အက်ရှင်မင်းသားBruce Leeရဲ့ fan club ဥက္ကဌဖြစ်ခဲ့ဖူးတဲ့ ဟာသမင်းသားကြီးStephen Chow

ဟာသမင်းသားကြီးStephen Chowကတော့ အခုခေတ်လူငယ်ပရိသတ်တွေကြားမှာ သိပ်ပြီးတော့ လူသိမများတော့ပေမဲ့ တစ်ချိန်ကတော့ ဟာသဘုရင်တစ်ပါးအဖြစ် ပရိသတ်တွေကြားမှာ နာမည်ကျော်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ Chinese Odyssey, Fight Back to School စတဲဇာတ်လမ်းတွေနဲ့ နာမည်ကျော်တဲ့ မင်းသားကြီးတစ်ယောက်လည်းဖြစ်ပါတယ်။  သူ့ရဲ့ သရုပ်ဆောင်သက်တမ်းအတွင်းမှာလည်း ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

Mubi

ငယ်ငယ်ကလည်းက ကွန်ဖူးပရိသတ်တစ်ေ်ယာက်ဖြစ်ခဲ့ပြီး ကွန်ဖူးပညာကို ရူးသွပ်ခဲ့တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့လည်း ချို့တဲ့တဲ့ မိသားစုကမွေးဖွားလာတဲ့သူဖြစ်လို့ ကွန်ဖူးပညာကို လက်တွေ့ကျကျမသင်ယူနိုင်ခဲ့ပဲ တီဗီကနေ တစ်ဆင့် သင်ယူခဲ့ပါတယ်။ ကွန်ဖူးပရိသတ်တစ်ယောက်ဖြစ်တဲ့ Stephen Chow ကတော့ အက်ရှင်မင်းသားကြီး Bruce Leeကို အရူးအမူး အားပေးခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။Bruce Lee ရုပ်ထုကိုလည်း ဦးဆောင်ပြုလုပ်ခဲ့ပြီး ဟောင်ကောင်မှာရှိတဲ့ Bruce Lee fan club မှာဆိုရင်တော့ Stephen Chow က ဥက္ကဌဖြစ်ခဲ့ဖူးပါတယ်။

READ
ဟော်ကီပြိုင်ပွဲကို အတူတူလာရောက်ကြည့်ရှုခဲ့ကြတဲ့ Justin နဲ့ Hailey တို့ဇနီးမောင်နှံ
IMDb
McGill CS

Stephen Chowကတော့ ကွန်ဖူးအပြင် တရုတ်ရိုးရာ ကိုယ်ခံပညာတစ်ခုဖြစ်တဲ့ Wing Chunကိုလည်း သင်ယူခဲ့ပါတယ်။ ကိုယ်ခံပညာတော်တော်များများကို တက်ထားတဲ့အပြင် နာမည်ကျော်တစ်ယောက်လည်းဖြစ်တဲ့ Stephen Chow ကတော့ တရုတ်ပြည်က ရာဇဝတ်ဂိုဏ်းတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ကနေဒါကို ပြောင်းဖို့အတွက် နှစ်ကြိမ်တောင် ပယ်ချခံခဲ့ရဖူးပါတယ်။

The Wrap

Stephen Chowကတော့ လက်ရှိမှာ အသက် (၅၆) နှစ်ရှိနေပြီဖြစ်ပြီး ဒါရိုက်တာ၊မင်းသား၊ပရိုဂျူဆာ၊လုပ်ငန်းရှင်တစ်ယောက်အဖြစ် တွေ့ရတဲ့အပြင် နိုင်ငံရေး အကြံပေးတစ်ယောက်အဖြစ်လည်း ပြုလုပ်နေတာဖြစ်ပါတယ်။

Source:Good Feed

SHARE