Steve Jobs ရဲ့ မြင်းစီးချန်ပီယံ သမီးချောလေး Eve Jobs

Apple ကုမ္ပဏီကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ခဲ့တဲ့ Steve Jobs ဟာ တစ်ကိုယ်ရည်သုံးကွန်ပြူတာတွေကို တခေတ်ဆန်းစေခဲ့သူ ဖြစ်ပါတယ်။ အခုတွေ့ရမှာကတော့ ဖခင်ရဲ့သွေးအပြည့်ပါတယ်လို့ ယူဆရတဲ့ Jobs ရဲ့ အငယ်ဆုံးသမီးလေး Eve ပဲ ဖြစ်ပြီး သူမရဲ့အကြောင်းကိုတော့ cnbc ကနေ အခုလို တွေ့ရှိရတာပါ။

Forbes သတင်းအရ Eve တို့မိသားစုဟာ ဘီလီယံဒေါ်လာ သန်း(၂၀) ကြွယ်ဝချမ်းသာကြောင်း သိရပါတယ်။ သူမဟာ Standford တက္ကသိုလ်ကျောင်းသူတစ်ဦးလည်း ဖြစ်ပြီး (၂၀၂၁) ခုနှစ်မှာ ဘွဲ့ရမှာ ဖြစ်ပါတယ်။ Eve ရဲ့ အင်စတာဂရမ်ပို့စ်ထဲမှာတော့ များသောအားဖြင့် ဓာတ်ပုံတွေဟာ သူမရဲ့တက္ကသိုလ်ကျောင်းသူဘ၀ကို ရည်ညွှန်းထားပါတယ်။ သိပ်မကြာခင်ကတော့ Eve ဟာ အီတလီနိုင်ငံ စစ္စလီကျွန်းက ပြာလဲ့နေတဲ့ ရေပြင်ကျယ်နောက်ခံနဲ့ လှေတစ်စီးပေါ်မှာ သူငယ်ချင်းတွေနဲ့အတူရှိနေတဲ့ ဓာတ်ပုံကို တင်ခဲ့ပါသေးတယ်။

READ
သခင်တွေပြောတဲ့စကားကိုခွေးတွေက နားလည်နိုင်စွမ်းရှိဟုသိပ္ပံပညာရှင်များဆို
Instagram/evecjobs

Eve ဟာ ဖခင်ဖြစ်သူရဲ့ ထူးချွန်ထက်မြက်နဲ့ ဥာဏ်ရည်နဲ့ ဇွဲလုံ့လတို့ကို ဆက်ခံခဲ့ပုံရပါတယ်။ သူမဟာ မြင်းစီးဝါသနာပါသူတစ်ဦးဖြစ်ပြီး မကြာခဏဆိုသလို မြင်းစီးပြိုင်ပွဲတွေတိုင်းမှာ အစွမ်းပြနိုင်သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကတော့ သူမဟာ ကန်တက်ကီပြည်နယ်မှာ ကျင်းပခဲ့တဲ့ Split Rock Jumping Tour မြင်းစီးပြိုင်ပွဲမှာ ဒေါ်လာ (၁၃၀,၀၀၀) ဆုကြီးကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သြဂုတ်လမှာတော့ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြင်းစီးပြိုင်ပွဲမှာ ပထမဆုဒေါ်လာ (၁၀၀,၀၀၀) ကို အရယူနိုင်ခဲ့ပါတယ်။

Instagram/evecjobs

“မြင်းစီးတာက ကိုယ့်ကိုကိုယ် ကျိုးနွံမှုဖြစ်စေပါတယ်။ ကိုယ်ကြိုးစားထားတဲ့အရာတွေက အသီးအပွင့်ပွင့်လာတာကို မြင်ရတာလည်း ၀မ်းသာစရာပဲလေ။ ဒါပေမယ့် အမြဲတမ်း ပြိုင်ပွဲမှာ ထိပ်ဆုံးကပဲ ဖြစ်နေဖို့ ကြိုးစားအားထုတ်မှုတော့ လိုတာပေါ့။ မြင်းစီးတာက ကျွန်မအတွက် လွတ်လပ်မှု၊ အာရုံစူးစိုက်မှုနဲ့ သည်းခံမှုကို ဖြစ်စေပါတယ်…” လို့ Eve က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

READ
၁၇ နှစ်အတွင်း မိန်းကလေးတွေကို အကြိမ်ပေါင်းထောင်ကျော် အဓမ္မပြုကျင့်ခဲ့သူ ပြစ်ဒဏ်ချမှတ်ခံရ
Instagram/evecjobs

Eve ဟာ လက်ရှိမှာတော့ မီယာမီတက္ကသိုလ်က စီးပွားရေးကျောင်းသား Eugenio Garza Pérez နဲ့ ချစ်ကြိုက်နေပါတယ်။ Eve မှာ Reed အမည်ရှိတဲ့ အသက်(၂၆) နှစ်အရွယ် အစ်ကိုတစ်ယောက်၊ Erin အမည်ရှိတဲ့ အသက်(၂၂) နှစ်အရွယ် အစ်မတစ်ယောက်နဲ့ ဖအေတူမအေကွဲအမဖြစ်တဲ့ အသက်(၃၉) နှစ်အရွယ် Lisa တို့ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE