ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့တဲ့ မင်းသားကြီး စတာလုံးရဲ့ ပင်ကိုယ်ပုံစံ

[email protected]

စတားလုံးကြီးကိုတော့ တော်တော်များများသိကြမှာပါ။ လူအများစုရဲ့ ငယ်ဘဝကတော့ သူရဲ့ အက်ရှင်ကားတော်တော်များများနဲ့ ကြီးပြင်းလာရတာပဲ ဖြစ်ပါတယ်။ တခြားသူတွေနဲ့ မတူတဲ့ သူရဲ့ တိုက်ခိုက်ပုံတွေ၊ သတ်ပုံဖြတ်ပုံတွေကို တော်တော်များများမှတ်မိကြအုံးမှာပါ။ တစ်ခုထူးခြားတာဟာ စတားလုံးကို ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ်၊ အခမ်းအနားပွဲတွေမှာပဲ ဖြစ်ဖြစ်တွေ့ရရင် အမြဲတောက်တောက်ပြောင်ပြောင် သားသားနားနားနဲ့ပဲ တွေ့ရတာ များပါတယ်။ ဒါပေမယ့် ပရိသတ်တွေဟာ စတားလုံးကို လွန်ခဲ့တဲ့ အင်္ဂါနေ့(၂၇.၁.၂၀၂၀)တုန်းကတော့ စတားလုးံရဲ့ Instagram အကောင့်ကနေပြီးတော့ စတားလုံးဟာ ဘာမှ ပြင်ဆင်ထားခြင်းမရှိတဲ့ သူ့ရဲ့ပုံအစစ်ကို ပြသခဲ့ကြောင်း သိရပါတယ်။

 

People သတင်းဌာနရဲ့ တင်ပြချက်အရ စတားလုံးဟာ သူ့ပရိသတ်တွေကို Instagram အကောင့်မှတဆင့် သူရဲ့နဂိုပုံစံကို ချပြခဲ့ပါတယ်။ တော်တော်များများသိထားတဲ့ စတားလုံးပုံစံဟာ ဆံပင်ပုံစံအမည်းရောင်နဲ့ပါ။ ဒါပေမယ့် ဓာတ်ပုံထဲမှာတော့ စတားလုံးဟာ ဆံပင်သာမက နှုတ်ခမ်းမွှေးသာမက ပါးသိုင်းမွှေးတွေပါ ဖြူဖွေးနေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင်စတားလုံးဟာ တစ်ခါတစ်လေ ငါအိပ်ရာကနိုးလာရင် ငါကိုယ်ငါဘာမှမဟုတ်သလို ခံစားရတယ်။ တစ်ချို့လူတွေကတွေကပြောတယ်။ ငါတော်တော်ပြောင်းလဲသွားတယ်တဲ့။ တကယ်တမ်းတော့ ငါမပြောင်းလဲပါဘူး။ဒါလူ့သဘာဝပဲလေ” လို့ သူ့ဓာတ်ပုံကို စာရေးပြီးတင်ခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူတော်တော်များများကတော့ စတားလုံးကို ကြည့်ကောင်းနေဆဲဖြစ်ပြီး ဒီလိုဆံပင်ပုံစံနဲ့က ပိုမိုလိုက်ဖက်ကြောင်း ပြောခဲ့ပါတယ်။ “ မင်းကို ဒီလိုဆံပင်ဖြူနဲ့တွေ့ရတာ ငါဂုဏ်ယူတယ်” “ မင်းကအခုမှ ပိုကြည့်ကောင်းလာတာ” “ ဒီဆံပင်အတိုင်းပဲထားပါတော့” အစရှိသဖြင့် comment တွေ ပေးခဲ့ကြပါတယ်။

READ
အားကစားလုပ်နေတဲ့ ဓါတ်ပုံလေးတွေ မျှဝေလိုက်တဲ့ ခင်လေးနွယ်

Pyi Hein Kyaw

SHARE