့ အက်ရှင်ဇာတ်ကားကောင်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း မင်းသားကြီး Stallone ဟာ အသစ်ရိုက်ကူးမယ့် Suicide Squad 2 ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်တော့မယ့်အကြောင်းကို ပရိသတ်တွေအား အသိပေးပြောကြားခဲ့ကြောင်း cbr.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
View this post on Instagram
DC က ထုတ်လုပ်ရိုက်ကူးတဲ့ Scicide Squad ဇာတ်ကားဟာ စူပါဟီးရိုးပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို DC ပရိသတ်တွေရဲ့ အသည်းစွဲဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ လက်ရှိ Suicide Squad 2 ဇာတ်ကားသစ်ကိုတော့ နာမည်ကြီးဒါရိုက်တာ James Gunn က ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လထဲမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ Stallone အနေနဲ့ Suicide Squad 2 ဇာတ်ကားအသစ်ရဲ့ ဘယ်လို character နေရာမှာ သရုပ်ဆောင်ရမလဲဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသလို Stallone ကိုယ်တိုင်ကလည်း သူ့အနေနဲ့ ဘယ်နေရာမှာ သရုပ်ဆောင်ရမလဲဆိုတာကို ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။
Sylvester Stallone is gonna be in @SuicideSquadWB! pic.twitter.com/DlI0GIWyrl
— Thomas Polito (@PolitoThomas) November 14, 2020
“ကျွန်တော့်အနေနဲ့ကတော့ ဒါရိုက်တာ James Gunn နဲ့ ဇာတ်ကားရိုက်ရတော့မယ့်ဆိုတဲ့အတွက်ကြောင့် တော်တော်လေးကို ဝမ်းသားရပါတယ်။ ဘာကြောင့်လဲဆိုတော့ James Gunn က ကျွန်တော်အကြိုက်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက် ဖြစ်တာကြောင့်ပါ။ အခုတော့ ကျွန်တော့်အနေနဲ့ Suicide Squad 2 ဇာတ်ကားထဲက ဘယ်နေရာမှာ ပါဝင်သရုပ်ဆောင်ရမလဲဆိုတာကိုတော့ မပြောပြနိုင်သေးပါဘူး။ အချိန်တစ်ခုရောက်ရင်တော့ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်ရဲ့ ပရိသတ်တွေကို ပြောပြပေးသွားမှာပါ”လို့ Stallone က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw