လန်ဒန်က 5 star ဟိုတယ်ကြီးမှာ ဒိတ်လုပ်ခဲ့ဖူးတဲ့ လီမင်ဟိုတို့ စုံတွဲ

နာမည်ကြီး အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ လီမင်ဟိုန့ ဆူဇီတို့ စုံတွဲ လည်း တစ်တွဲ အပါအ၀င်ပါ။လက်ရှိမှာတော့ လီမင်ဟိုက စစ်မှုထမ်း နေ ပါတယ်။သူတို့စုံတွဲ လန်ဒန်မှာ ဒိတ်လုပ်ခဲ့ဖူးကြောင်းကိုဖော်ကောင် လုပ်ခဲ့ သူကတော့ အဆိုတော် Kim Taehyun ပါ။ဇူလိုင်(၂၈)က ထုတ်လွှင့်ခဲ့တဲ့ TV Chosunရဲ့  “Byul Byul Talk Show” မှာ ဖော်ကောင် လုပ်ခဲ့တာပါ။

Kim Taehyun က နိုင်ငံခြားအထိ သွားပြီး ဒိတ်လုပ်ခဲ့တဲ့ စတားတွေ ရဲ့ အကြောင်း ကိုပြောခဲ့တာပါ။အလုပ်ကိစ္စကို ဗန်းပြပြီး နိုင်ငံခြားမှာ သွားပြီး ဒိတ်ခဲ့တဲ့ နာမည်ကြီးစုံတွဲတွေ ရှိပြီး ဥပမာ- လီမင်ဟိုနဲ့ ဆူဇီတို့ရဲ့ (၂၀၁၅)ခုနှ စ်က လန်ဒန်မှာ ဒိတ်လုပ်ခဲ့တဲ့ ခရီးစဉ်ဆိုပြီး ပြောခဲ့တာပါ။

READ
ဆွဲဆောင်မှုရှိရှိလှနေတဲ့ ပုံရိပ်တွေ မျှဝေပေးလိုက်တဲ့ စံရတီမိုးမြင့်

သူတို့နှစ်ယော က်လုံးဟာ နာမည်ကြီးတွေဖြစ်တာကြောင့် ပြည်တွင်းမှာ ဒိတ်လုပ်ဖို့က အဆင် မပြေတာကြောင့် လန်ဒန်ထိ သွားပြီး ဒိတ်လုပ်ခဲ့ကြကြောင်း၊ကံကောင်းထော က်မ စွာနဲ့ ပါပါရာဇီတွေလည်း မတွေ့ခဲ့ဖူးလို့ ပြန်ပြောပြခဲ့တာပါ။

အဲ့ဒီတုန်းက လီမင်ဟိုဟာ ပဲရစ်မှာ ရိုက်ကူးရေးရှိခဲ့ကြောင်း၊ဆူဇီကတော့ လန် ဒန်မှာ ရိုက်ကူးရေးရောက်နေခဲ့တာပါ။လီမင်ဟိုက အခွင့်အရေးကို လက်လွတ် မခံပဲ ဆူဇီရှိရာ လန်ဒန်သို့ လိုက်သွားခဲ့ကာကားတစ်စီးကို ငှားပြီး လန်ဒန်ရဲ့ အမြင့်ဆုံး အဆော က်အအုံ The Shard ကိုသွားခဲ့ကြောင်း အဲ့ဒီမှာရှိတဲ့ စားသောက်ဆိုင်မှာပဲ အတူစားသောက်ခဲ့ပြီး ရိုမန်တစ်ဆန်ဆန် အချိန်ကုန်ခဲ့ တယ်လို့ သိရပါတယ်။

အဲ့ဒီအဆောက်အအုံမှာရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကို ငှားပြီး နှစ်ညနဲ့ သုံးရ က်ကြာေ အာင် နေခဲ့ပါတယ်။အခန်းငှားခနဲ့တင် အမေရိကန် ဒေါ်လာ (1690 USD) ၀မ်ငွေ(၁.၉)သန်း ရှိကြောင်း၊စီးလုံးငှားထားတဲ့ ကားနဲ့ပဲ လန်ဒန် မြို့ တစ်ခွင် လျှောက်လည်ခဲ့ပါတယ်။လီမင်ဟိုဟာ ချစ်သူ ဆူဇီအပေါ်  တကယ့်ကို ဂရုစိုက်ကြင်နာတယ်သူလို့ မီဒီယာတွေမှာ ဖော်ပြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဧပြီကလည်း သူတို့ရဲ့ ချစ်သူ သက်တမ်း နှစ်နှစ်ပြည့် ပွဲလေး ကျင်းပခဲ့ပါေ သးတယ်။

READ
မြင်ရသူတိုင်း ရင်လေးသွားစေမယ့် ကိုရီးယားမော်ဒယ်မလေး ဂျီဆုန်းရဲ့ဓာတ်ပုံများစုစည်းမှု

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref;allkpop

SHARE