ရိုမက်တစ်ဆန်ဆန် က,ဖို့ကြိုးစားစဉ် အချင်းချင်းပိပြီး သတိမေ့သွားတဲ့ စုံတွဲ

Sharon Price နဲ့ Andy Price တို့ မင်္ဂလာဆောင်လုဆဲဆဲ အတွဲကတော့ ကံကောင်းလို့ မသေတာလို့ ဆိုရမှာပါ။ သူတို့နှစ်ယောက်ဟာ Dirty Dance လို့ ခေါ်တဲ့ အကကို ရိုမက်တစ်ဆန်ဆန် ကဖို့ အစမ်းသဘောအနေနဲ့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သတို့သမီးလောင်း Sharon ရဲ့ လေးလံလှတဲ့ ခန္ဓာကိုယ်ကြီးကို Andy က မနိုင်မနင်းဖြစ်ပြီး နှစ်ယောက်သား ပိကာ သတိမေ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

Dirty Dance အကဟာ 1987 နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ဝင် အကအဖြစ် စတင်ထင်ရှားလာတဲ့ အကဖြစ်ပြီး၊ နောက်ပိုင်းမှတော့ ဘဲလေးစုံတွဲအက၊ ရေခဲပြင် စုံတွဲစကိတ်အက စသည်တို့နဲ့ ပေါင်းစပ်ကာ လှပတဲ့ ကကွက်တွေအဖြစ် လူထုကြားထဲကို ရောက်လာတဲ့ အက ဖြစ်ပါတယ်။

ယေဘုယျအားဖြင်တော့ အမျိုးသမီးကို လေပေါ်မှာ မြှောက်မထားရတဲ့ ကနည်းဖြစ်ပါတယ်။ ဒီအကနဲ့1987 မှာ Dirty Dance နဲ့ အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ မင်းသားနဲ့ မင်းသမီးကတော့ Patrick Swayze နဲ့ Jennifer Grey တို့ ဖြစ်ပါတယ်။ သူတို့ဟာ ဒီကကွက်နဲ့ လိုက်ဖက်စွာတီထွင်ထားတဲ့ သီချင်းတွေနဲ့အတူ ပရိသတ်ကို စွဲဆောင်နိုင်ခဲ့ပါတယ်။

READ
ပထမကလေးမွေးပြီး(၆)ရက်အကြာမှ နောက်နှစ်ယောက် ထပ်မွေးခဲ့တဲ့ အမျိုးသမီး

ဒီအကကို ကဖို့အတွက် စုံတွဲဟာ တစ်ဦးနဲ့တစ်ဦး လုံလောက်တဲ့ အကွာအဝေး ရှိရမည်ဖြစ်ပြီး၊ အမျိုးသမီးက တုန့်ဆိုင်းခြင်းမရှိဘဲ အမျိုးသားဆီကို ခပ်သုတ်သုတ်လေး ပြေးသွားရမှာပါ။ တကယ်လို့ ဒီနေရာမှာ တုန့်ဆိုင်းလိုက်တာနဲ့ သူမရဲ့ ခန္ဓာကိုယ်ကို ချီမမယ့် အမျိးသားကို ဟန်ချက်ပျက်သွားစေပြီး၊ အခက်အခဲ ဖြစ်စေပါတယ်။

ယင်းနောက် အမျိုးသားဟာ ဒူးတစ်ဖက်ကို ကွေးပြီး၊ ကျန်တဲ့ဒူးတစ်ဘက်ကို နောက်တွင်ချန်ကာ အနည်းငယ် ကွေးညွှတ်လျှက်၊ အမျိုးသမီးရဲ့ ခါးကို တစ်ဖက်တစ်ချက်စီမှာ မြဲအောင် ကိုင်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးဟာ ဒီအချိန်မှာ ပျော့ပျော့ပြောင်းရှိနေရမယ် ဖြစ်ပြီး၊ အမျိုးသားက မချီလိုက်တာနဲ့ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းထားနိုင်ရမှာ ဖြစ်ပါတယ်။

အထက်ပါ နည်းလမ်းတွေကို တိကျစွာ မလိုက်နာနိုင်ခဲ့တဲ့ Andy နဲ့ Sharon တို့ကတော့ ဆေးရုံအထိ ပို့ခဲ့ရပြီး၊ အခုလောလောဆယ်တော့ သက်သာရာရပြီလို့ သိရပါတယ်။ သေချာတာကတော့ သူတို့နှစ်ယောက် ဒီ Darty Dance ကို ပြန်ပြီး လေ့ကျင့်မှာ မဟုတ်တော့ဘူးဆိုတာပါဘဲ။

READ
အသက်၂၀နဲ့၃၀ကြား အမျိုးသမီး ၅၀% အထိ ဝက်ခြံပြဿနာကို ခံစားနေရ

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE