ကိုယ့်သွေးသားမဟုတ်ပေးမယ့် သွေးသားထက်ပိုတဲ့ မေတ္တာကို ခံစားခဲ့ရတဲ့ ဖခင်

Sophia Wilcox/Facebook

လွန်ခဲ့တဲ့ အဖေများနေ့က ဖခင်တစ်ယောက်ဟာ နောက်အိမ်ထောင်မှာပါလာခဲ့တဲ့ သမီးဖြစ်သူကြောင့် ကြည်နူးမျက်ရည်တွေ ဝေခဲ့ရပါတယ်။

Maryland မြို့က အသက် ၄၆ နှစ်အရွယ် Brain Sandusky ဆိုသူဟာ မယားပါ သမီးဖြစ်သူ Sophia Wilcox ရဲ့ ရင်ထဲထိရှတဲ့ လက်ဆောင်ကို ရရှိခဲ့တာဖြစ်ပြီး ဒါ သူတစ်ချိန်က လုပ်ပေးဖူးခဲ့တဲ့ အရာလေးတွေကို တန်ဖိုးထားစုစည်းထားတာဖြစ်ပါတယ်။

Sophia Wilcox/Twitter

လက်ရှိမှာ အသက် ၂၀ အရွယ်ရှိပြီး The University of Maine မှာ ပညာသင်ကြားနေတဲ့ Sophia က သူမ အလယ်တန်းကျောင်းသူ ဘ၀ထဲက  တစ်လျှောက်လုံး ပထွေးဖြစ်သူဆီကနေ အားပေးလှုံ့ဆော်တဲ့ စာတိုလေးတွေကို နေ့တိုင်းလက်ခံရရှိခဲ့ဖူးပါတယ်။

Sophia Wilcox/twitter

ဒီလိုနဲ့ ခြောက်နှစ် ကျော်လွန်လာခဲ့ပြီးချိန်၊ အဖေများနေ့မှာ Sophia က စာတိုလေးတွေ အကုန်လုံးကို စုထားပြီး လက်ဆောင်အဖြစ် ဖန်တီးပြီး ပြန်ပေခဲ့ပါတယ်။ သူမက အဲ့ဒီနေ့ရဲ့ အခိုက်အတန့်ကိုလည်း ဗီဒီယိုရိုက်ထားခဲ့ပြီး တွစ်တာပေါ်ကနေ ဖော်ပြခဲ့တယ်။

READ
သာမန်မွေးကင်းစကလေးရဲ့ ခန္ဓာကိုယ်အလေးချိန်ထက် (၂)ဆရှိတဲ့ ၀တုတ်မလေး
Sophia Wilcox/twitter

ကြည်ရှုသူ ၁၀၀၀၀၀ ကျော်ရှိသွားခဲ့တဲ့ ဒီဗီဒီယိုမှာ Brian တစ်ယောက် ဘယ်လိုမှ မျက်ရည်တွေကို ထိန်းချုပ်ထားဖို့ မမှီလိုက်နိုင်တာကို တွေ့မြင်ရမှာပါ။ မွေးအဖေမဟုတ်တဲ့တိုင် အဖေတစ်ယောက်ရဲ့ ၀တ္တရားကို ကျေပွန်ပြီး ဖခင်မေတ္တာကို ပြသခဲ့တဲ့ Brian ဟာ စကားလုံတွေရှာမရဖြစ်ခဲ့ရတယ်။

Sophia Wilcox/twitter

Brian ဟာ ကားအစိတ်အပိုင်း လုပ်ငန်းမန်နေဂျာတစ်ယောက်ဖြစ်တယ်။ အရင် ခက်ခဲချိန်တွေထဲမှာ အားပေး၊ မေတ္တာပြတဲ့ စာတိုလေးတွေက ဘ၀မှာ အရေးပါခဲ့ပြီး သိပ်တန်ဖိုးထားကြောင်း Sophia က ပြောပါတယ်။ သူမအနေနဲ့ ဘယ်လောက်အချစ်ခံရတယ်၊ ဘယ်လောက် ဂရုစိုက်ခံရတယ်ဆိုတာကို စာတိုလေးတွေက အမြဲအသိပေးနေခဲ့တယ်။

Sophia Wilcox/twitter

ဒါတွေကြောင့်ပဲ Sophia က အကုန်စုထားခဲ့ပြီး အခုလို လက်ဆောင်အဖြစ် ပြန်ပေးခဲ့တာဖြစ်ပါတယ်။ သူမက ကြည့်ရှုတဲ့ လူအားလုံးကိုလည်း အကောင်းမြင်၊ ယုံကြည်စိတ်တွေ ဖြစ်ပေါ်စေဖို့အတွက် ရည်ရွယ်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

READ
လူကောင်သေးပေမယ့် ပုံမှန်လူတွေထက်ကို စီးပွားရှာကောင်းနေတဲ့ အမျိုးသား

 

Matthew (ShweMOM)

 

SHARE