အခုစာဖတ်နေတဲ့ ပရိတ်သတ်တွေထဲမှာ အမြင့်ကြောက်တဲ့လူရှိလား။ ဒါဆိုရင်တော့ ဒီတံတားလေးကို ဓာတ်ပုံထဲမြင်မိရုံနဲ့တင် ကျောချမ်းသွားစေမယ်ဆိုတာ အာမခံပါတယ်နော်။
တံတလားလေးတည်ရှိနေတဲ့ နေရာကတော့ နော်ဝေးနိုင်ငံမှာပဲဖြစ်ပါတယ်။ နော်ဝေးရဲ့ Voringsfossen ရေတံခွန်ကြီးဟာ အရင်ကတည်းကိုက ခရီးသွားတွေအတွက် လည်ပတ်စရာနေရာတစ်ခုဖြစ်နေခဲ့တာပါ။ ဒီနေရာမှာ အရင်တုန်းကတော့ တံတားမရှိပေမယ်လို့ ဗိသုကာပညာရှင်တစ်ဦးရဲ့ စိတ်ကူးကြောင့် အဲဒီနေရာမှာ တံတားလေးဆောက်ဖို့အတွက် စီစဉ်ခဲ့ပါတော့တယ်။
View this post on Instagram
တံတားလေးကတော့ ရေတံခွန်တစ်ဖက်ကနေပြီး နောက်ထပ်တောင်တစ်ဖက်ဆီကို လမ်းလျှောက်ပြီး သွားလို့ရမယ့် တံတားသေးသေးလေးပေါ့။ ဒီတံတားလေးကိုတော့ ၂၀၁၈ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ ခရီးသည်တွေသွားလာဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။
ဒီဇိုင်းကိုတော့ ဗိသုကာပညာရှင်တစ်ဦးဖြစ်တဲ့ Norwegian Carl-Viggo Holmebakk က ဖန်တီးခဲ့တာဖြစ်ပါတယ်။ တံတားအရှည်ဟာ ၄၇ မီတာတောင် ရှိပါတယ်တဲ့။ နောက် တံတားတစ်ခုလုံးကို လူတွေလမ်းလျှောက်လို့ရအောင် လှေခါးထစ်လေးတွေနဲ့ ထားရှိပေးထားပြီး လှေခါးထစ်ပေါင်း ၉၉ ထစ်တောင်ရှိနေပါတယ်။
View this post on Instagram
ရေတံခွန်မှာရှိနေတဲ့ ဒီတံတားလေးကိုလာလည်မယ့်လူတွေအတွက် ကားပါကင်လည်းအဆင်သင့်လုပ်ပေးထားပါသေးတယ်။ ချောက်ကမ်းပါးကြီးကိုခွပြီး လှေခါးတံတားလေးထိုးထားတဲ့အတွက်ကြောင့် တံတားရဲ့ခိုင်ခံ့မှုကိုတော့ ဆောက်လုပ်ရာမှာ ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ အကြိမ်ကြိမ်အခါခါ စမ်းသပ်ပြီး စိတ်ချရပြီးကာမှ လူတွေကို တက်ခွင့်ပေးခဲ့တာပါတဲ့။
penny