အဆက်ဟောင်းက ငွေတောင်းတဲ့ကိစ္စနဲ့ အမှုဖြစ်နေတဲ့ Stephen Chow

instagram/stephenchow622

ဟာသဘုရင် ရုပ်ရှင်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Stephen Chow Sing-chi ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဟောင်ကောင်တရားရုံးကို တက်ရောက်လာခဲ့ပါတယ်။ Chow ရဲ့ရည်းစားဟောင်းက ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖြစ် ဟောင်ကောင်ဒေါ်လာသန်း၇၀ (စင်္ကာပူဒေါ်လာ ၁၂.၁သန်း) တရားစွဲတောင်းဆိုတဲ့အမှုကြောင့်ပါ။

Chow ရဲ့ရည်းစားဟောင်း Alice Yu Man-fung က သူမနဲ့ Chow တို့ရဲ့နှုတ်ကတိနဲ့ပတ်သက်ပြီး ရုံးမှာ သက်သေထွက်ဆိုခဲ့တာပါ။ ၂၀၀၂ ခုနှစ်တုန်းက Alice ဟာ Chow ရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြံပေးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ လစဉ်လစာငွေ ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ ရရှိပါတယ်။ Alice က Chow ရဲ့ရင်းနှီးမြှုပ်နှံမှုအကျိုးအမြတ် ၁၀ရာခိုင်နှုန်းကို သူမကူညီလုပ်ကိုင်ပေးခဲ့တဲ့အလုပ်တွေအတွက် ကော်မရှင်အဖြစ်ပေးဖို့ ရုံးမှာ လျှောက်ထားခဲ့တာပါ။

Alice ရဲ့ ဥပဒေအကြံပေး Rimsky Yuen Kwok-keung SC ကတော့ Alice ဟာ Chow ရဲ့ရုပ်ရှင်စီးပွားရေးတွေနဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ အကူအညီပေးခဲ့ဖူးကြောင်းနဲ့ Alice ဟာ သူမရဲ့အချိန်ပြည့်အလုပ်ကိုထွက်ပြီးတော့တောင် Chow အတွက် ကူညီပေးခဲ့ဖူးကြောင်း ဖော်ပြထားပါတယ်။

READ
စမ်းချောင်းမြို့နယ်သူ/သားတွေဆီကို ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့တဲ့ ထက်ထက်ထွန်း

Chow နဲ့ Alice တို့ဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၀ခုနှစ်အထိ တွဲခဲ့ကြတာပါ။ Chow ဘက်က ဥပဒေအကြံပေး Bernard Man SC ကတော့ ပျော်ရွှင်နေတဲ့အချိန် ချစ်သူတွေ အချင်းချင်းကြားထဲပြောတဲ့ နှုတ်ကတိအပေါ် တကယ်ပဲ ဥပဒေသက်ရောက်မှုရှိလားဆိုပြီး မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

Chow ကတော့ ရင်းနှီးမြုပ်နှံငွေ၁၀ရာခိုင်နှုန်းကို ပေးမယ်ဆိုတာ သူကပဲ Alice ကိုစပြောခဲ့တာပါလို့ သက်သေထွက်ဆိုခဲ့ပါတယ်။ ၂၀၀၂ခုနှစ်မှာ သူတို့နှစ်ဦးဟာ ညစာစားပြီးတဲ့နောက် သူ့အိမ်ခန်းက လေသာဆောင်မှာ နှစ်ဦးသား မြို့ပြမြင်ကွင်းကိုကြည့်ကာ စကားပြောခဲ့ကြကြောင်း၊ ဝိုင်သောက်ပြီး သူ့ရဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုအိုင်ဒီယာတွေကို Alice ဆီ ပြောပြခဲ့ကြောင်း၊ Alice ရဲ့ သူ့အပေါ်မှာ ယုံကြည်ခဲ့၊ အားပေးခဲ့တာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ မေတ္တာလက်ဆောင်အဖြစ် ရင်းနှီးမြှုပ်နှံငွေ ၁၀ရာခိုင်နှုန်းပေးမယ်ဆိုပြီး ပြောခဲ့တာဖြစ်ကြောင်း Chow ကထွက်ဆိုခဲ့ပါတယ်။

Chow ဟာ Alice ရဲ့လုပ်အားကိုရယူပါမယ်ဆိုပြီး ဧပြီလ၁ရက်နေ့ ၂၀၁၂ တုန်းက ချုပ်ဆိုခဲ့တဲ့ Alice ကို လုပ်အားခကြေးငွေ တစ်လ ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ ပေးရမယ့် သဘောတူစာချုပ်ရှိကြောင်းကိုတော့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံငွေအကျိုးအမြတ် ၁၀ရာခိုင်နှုန်းကို Alice ဆီပေးရမယ်ဆိုတဲ့အချက်နဲ့ Alice ဟာ Chow အတွက် အလုပ်လုပ်ဖို့ သူမရဲ့လစာများတဲ့အလုပ်ကို စွန့်လွှတ်ခဲ့တယ်ဆိုတဲ့ အချက်တွေကိုတာ့ ငြင်းပယ်ခဲ့ပါတယ်။ “အဲ့ဒီတုန်းက ကျွန်တော် အဓိကရည်ရွယ်တာက Alice အပေါ်မေတ္တာရှိကြောင်းပြသတဲ့အနေနဲ့ ငွေလက်ဆောင်ပေးဖို့ပါ။ တရားဝင်စာချုပ်ဆိုတာ ထားလိုက်ဦး။ ကျွန်တော့်အတွက် အလုပ်လုပ်ပေးလို့ လုပ်အားခပေးတဲ့သဘောနဲ့ ပေးတာလည်း မဟုတ်ပါဘူး။” လို့ ထွက်ဆိုခဲ့ကြောင်းလည်း asiaone သတင်းအရ သိရပါတယ်။

READ
ကြွေရုပ်လေးအထား အထင်မှားရစေတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ ပွဲတက်ပုံရိပ်

ShweMom

SHARE