Rocky ရုပ်ရှင်ရဲ့ Documentary ကို ကိုယ်တိုင် စီစဉ်ထုတ်လုပ်သွားမယ့် မင်းသားကြီး Stallone

[email protected]

တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီးမင်းသားကြီး စတားလုံး(Stallone)ကိုတော့ တော်တော်များများ မှတ်မိကြအုံးမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် စတားလုံး၊ ဗန်ဒိန်း၊ အာနိုးတို့ဇာတ်ကားတွေဆိုရင် မလွတ်တမ်း ထိုင်ကြည့်ခဲ့ဖူးကြတယ်မလား။ အခုအချိန်လောက်ဆိုရင်တော့ သူတို့တွေဟာ အနည်းဆုံး အသက်က ၇၀ နားကပ်နေပြီပဲ ဖြစ်ပါတယ်။ အခုလည်း အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ စတားလုံးကြီးတစ်ယောက်ဟာ သူကိုတိုင်သရုပ်ဆောင်ခဲ့တဲ့ Rocky ဇာတ်ကားရဲ့ Documentary မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Rocky ဇာတ်ကားကတော့ စတားလုံးပရိသတ်မှန်ရင် ကြည့်ဖူးကြမှာပါ။ ဒီဇာတ်ကားဟာ စတားလုံးကြီးရဲ့ ပထမဦးဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားကြောင့်ပဲ စတားလုံးကြီးတစ်ယောက် နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်မဖြစ်ခင်တုန်းက စတားလုံးကြီးဟာ လုံခြုံရေးတစ်ယောက်သာဖြစ်ပါတယ်။ ဒီ Rocky ဇာတ်ကားကို သူကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးခဲ့တာပဲ ဖြစ်ပါတယ်။

READ
စင်ပေါ်မှာ ရုပ်ပျက်ဆင်းပျက် ချော်လဲတာတောင်မှ အပြုံးမပျက်တဲ့ Shu Qi

အခုအချိန်မှာတော့ ပထမဦးဆုံး Rocky ဇာတ်ကားထွက်ခဲ့တာ အနှစ် ၄၀ ပြည့် ရှိနေပြီပဲ ဖြစ်ပါတယ်။ အခုရိုက်ကူးမယ့် Rocky Documentary ကိုတော့ စတားလုံးကြီးကိုယ်တိုင် ဒါရိုက်တာအဖြစ် စီစဉ်ဖန်တီးထားတာ ဖြစ်ပြီး တွဲဖက်ဒါရိုက်တာကတော့ နာမည်ကြီးဒါရိုက်တာ Derek Wayne Johnson ပဲ ဖြစ်ပါတယ်။

View this post on Instagram

Sometimes this is how brothers communicate best!

A post shared by Sly Stallone (@officialslystallone) on

“ဒီ Documentary မှာတော့ ကျွန်တော်တို့ Rocky ဇာတ်ကားတွေ ရိုက်ကူးခဲ့စဉ် တောက်လျှောက်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ရိုက်ကွင်းထဲက သံယောဇဉ်တွေ၊ အဓိကကတော့ ဒီ Documentary ကြည့်ရင် ၁၉၀၀ ခုနှစ်ဝန်းကျင်လောက်က အငွေ့အသက်တွေကို ကျိန်းသေခံစားရမှာပါ။ ကျွန်တော့် အသက်ကလည်း ၇၀ ကျော်ရှိနေပြီဆိုတော့ လုပ်နိုင်ကိုင်နိုင်တုန်းအချိန်လေး ကျွန်တော့်ကို လူသိလာစေခဲ့တဲ့ ဒီ Rocky လေးကို တစ်ခုခုပြန်လုပ်ပေးချင်ယုံ သက်သက်ပါပဲ” လို့ စတားလုံးကြီးက ပြောကြားခဲ့ပါတယ်။

View this post on Instagram

Happy Valentine’s Day to all my wonderful girls!

A post shared by Sly Stallone (@officialslystallone) on

Pyi Hein Kyaw

SHARE