အားလပ်ရက် အိမ်တွင်းအောင်းတတ်သူများအတွက် အကြံဥာဏ်ကောင်းများ

တဖြောက်ဖြောက်ကျနေတဲ့ မိုးစက်မိုးပေါက်တွေကြားမှာ ဘာမှလုပ်စရာမရှိဘဲ အိမ်မှာနေရရင် အလွန်ပျင်းစရာကောင်း
ပါလိမ့်မယ်။ မိမိရဲ့ အားလပ်နေတဲ့ အချိန်အတိုင်းအတာတစ်ခုကို ရည်ရွယ်ချက်မရှိဘဲ ကုန်ဆုံးလိုက်ရပါက ပိုလို့နှမျောဖို့
ကောင်းပါတယ်။ ဒါကြောင့် မိုးအေးအေးလေးနဲ့ ဘယ်လိုဇိမ်ကျကျ၊ အဓိပ္ပာယ်ရှိရှိ အိမ်မှာနေနိုင်မလည်းဆိုတဲ့ အကြံပေး
ချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင်အကြိုက်ဆုံး အစားအစာတစ်ခုကို ချက်စားပါ။

သင်ဟာ ဟင်းချက်ဝါသနာပါသူဆိုရင် ဒီအချက်က သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ မိမိစားချင်တဲ့၊ အကြိုက်ဆုံးသော
ဟင်းလျာတစ်ခုခုကို စိတ်တိုင်းကျ ချက်ပြုတ်၊စားသောက်ရခြင်းကလည်း သင့်အားလပ်ချိန်ကို အဓိပ္ပာယ်ရှိစေပြီး စိတ်
အပန်းပြေစေပါလိမ့်မယ်။ ဒါ့အပြင် ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို မိမိချစ်သူခင်သူ မိသားစုတွေနဲ့ အတူတူဝေမျှ စားသောက်လိုက်ခြင်းဟာ မိုးအေးတဲ့ အားလပ်ရက်လေးကို ကျေနပ်ဖွယ်ရာ ပြည့်စုံစေပါလိမ့်မယ်။

စာဖတ်ပါ။

တစ်နေ့လုံး မစဲနိုင်ဘဲ စွေနေအောင် မိုးရွာတဲ့နေ့မှာ ဘယ်ကိုမှမသွားဘဲ မိမိရဲ့အိပ်ယာထက်က စောင်ခြုံလေးထဲမှာ
စာအုပ်လေးတစ်အုပ်နဲ့ နှပ်နေရခြင်းကလည်း အလွန်ဇိမ်ရှိစေပြီး အဓိပ္ပာယ်ရှိစေနိုင်ပါတယ်။ စိတ်အပန်းပြေစေပြီး
ဇိမ်ရှိရုံ တင်မဟုတ်ဘဲ စာအုပ်ကပေးတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေနဲ့ ခံစားမှုရသတွေကိုပါ တစ်ပြိုင်တည်း ခံစား
ရရှိနိုင်လို့ ဒါဟာလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။

ရုပ်ရှင်ဇာတ်ကားများနဲ့ tv ဇာတ်လမ်းတွဲများ ကြည့်ရှုပါ။

အေးစိမ့်တဲ့ မိုးနေ့လေးတစ်နေ့မှာ စားစရာ မုန့်တွေအပြည့်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွေ ထိုင်ကြည့်ရတာကလည်း အကြံ
ကောင်း တစ်ခုပါပဲ။ စိတ်အေးလက်အေး ကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားနာမည်လေးတွေနဲ့ ဇာတ်လမ်းအကျဉ်း
လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။

The Prestige

နာမည်ကျော်ဒါရိုက်တာ ခရစ်စတိုဖာ နိုလန် ရိုက်ကူးထားတဲ့ ဒရာမာနဲ့ သိပ္ပံစိတ်ကူးယဉ် ရောယှက်ထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အဲလ်ဖရတ် ဘော်ရ်ဒန်နဲ့ ရူးပါ့တ် အန်ဂျီယာတို့ဟာ ၁၉ရာစုအတွင်းက တွဲဖက် မျက်လှည့်ဆရာနှစ်ယောက် ဖြစ်ကြပါတယ်။ ၀မ်းနည်းထိတ်လန့်ဖွယ်ကောင်း တဲ့ ပြကွက်အမှားတစ်ခုကို ပွဲတစ်ပွဲမှာ အဲလ်ဖရတ်က လုပ်လိုက်ပြီးချိန်ကစလို့ သူတို့နှစ်ယောက်ကြားမှာ ရန်စတွေ ပွားလာပါတော့တယ်။ ယင်းမှတစ်ဆင့် တစ်ယောက်ထက်တစ်ယောက် သာလွန်နိုင်ဖို့ တွန်းတိုက်ကြိုးစားကြရင်းက အနိုင်ရဖို့သာမက တစ်ယောက်ကိုတစ်ယောက် ဖျက်ဆီးပစ်ဖို့ထိပါ ဖြစ်ပျက်လာကြပါတော့ တယ်။ အဲလ်ဖရတ်မှားသွားတဲ့ အမှားဟာဘာဖြစ်မလဲ။ သူတို့နှစ်ယောက် ဘယ်လိုပြိုင်ဆိုင်ပြီး တစ်ယောက်ကို တစ်ယောက် အနိုင်ယူကြမလည်းဆိုတာ
စိတ်ဝင်စားစရာ ရိုက်ကူးထားပါတယ်။ ပါဝင်သရုပ်ဆောင်ထားသူများကတော့ batman မင်းသားကြီး ခရစ်ရှန်
ဘေးလ်၊ Wolverine မင်းသားကြီး ဟျု့ဂ်ျ ဂျက်ခ်မန်းနဲ့ မင်းသမီးချော စကားလတ် ဂျိုဟန်ဆန်တို့ပဲ ဖြစ်ပါတယ်။

Star Trek

USS Enterprise လို့ခေါ်တဲ့ ခေတ်အမီဆုံး အာကာသယာဉ်ကို ခရူအသစ်တစ်ယောက်က ပွဲဦးထွက် လိုက်ပါလာခဲ့ပြီး သူတို့ရဲ့ဦးတည်ရာလမ်းကြောင်းဟာ ကမ္ဘာမြေက လူသားတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်ရွယ်ထားတဲ့ နီရိုနဲ့ အတိုက် အခံ ဖြစ်လာတဲ့အခါမှာတော့ လူသားမျိုးနွယ်တွေ ဆက်လက်ရပ်တည်နိုင်ပြီး နီရိုရဲ့ အကြံအစည် အထမမြောက်အောင်
ကြိုးပမ်းကြပုံတွေကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ ဂျေဂျေ အေဘရန်စ် ရိုက်ကူးတဲ့ သိပ္ပံစိတ်ကူးယဉ်
ဇာတ်လမ်းဖြစ်ပြီး စပိုက်ဒါမန်းမင်းသား ခရစ်စ်ပိုင်း၊ ဇက်ချရီ ကွမ်န်တီနိုနဲ့ ဇိုးလ် ဆာ့ဒ်နာတို့က ပါဝင်သရုပ်ဆောင်ထားပါ
တယ်။

READ
ဂျာမနီလူငယ်သွေးသစ်ဖြစ်လာမည့် ကစားသမားများအဖြစ် သတ်မှတ်ခံထားရသူများ
Mission: Impossible – Ghost Protocol

ခရင်မ်လင်နန်းတော် ဗုံးပေါက်ကွဲတဲ့ကိစ္စမှာ IMF အဖွဲ့အစည်း ဆွဲသွင်းခံလိုက်ရပြီးနောက်ပိုင်း အီသန်ဟန့်နဲ့ သူ့ရဲ့
အဖွဲ့သားများဟာ နာမည်ဆိုးနဲ့ ကျော်ကြားသွားပါတော့တယ်။ သူတို့အဖွဲ့အစည်းရဲ့ နာမည်ဂုဏ်သတင်းကို ပြန်လည်
ရှင်းလင်းသန့်စင်စေဖို့အတွက် အန္တရာယ်ကြီးလွန်းတဲ့ အကြမ်းဖက်သမား ကာ့တ်ဟန်းဒရစ်ကို လိုက်လံထောက်လှမ်း
ကြ ပါတယ်။ သို့ပေမယ့်လည်း ကာ့တ်ဟန်းဒရစ်ဆီမှာ ရုရှားနိုင်ငံရဲ့ နျူကလီယားလျှို့ဝှက်ကုဒ် ရရှိထားပြီး အမေရိကန်
ပြည်ထောင်စုကို ပစ်မှတ်ထား ဖြိုခွင်းဖို့ အစီအစဉ်ချနေတဲ့အခါမှာတော့ ဇာတ်လိုက်ကျော် အီသန်ဟန့်နဲ့ သူ့အဖွဲ့သားများ
ဟာ ထိုဘေးအန္တရာယ်ကို အချိန်မီ ကယ်တင်နိုင်ပါ့မလားဆိုတာ … စိတ်ဝင်စားစရာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ယခင်
Mission: Impossible ဇာတ်လမ်းများလိုပဲ မနားတမ်း အက်ရှင်တွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကို
မင်းသားချော တွမ်ခရုစ်က အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားတာကြောင့် မိုးအေးတဲ့နေ့လေးမှာ အက်ရှင်ကားချစ်သူ
များ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

ဧဒင်ရဲ့နတ်သမီး

ဇာတ်လမ်းကတော့ ကိုယ်ယောင်ဖျောက်နေတဲ့ ချစ်သူကို လိုက်လံရှာဖွေနေတဲ့ အဆိုတော်တစ်ယောက်ရဲ့ ရင်ခုန်စိတ် လှုပ်ရှားဖွယ်ရာ အခြေအနေ၊ လူသတ်မှုတစ်ခုနဲ့ လျှို့ဝှက်ကြံစည်မှုနောက်ကွယ်က အနုပညာရှင်များရဲ့ လှုပ်ရှားမှု စတာတွေကို အချိတ်အဆက်မိမိ ရိုက်ကူးထားတဲ့ မြန်မာရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ သားညီ၊ နေအောင်၊ ပိုင်ဖြိုးသု၊ မာရီကိုးလ်၊ မြနှင်းရည်လွင်၊ ၀င့်ယမုံလှိုင်နဲ့ မေဂရေ့စ်တို့က မြိုင်ဆိုင်စွာ အားဖြည့်ပါဝင်ထားကြပြီး မြန်မာပြည်တစ်ဝှန်းလုံးရှိ ရုပ်ရှင်ရုံများမှာ ရုံပြည့်ရုံလျှံ တစ်ခဲနက် အားပေးခံထားရတဲ့ ဇာတ်ကား ကောင်းတစ်ကား ဖြစ်တာကြောင့် မြန်မာကားချစ်သူများ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

READ
ဆက်စီပုံတွေတင်ပြီးUnblockလုပ်ပေးဖို့ မက်ဆီကိုတောင်းပန်ခဲ့တဲ့Miss Bum Bum

ကဲ ဒီလိုဇာတ်ကားကောင်းလေးတွေကို မိုးအေးအေးလေးမှာ မိမိရဲ့ဖုန်းလေးနဲ့ပဲဖြစ်ဖြစ်၊ tvတွေ tabletတွေနဲ့ ချိတ်ဆက်
ပြီးတော့ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ ကြည့်ရှုလိုသူတွေအတွက် အွန်လိုင်းအခပေး ရုပ်သံမီဒီယာ ၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ iflix နဲ့ မိတ်ဆက်ပေးလိုပါတယ်။ iflix ဟာ ရုပ်ရှင်ဇာတ်ကား အမျိုးအစားပေါင်းစုံ၊ နာမည်
ကျော်ဖျော်ဖြေရေး အစီအစဉ်များနဲ့ ကလေးများအတွက် သီးသန့်ဖျော်ဖြေရေးတွေကိုပါ တင်ဆက်ပြသပေးနေတဲ့ တရားဝင် မူပိုင်ခွင့်ရရှိပြီးသား အွန်လိုင်းရုပ်သံမီဒီယာဝန်ဆောင်မှု ဖြစ်ပါတယ်။ မိမိနှစ်သက်တဲ့ ဇာတ်ကားတွေကို
တစ်လလုံး အကန့်အသတ်မရှိ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုနိုင်ဖို့ တစ်လအတွက် ကျသင့်ငွေကတော့ သုံးထောင်ကျပ်သာ ဖြစ်ပါတယ်။ တစ်လချင်းလည်း ပေးဆောင်နိုင်သလို တစ်နှစ်စာ ကြိုတင်ဖြည့်သွင်းထားမယ်ဆိုပါက သုံးသောင်းကျပ်သာ ကျသင့်ပြီး နှစ်လစာ အထူးလျှော့ဈေး ရရှိမှာဖြစ်ပါတယ်။ လစဉ်ကြေးကိုတော့ နီးစပ်ရာ Red Dot
ဆိုင်များမှာ အလွယ်တကူ ၀ယ်ယူပြီး ဖြည့်သွင်းနိုင်ပါတယ်။

မိုဘိုင်းဖုန်းနဲ့ ထည့်သွင်းအသုံးပြုမယ့်သူတွေအတွက် Google Playstore နဲ့ itune Store တို့မှာ application
ဒေါင်းလုဒ်ရယူနိုင်ပြီး ၀က်ဘ်ဆိုဒ်မှတစ်ဆင့် သုံးစွဲမယ်ဆိုရင်တော့ www.iflix.com မှာ သွားရောက် sign up
လုပ်ကာ နှစ်သက်ရာ ဇာတ်ကားများကို HD အရည်အသွေးနဲ့ အကန့်အသတ်မရှိ ကြည့်ရှုနိုင်ပါတယ်။ မြန်မာစာတန်း
ထိုးလည်း ပါဝင်တဲ့အတွက် ဘာသာစကား အခက်အခဲကိုလည်း အဆင်ပြေစေပြီး ယခုလက်ရှိမှာလည်း မြန်မာနိုင်ငံနဲ့
မိတ်ဆက်အနေနဲ့ စတင်သုံးစွဲမယ့် အသုံးပြုသူတွေကို တစ်လအစမ်း ကြည့်ရှုခွင့် ပေးထားတာကြောင့် ရုပ်ရှင်ဝါသနာအိုး တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် Ooredoo ဆင်းမ်ကဒ်အသုံးပြုသူတွေအနေနဲ့ iflix နဲ့ Ooredoo တို့ ပူးပေါင်းထားတဲ့ အထူးအစီအစဉ်ကို ရရှိနိုင်ပါသေးတယ်။ Ooredoo ဆင်းမ်ကဒ်နဲ့ iflix application ကို ဒေါင်းလုဒ်ရယူပါက (၆)လ လစဉ်ကြေး ပေးစရာမလိုဘဲ သုံးစွဲခွင့်နဲ့ (၁)လလျှင် အင်တာနက် 1 GB နဲ့ (၆)လစာ 6 GB ရရှိနိုင်မှာ ဖြစ်ပါတယ်။ *600# ကို ဖုန်းခေါ်ဆိုလိုက်ရုံနဲ့ iflix application ကို Ooredoo ဆင်းမ်ကဒ်မှ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ အသေးစိတ်ကို http://bit.ly/iflixMm မှာ ၀င်ရောက်ဖတ်ရှုနိုင်ပြီး အစီအစဉ် ရယူပုံ အဆင့်ဆင့်ကို https://www.facebook.com/iflixmyanmar/posts/1950976671851929 မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။

Sponsored by iflix

SHARE