ပီဇာလောကကို နယ်ချဲ့လာတဲ့ DJ လောကက ကြေးကြီးတဲ့ Steve Aoki

နာမည်ကျော် DJ နဲ့ music ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Steve Aoki ဟာ အနုပညာလောကမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်သလို တခြားသော အပြင် စီးပွားရေးလုပ်ငန်းတွေလည်း အများအပြားရှိသူဖြစ်တယ်။ (၂၀၁၈)ခုနှစ်ရဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး DJ စာရင်းမှာ အဆင့်(၄)ချိတ်သလို မြန်မာနိုင်ငံကိုလည်း လာရောက် ဖျော်ဖြေဖူးတဲ့ နာမည်ကျော် DJ တစ်ဦးပါ။

Twitter
Twitter
Twitter

မနှစ်ကမှာ စတင်ခဲ့တဲ့ သူ့ရဲ့ ပီဇာလုပ်ငန်းဟာလဆိုလည်း အခုဆို အောင်မြင်စပြုလာနေပြီး ပိုမို ချဲ့ထွင်လာနေပါတယ်။

pizzaoki

Aoki က ကမ္ဘာပေါ်မှာ အနုပညာကြေး အများဆုံးပေးရတဲ့ DJ  သမားတွေထဲမှာဆို နံပါတ် (၄) နေရာမှာ ရပ်တည်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လော့စ်အင်ဂျလိစ်မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အခုဆို Aoki က နိုင်ငံတလွှား တခြား နေရာ အရပ်တွေမှာပါ ဖွင့်ဖို့ စိတ်အားထက်သန်နေတယ်လို့ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်တွေမှာတွေ့ရပါတယ်။

ဆိုင်အသစ်တွေကို ပြီးခဲ့တဲ့ လက အောက်ကလန်းမြို့နဲ့ ဆန်ဒီယေးဂိုမြို့တွေမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ နောက်လမှာတော့ လတ်စ်ဗေးဂတ်စ် မြို့ရှိ Long Beach နဲ့ ချီကာဂိုမြို့တို့မှာ ဖွင့်လှစ်ဖို့ အစီအစဉ်ရှိကြောင်း အင်တာမှာလည်း ပိုစ့်တင်ပြီး ကြော်ငြာထားပါတယ်။

Aoki ရဲ့ ပီဇာဆိုင်က အိမ်တိုင်ရာရောက် ပိုဆောင်ပေးတဲ့ ၀န်ဆောင်မှုတစ်ခုသာ ပေးကြောင်း သိရသလို Los Angele’s Cloud Kitchens ဆိုတဲ့ အွန်လိုင်း စားသောက်ဆိုင် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းနဲ့ ချိတ်ဆက်ထားပါတယ်။ တခြားဝန်ဆောင်မှုပေးတဲ့ Postmates တို့ UberEats တို့နဲ့လည်း မှာယူနိုင်ကြောင်း သိရပါတယ်။

READ
Selena အတွက် အပြိုင်အဆိုင် ကျောက်ကပ်ထုတ်ပေးချင်နေတဲ့ JB နဲ့ The Weeknd
pizzaoki

လောလောဆယ် Lit herb infused dough with Mama Aoki’s homemade pizza sauce ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပီဇာအမျိုးအစား (၈) မျိုးရရှိနိုင်ပါတယ်။ ပီဇာနာမည်တွေကိုလည်း သူရဲ့ အနုပညာဘ၀နဲ့ ဆက်နွှယ်ပြီး အဆန်းကြီးတွေ ပေးထားပါသေးတယ်။ ဥပမာ pepperoni ဆိုရင် Steveroni တို့ဘာတို့ စသဖြင့် ဖန်တီးမှုအားကောင်းကောင်းနဲ့ လှုပ်ရှားနေပါတယ်။

pizzaoki

Pizzaoki ကို Aoki နဲ့ အတူ ပူးပေါင်းတည်ထောင်သူလည်းဖြစ် Family Style ရဲ့ တွဲဖက်လုပ်ငန်းရှင်လည်းဖြစ်တဲ့ Lawrence Vavra ဟာ ဘာကလေမြို့မှာလည်း မကြာခင်ဖွင့်နိုင်ဖို့ စီစဉ်နေကြောင်းသိရပါတယ်။

pizzaoki

Ref: Next Shark , Forbes

READ
ရာသက်ပန် "Most Iconic Voice" ဆုရှင်အဖြစ် မော်ဂန်ဖရီးမန်း မဲအများဆုံးရှိ
Matthew (ShweMOM)
SHARE