နာမည်ကျော် အိန္ဒိယမင်းသမီး Sunny Leone ပါဝင်သရုပ်ဆောင်ထားတဲ့ အမျိုးသားသုံး လိင်အကာအကွယ်ပစ္စည်း ( condom) ကြော်ငြာနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတိုင်ကြားမှုတွေကြောင့် အိန္ဒိယနိုင်ငံ ကြော်ငြာလုပ်ငန်းဆိုင်ရာကောင်စီ(ASCI)က ဒီလိုကြော်ငြာတွေကို ည (၁၀)နာရီကနေ မနက် (၆)နာရီအချိန်အတွင်းမှာသာ ပြသဖို့ အမိန့်ထုတ်လိုက်ကြောင်း သိရှိရပါတယ်။


ASCI က အဆိုပါ ကြော်ငြာနဲ့ပတ်သက်ပြီး တိုင်ကြားစာအမြောက်အမြားရရှိပြီးတဲ့နောက်မှာ သတင်းအချက်အလက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ” အကာအကွယ် ကွန်ဒုံးကြော်ငြာတွေဟာ အရွယ်ရောက်ပြီးသူတွေအတွက်သာ ရည်ညွန်းတဲ့အတွက် အဲဒီကြော်ငြာတွေကို ည (၁၀)နာရီနဲ့ နံနက် (၆)နာရီအကြားမှာသာ ထွက်လွှင့်သင့်ပါတယ်လို့ အကြံပြုပါတယ်” လို့ ရေးသားတင်ပြခဲ့ကြောင်းသိရှိရပါတယ်။