အဆိုးမြင်စိတ်တွေကို ဘယ်လိုမောင်းထုတ်မလဲ

လှတဲ့မျက်လုံးနဲ့ကြည့်ရင် လှတယ်၊ အကောင်းဘက်ကတွေးရင် အကောင်းတွေချည်းပဲဆိုတဲ့စကားကိုကျွန်မတို့ပတ်ဝန်းကျင် မှာအမြဲတမ်းကြားနေရပါတယ်။ဟုတ်ပါတယ်၊ဒါပေမယ့်အဲဒီလိုအမြဲတမ်းလှတဲ့မျက်လုံးနဲ့မကြည့်နိုင်လို့အကောင်းမြင်စိတ် လေးနဲ့မတွေးနိုင်လို့အဆင်မပြေမှုတွေ၊ မလိုမုန်းထားမှုတွေနဲ့ ကျရှုံးမှုတွေဆိုတာရှိနေရတာပဲမဟုတ်ပါလား။ဒါကြောင့် အဲဒီလို မဖြစ်အောင် အဆိုးမြင်စိတ်တွေကို မောင်းထုတ်မှပဲရတော့မှာပါ။ဘယ်လိုနည်းလမ်းတွေကအထောက်အကူပေးနိုင်လဲဆို တာShwemomပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်။

(၁)အမြင်ကိုပြောင်းပါ

ရိုးရိုးရှင်းရှင်းလေးနဲ့လွယ်ကူတဲ့အလုပ်ဖြစ်ပေမယ့်လက်တွေ့လုပ်ဖို့ခက်ခဲပါတယ်။ဒါပေမယ့်အဲဒီလိုအဆိုးမြင်တဲ့စိတ်ကို ပြောင်းဖို့ဆိုရင်ဘယ်လိုကိစ္စ၊ဘယ်လိုအကြောင်းအရာမှာပဲဖြစ်ဖြစ်အရင်ကကိုယ်မြင်ခဲ့တဲ့အမြင်နဲ့မတူတဲ့ပုံစံဘက်ကိုပြောင်းဖို့ကအဓိကအရေးကြီးဆုံးပါပဲ။အဆိုးမြင်စိတ်ပျောက်ချင်ပေမယ့် စတွေးပြီ၊ မြင်ပြီဆိုတကတည်းက အကောင်းဘက်ကမတွေးဘဲ အဆိုးဘက်ကပဲတွေးရင် အဆိုးမြင်စိတ်တွေကကိုယ့်စိတ်ထဲမှာကြီးစိုးနေမှာပါပဲ။ဒါကြောင့်အရင်ကကိုယ်မြင်ခဲ့တဲ့ ပုံစံကိုသေ ချာပေါက်ပြောင်းလိုက်ရင် အဆိုးမြင်စိတ်လည်းပျောက်သွားမှာပါ။

(၂)ခံစားချက်တွေကိုထည့်စဉ်းစားပါ

တကယ်တော့အဆိုးမြင်တယ်ဆိုတာခံစားမှုတစ်ခုပါပဲ။ဒါကြောင့်ကိုယ်မြင်တဲ့အခါတစ်ဖက်လူရဲ့ခံစားချက်တွေကို နှလုံးသားနဲ့ခံစားပြီးမှ မြင်ပါ။ဥပမာကိုယ်ကတစ်ဖက်လူရဲ့ခံစားချက်တွေကိုထည့်မတွက်ဘဲကိုယ်မြင်တဲ့အတိုင်းပဲပြောလိုက်မိတယ်၊လုပ်လိုက်မိတယ်၊တွေးလိုက်မိတယ်ဆိုရင်အထင်လွဲစရာတွေရှိနိုင်တယ်အမှန်တရားကိုမမြင်သေးသရွေ့မသိသေးသရွေ့အဆိုး မြင်စိတ်ကကိုယ့်မှာကြီးစိုးနေရင် ကိုယ်ပဲ စိတ်ပင်ပန်းရမှာပါ။ဒါကြောင့်ခံစားချက်တွေကိုထည့်စဉ်းစားပါ။

(၃)အပိုင်းအကန့်များထားပါ

ခေါင်းစဉ်ဖတ်ရင်တော့ ဘာပြောလဲချက်ချင်းနားမလည်နိုင်ပေမယ့် ဆိုလိုရင်းကတော့ ကိုယ့်ရဲ့ဦးနှောက်ထဲမှာဖြစ်စေ၊ စိတ်ထဲ မှာဖြစ်စေအပိုင်းအကန့်လေးတွေထားဖို့ပါပဲ။အလုပ်ကစိတ်ပင်ပန်းစရာတွေကိုအိမ်ကိုခေါ်မလာသင့်သလိုအိမ်ရဲ့အဆင်မပြေမှုတွေကိုလည်းအိမ်မှာပဲထားခဲ့ပါ။အဲဒီလိုပဲဘယ်သူကတော့ဘယ်လိုဘယ်တုန်းကဘယ်လိုဆိုတဲ့နှိုင်းယှဉ်စဉ်းစားတာတွေအတတ်နိုင်ဆုံးမလုပ်ပါနဲ့။အထူးသဖြင့် အရာတိုင်းနီးပါးကိုလူတွေကဖန်တီးတာဖြစ်တဲ့အတွက်လူတွေနဲ့ပတ်သက်ပြီးနှိုင်းယှဉ် စဉ်းစားတာမျိုး၊ ရောထွေးလိုက်တာမျိုးမလုပ်တာအကောင်းဆုံးပါပဲ။

(၄)မနက်ခင်းတွေမှာ ယုံကြည်မှုနဲ့နိုးထပါ

နေ့တစ်နေ့ရဲ့အစဖြစ်တဲ့မနက်ခင်းတိုင်းကသာယာလှပမှတစ်နေကုန်အကောင်းဆုံးလုပ်နိုင်ဖို့စိတ်ကူးအကြံဥာဏ်သစ်တွေရရှိမှာပါ။ကိုယ့်ရဲ့စွမ်းဆောင်ချက်တွေကောင်းမွန်တဲ့အတွက် ကျန်တဲ့လူမှုဆက်ဆံရေးနယ်ပယ်မှာလည်းရင်းနှီးမှုကိုအကောင်း ဆုံးတည်ဆောက်နိုင်မှာပါ။ဒါကြောင့်သာယာလှပတဲ့မနက်ခင်းလေးကိုပိုင်ဆိုင်ဖို့ မနက်စောစော တရားထိုင်တာပဲဖြစ်ဖြစ်၊ အသိပညာဗဟုသုတရစရာသတင်းစာ၊ဂျာနယ်ဖတ်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်နှလုံးနဲ့ဦးနှော်က်ကိုလန်းဆန်းတက်ကြွ အောင်လှုံ့ဆော်ပေးပါ။ငါ့မှာဘာမှပြောစရာမရှိဘူးလို့လည်း စာနဲ့ချရေးထားပါ။အ ကောင်းဆုံးအတွေးအခေါ်တွေရရှိလာပါလိမ့်မယ်။

READ
လူအများ ကြိုက်လွန်းတဲ့ ချောကလက်ဆိုတာ ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ

အခုဖော်ပြခဲ့တဲ့အချက်လေးတွေကိုအတတ်နိုင်ဆုံးအလေ့အကျင့်လုပ်သွားမယ်ဆိုရင် ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ အဆိုးမြင်စိတ်တွေပျောက်သွားမှာပါ။

ChoChoThan(Shwemom)

ref:wallstreams.com

SHARE