ဂိမ်းချန်ပီယံအမျိုးသမီး ဖွင့်ဟလိုက်တဲ့ Ubisoft ဂိမ်းကုမ္ပဏီရဲ့ လိင်အမြတ်ထုတ်မှုအကြောင်း

Instagram/StephanieHarvey

Stephanie Harvey ဆိုတာ ဂိမ်မာတွေ သတိထားမိကြမယ့် လူတစ်ယောက်ပါ။ သူမဟာ အသက်(၃၄)နှစ်ဖြစ်ပြီး၊ ကမ္ဘာ့အဆင့် Counter Striker ဂိမ်းပြိုင်ပွဲတွေမှာ ငါးထပ်ကွမ်းချန်ပီယံ ဖြစ်ထားသူပါ။ သူမဟာ Ubisoft ဂိမ်းကုမ္ပဏီမှာ (၂၀၀၉)ခုနှစ်က ဝင်ရောက်ခဲ့ပြီး၊ ကနေဒါနိုင်ငံ၊ မောင့်ရီးယဲမြို့မှာ ရုံးထိုင်ခဲ့ရပါတယ်။

သူမဟာ အဲဒီမှာ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ လိင်ပိုင်းအမြတ်ထုတ်မှု ခံခဲ့ရတာလို့ ဆိုပါတယ်။ ထိုစဉ်က သူမဟာ အသက်(၂၃)နှစ်သာ ရှိသေးပြီး လိင်ပိုင်းစော်ကားမှုတွေသာမက လိင်ခွဲခြားဆက်ခံရမှုလည်း နေ့စဉ်နေ့တိုင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

https://www.instagram.com/p/CBTCz0rjHLU/

ဒီလို ဆိုးရွားလှတဲ့လုပ်ရပ်တစ်ခုလုံးကို ယခင်လုပ်ဖော်ကိုင်ဘက်ဟောင်းတွေသာမက Video game industry တစ်ခုလုံးပါ လှိုက်စားနေခဲ့တာလို့ သူမက ပြောပါတယ်။ ဒီလိုထုတ်ဖော်လိုက်မှုတွေကြောင့် ကမ္ဘာတဝှမ်းကို တုန်လှုပ်စေခဲ့ပါတယ်။ Ubisoft ဂိမ်းကုမ္ပဏီဟာ ပြင်သစ်မှာ ရုံးချုပ်ဖွင့်လှစ်ထားပြီး၊ ကမ္ဘာအကြီးဆုံး ဂိမ်းကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ပါ။

Harvey က ဒါဟာ အဲဒီကုမ္ပဏီအတွင်းမှာ လှိုက်စားနေတဲ့ လိင်ပိုင်းအလွဲသုံးစားလှုပ်မှုတွေရဲ့ အရိပ်အမြွက်သာ ရှိသေးတယ်လို့ ဆိုပါတယ်။ တခြားကြီးမားတဲ့ကုမ္ပဏီတွေအတွက်လည်း ကြီးမားတဲ့လှိုင်းတွေလို့ သူမက ပြောခဲ့ပါတယ်။ ဘာကြောင့်ဆို ဒီလိုဖြစ်ရပ်က Ubisoft ဂိမ်းကုမ္ပဏီတစ်ခုတည်းတင် ဖြစ်နေတာမဟုတ်ပါဘူး။

View this post on Instagram

they talk about my headshots papap

A post shared by missharvey (@stepharvey) on

သူမရဲ့ ဖွင့်ဟပြောဆိုမှုတွေက “ကြီးမားတဲ့အရွေ့”ကို ဦးတည်ရည်ရွယ်ကြောင်း Harvey က ပြောပါတယ်။ သူမက တခြား ဖွင့်ဟလိုတဲ့လူငယ်တွေကို လမ်းစအသစ်ဖွင့်ပေးလိုက်တဲ့သဘောမျိုးဖြစ်ပြီး၊ “ အွန်လိုင်းပေါ်မှာကော … အင်တာနက်ပေါ်မှာကော … နောက် streaming အကြီးအကျယ်လုပ်နေတဲ့ ကုမ္ပဏီတွေမှာကော နောက် YouTube သမားတွေမှာကော သက်ရောက်နေတာပါ ”လို့ ပြောခဲ့ပါတယ်။

တခြားဘဝတူအမျိုးသမီးတစ်ယောက်ကလည်း သတ္တိရှိစွာ ဖော်ထုတ်ခဲ့ပြီး သူမ အဲဒီမှာရှိနေတုန်းက တင်ပါးတွေကို လက်နဲ့ဆိတ်ခံရသလို၊ ရင်သားတွေကိုလည်း မဖွယ်မရာ ကိုင်တွယ်ခံခဲ့ရတယ်လို့ လူမှုကွန်ရက်ကနေ ဝန်ခံလိုက်ပါတယ်။ Ubisoft ဂိမ်းကုမ္ပဏီဘက်ကတော့ တုန့်ပြန်ဖြေရှင်းတာမျိုး မရှိသေးပါဘူး။

လင်းသူရိန်

SHARE