ဖခင်အပေါ်ကို အရိုအသေမဲ့လို့ Disney နဲ့ Marvel ကို ပေါက်ကွဲနေတဲ့ StanLeeရဲ့ သမီး

Joan-Celia-Lee Instagram

ရုပ်ရှင်ချစ် ပရိတ်သတ်အများစုကတော့  Spider-Man နဲ့ပတ်သက်ပြီး Disney နဲ့ Sony ရဲ့ အကွဲအပြဲကို အားလုံးသိပြီးကြမှာပါ။ အမြတ်ငွေ ခွဲဝေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုမရခဲ့တာကြောင့် Spider-Man ဟာ Marvel ရဲ့ MCU မှာ ဆက်လက်ပါဝင်တော့မှာ မဟုတ်ဘဲ Sony နဲ့ပဲ သီးခြားဇာတ်လမ်းတွေ ရိုက်ကူးရတော့မှာပါ။

Joan-Celia-Lee Instagram

ဒီကိစ္စနဲ့ပတ်သက်ပြီး Spider-Man ကို ဖန်တီးခဲ့တဲ့ Marvel ရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ Stan Lee ရဲ့ သမီးဖြစ်သူ Joan Celia Lee အွန်လိုင်းသတင်းပေ့ခ်ျ တစ်ခုဖြစ်တဲ့ TMZ က သွား ရောက်မေးမြန်းခဲ့ကြပါတယ်။ အဲဒီမှာ Stan Lee ရဲ့ သမီးဖြစ်သူ JC Lee က အခုလို သူမရဲ့ဖခင် ဖန်တီးခဲ့တဲ့ ကာတွန်းဇာတ်ကောင်တခုရဲ့ ပိုင်ဆိုင်မှုအတွက် ကုမ္ပဏီကြီးတွေ အချင်းချင်းပြိုင်ဆိုင်ကြတာကို ဘာပဲဖြစ်ဖြစ် ဂုဏ်ယူမိကြောင်း၊ ဒါဟာ Spider-Man ဇာတ်ကောင်အတွက် ရိုက်ကူးခွင့်ရတဲ့ ကုမ္ပဏီက အကောင်းဆုံးကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ အဓိပ္ပာယ်ရတဲ့အတွက် ဇာတ်ကောင်အတွက်ကော၊ ပရိသတ် တွေအတွက်ပါ ကောင်းမွန်တဲ့အချက်ဖြစ်ကြောင်း ဆိုခဲ့ပေမဲ့ Disney နဲ့ Marvel ကိုတော့ သူမရဲ့ဖခင်အပေါ် ပြုမူမှုတွေနဲ့ ပတ်သက်ပြီး အပြစ် တင်ခဲ့ပါတယ်။

StanLee Twitter

JC Lee က Disney နဲ့ Marvel တို့ရဲ့ သူမရဲ့ဖခင်ဖြစ်သူရဲ့ ဖန်တီးမှုတွေကို မူပိုင်ခွင့်ပြန်ရဖို့ ကြိုးပမ်းမှုတွေမှာ အမြတ်ရဖို့ တခုတည်းအတွက် ရည်ရွယ်တာမဟုတ်ဘဲ ဖန်တီးသူဖြစ်တဲ့ သူမရဲ့ဖခင်အပေါ် လေးစားမှုရှိကြောင်း ပြသဖို့လိုအပ်တယ်လို့ ဝေဖန်လိုက်တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က Stan Lee ကွယ်လွန်ခဲ့ချိန်ကလည်း Disney နဲ့ Marvel တာဝန်ရှိသူတွေဆီက အရိုအသေပေးတဲ့ အပြုအမူမျိုး၊ လေးစားတဲ့အပြုအမူမျိုး မရခဲ့သလို ၀မ်းနည်းကြောင်း စာလေးတစ်စောင်တောင် မပို့ခဲ့ပဲ မသိသလိုသာ နေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

KYM

SHARE