ကင်ညာနိုင်ငံအထိ ခရီးနှင်ပြီး ပုံတူပန်းချီကို ကိုယ်တိုင် သွားယူမယ့် Steve Harvey

[email protected]

Steve Harvey ရဲ့ ပုံတူဆွဲခဲ့တဲ့ ပန်းချီဆရာကို ကာယကံရှင် Steve Harvey ကိုယ်တိုင်က လာတွေ့ပြီး သူ့ရဲ့ပုံတူကိုလာယူမယ်လို့ ကြေညာခဲ့ကြောင်းကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီပုံတူပန်းချီကို ဆွဲတဲ့သူကတော့ ကင်ညာနိုင်ငံက ပန်းချီအနုပညာရှင်တစ်ဦးဖြစ်တဲ့ Collins Omondi Okello ပဲ ဖြစ်ပါတယ်။ Collins ရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါတယ်။ သူဆွဲထားတဲ့ Steve Harvey ရဲ့ ပုံတူကို Steve Harvey ကိုယ်တိုင် မြင်စေချင်တာပဲ။ ပထမဆုံး ပန်းချီတစ်ဝက်လောက်ပြီးနေတဲ့အချိန်မှာ သူ့ရဲ့ Twitter အကောင့်ကနေပြီးတော့ Steve ရဲ့ ပုံတူကို ရေးဆွဲနေတဲ့အကြောင်း ပို့စ်တင်ခဲ့ပါတယ်။ ပုံတူအပြီးသတ်ရေးဆွဲပြီးတဲ့အချိန်မှာတော့ Collins ဟာ သူ့ရဲ့ပုံတူလက်ရာကို Twitter အကောင့်မှာတင်ပြီး Steve ကို Tagg တွဲခဲ့ပါတယ်။

READ
ခရစ်ယာန် သီလရှင်ဝတ်စုံနဲ့ ဓားပြတိုက်ဖို့ ကြိုးစားသူနှစ်ဦးကို အမေရိကန်ရဲ ရှာဖွေနေ

 

“ Steve Harvey ရဲ့ ပုံတူကတော့ ပြီးဆုံးခဲ့ပြီ။ သူကိုယ်တိုင်ဒီပုံကိုမြင်ပြီး သူ့ဆီက တုန့်ပြန်မှုတစ်ခုခုရရင် ငါကျေနပ်ပါပြီ” ဆိုပြီး Collins က ပို့စ်တင်ခဲ့ပါတယ်။ Collins ဒီပို့စ်တင်ပြီး ၃ ရက်အကြာမှာတော့ Steve က Collins ရဲ့ ပုံအောက်မှာ မှတ်ချက်လာပေးခဲ့ပါတယ်။ “ ဒီပုံကိုငါအရမ်းကြိုက်တယ်။ ငါမကြာခင်မှာ ကင်ညဘက်လာဖို့ရှိတယ်။ ငါကိုယ်တိုင်မင်းဆီက ပန်ချီကားလာယူပါ့မယ်. စကားလေးဘာလေးအေးဆေးပြောကြတာပေါ့ကွာ” လို့ Steve က မှတ်ချက်ပေးခဲ့ပါတယ်။ Collins ကတော့ “ သူဒီလို comment ပေးဖို့ တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။ အခုသူက comment ပေးရုံသာမက ဒီကိုပါလာမယ်ဆိုတော့ ငါအရမ်းပျော်နေရပြီ” လို့ CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE