ဝက်ခြံတွေ အရှင်းပျောက်သွားစေမယ့် မျက်နှာ ရေနွေးငွေ့ပေါင်းခံနည်း

ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတယ်ဆိုရင် မျက်နှာရေနွေးငွေ့ပေါင်းခံပေးလိုက်ပါ။ ဒီနည်းက ချွေးပေါက်တွေကိုလည်း သန့်စင်ပေးနိုင်ပြီး ၀က်ခြံတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးငွေ့ပေါင်းခံခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ …
– ချွေးပေါက်ထဲရှိနေတဲ့ အညစ်အကြေးတွေကို သန့်သွားစေတယ်
– သွေးလည်ပတ်မှု ကောင်းလာတယ်
– အသားအရေ အစိုဓာတ်ပြည့်လာစေတယ်
– အပန်းပြေစေတယ်

အိမ်မှာ မျက်နှာကို ရေနွေးငွေ့ပေါင်းခံကြည့်ရအောင် ….

stylecraze

-ရေနွေးကို ဇလုံတစ်ခုထဲ ထည့်ပြီး ရေနွေးငွေ့ အရမ်းမပူအောင်တော့ စောင့်ပေးရပါမယ်။
-ပြီးရင် မျက်နှာကို ဇလုံပေါ်ကပ်ပြီး ရေနွေးငွေ့ခံပေးပါ။ မျက်နှာနဲ့ဇလုံဟာ ရေနွေးငွေ့ခံဖို့ ကွက်တိမဖြစ်ဘူးဆိုရင် ရေနွေးငွေ့တွေအပြင်ကို ထွက်သွားနိုင်ပါတယ်။ ဒါကြောင့် ရေနွေးငွေ့တွေ အပြင်ကို ထွက်မသွားအောင် ခေါင်းပေါ်ကို ပ၀ါပတ်ထားလိုက်ပါ။
-(၅-၁၀)မိနစ်လောက် မျက်နှာပေါ် ချွေးစို့လာတဲ့အထိ ပေါင်းခံပေးရပါမယ်။
-ပေါင်းခံပြီးရင်တော့ မျက်နှာကို ပ၀ါဖြင့် အသာအယာလေး သုတ်လိုက်ပါ။

READ
မုန့်ဖုတ်ဆိုဒါက သင့်ဆံကေသာအတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ သင်သိပါသလား ?

အချိန်ဘယ်လောက်ထိ ပေါင်းခံနိုင်သလဲ ….

stylecraze

ရေနွေးငွေ့ပေါင်းခံနိုင်တဲ့အချိန်ကတော့ အသားအရေအမျိုးအစားပေါ် မူတည်ပြီး ကွာသွားပါတယ်။
– Normal/combination skin type အတွက်ကတော့ တစ်ပတ်ကို (၁)ကြိမ် ၊ (၁၂)မိနစ် လုပ်ပေးပါ။
– အသားခြောက်သူ အတွက်ကတာ့ တစ်ပတ်ကို (၂)ကြိမ် ၊ (၁၀)မိနစ် လုပ်ပေးပါ။
– အဆီပြန်သူ အတွက်တော့ တစ်ပတ်ကို (၂)ကြိမ် ၊ (၁၂)မိနစ် လုပ်ပေးပါ။
– sensitive skin သမားအတွက်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပေးပါ။

Hannwe Soe

SHARE