ရင်ဘတ်မှပေါင်ဂွကြားထဲအထိ ထုတ်ချင်းပေါက်ဝင်သွားခဲ့တဲ့ သံချောင်း

မကြာသေးခင်ကပဲ တရုတ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ ခြောက်ပေကျော်ရှည်တဲ့ သံချောင်းကြီး ပြုတ်ကျပြီး အောက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားရဲ့ ရင်ဘက်မှတင်ပါးအထိ ထိုးဖောက်ဝင်ရောက်သွားလို့ ဆရာဝန်တွေ အရေး
ပေါ်ခွဲစိတ်ဖယ်ထုတ်ပေးခဲ့ရပါသေးတယ်။

အခုလည်း အဲဒီတရုတ်နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာပဲ Wu Qiang အမည်ရ အလုပ်သမားတစ်
ယောက်ဟာ အဆောက်ဦပေါ်က ပြုတ်ကျစဉ်မှာပဲ အောက်က ရှိနေတဲ့ ပန်းလုံးသံချောင်းပေါ်ကို တည့်တည့်ကျမိ
ရက်သား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ကြည့်ရတာ အောက်ကို ဇောက်ထိုး ပြုတ်ကျပုံပါဘဲ။

ပန်းလုံးသံချောင်းဟာ သူရဲ့ဝမ်းဗိုက်ကနေ ဝှေးစေ့အိမ်အထိ ထိုးဖောက်ကာ ထွက်သွားပြီး အပြင်ဘက်မှာ နှစ်ပေခွဲ
လောက် ပိုထွက်နေပါတယ်။ သံချောင်းဟာ ၀မ်းဗိုက် ဘယ်ဘက်ခြမ်းတစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်သွားပြီး ဝှေးစေ့
အိမ်ကိုထိုးဖောက် အဆုံးသက်သွားတာ ဖြစ်ပါတယ်။

READ
ဖောက်ပြန်တဲ့မိန်းကလေးတစ်ဦးကို အခြားမယားကြီးများက ဝိုင်းဝန်းရိုက်နှက်ခဲ့

အသက် 36 နှစ်အရွယ် အလုပ်သမား Wu ဟာ ဖြစ်လျှင်ဖြစ်ချင်း သတိမေ့မျော့သွားခဲ့ပြီး ဆရာဝန်တွေက အဲဒီ သံချောင်းကိုဖယ်ရှားဖို့ တစ်နာရီလောက်အသုံးပြုပြီး ခွဲစိတ်မှုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ခဲ့တဲ့နေရာကတော့ Jiangsu
ပြည်နယ်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

ညီလင်းထက် (Shwemom)

source : metro.co.uk

SHARE