စတိဗ်ဂျော့ဘ် ပိုင်ဆိုင်သမျှစည်းစိမ်တွေကိုလှူဒါန်းမယ်ဆိုတဲ့ စတိဗ်ဂျော့ဘ်ရဲ့ဇနီးသည်

instagram/steve_paul_jobs, instagram/laurenepowelljobs

လော်ရင်းပိုဝဲလ်ဂျော့ဘ်ဟာ ကမ္ဘာကျော်နည်းပညာကုမ္ပဏီ Apple ကိုပူးတွဲတည်ထောင်ခဲ့သူ စတိဗ်ဂျော့ဘ်ရဲ့ဇနီးသည်ဖြစ်ပါတယ်။ (၂၀၁၁) ခုနှစ်မှာ စတိဗ်ကွယ်လွန်ပြီးနောက်ပိုင်း လော်ရင်းက စတိဗ်ရဲ့ပိုင်ဆိုင်မှုတွေကိုဆက်ခံခဲ့ပါတယ်။ အသက် (၅၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့သူမဟာ ကမ္ဘာမှာ (၃၆) ယောက်မြောက် ချမ်းသာကြွယ်ဝသူပုဂ္ဂိုလ်ဖြစ်နေပြီး ပရဟိတသမားဘီလျံနာတစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ပိုင်ဆိုင်မှုစည်းစိမ်ဟာ အမေရိကန်ဒေါ်လာ(၂၅) ဘီလီယံရှိတယ်လို့ Bloomberg Billionaire Index အရ သိရပါတယ်။

အခုအခါမှာတော့ လော်ရင်းက သူမပိုင်ဆိုင်သမျှစည်းစိမ်တွေကို အားလုံးပေးပစ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ခဲ့ကြောင်း news.au.com က ဆိုပါတယ်။

View this post on Instagram

President Trump's attacks against the press are "right out of a dictator's playbook. That’s what people do to consolidate power. I think the undermining of the media in the last two years is unprecedented and really scary," Laurene Powell Jobs, founder of @EmersonCollective, said on the #LWTSUMMIT stage with @KaraSwisher.⁣ ⁣ During their conversation, they talked about the role of art and journalism in a healthy democracy, as well as how her organization's work is moving that mission forward ➡️⁣ ⁣ Tap our bio link to watch the full interview.⁣ .⁣ .⁣ .⁣ .⁣ .⁣ .⁣ .⁣ #laurenepowelljobs #emersoncollective #freepress #tech #techconference #womenintech #techie #techies #techlife #technews #lesbianpride #transpride #lgbtpride #lgbtq #nonbinary #womenwhocode #womeninbusiness #queerwomen #womensupportingwomen #womenempowerment #womenempoweringwomen #womeninstem #sanfrancisco #sfevents #lgbtevents #queerwomencode #WomenInScience #karaswisher #recodedecode

A post shared by Lesbians Who Tech + Allies (@lwtech) on

“ကျွန်မဒီစည်းစိမ်တွေကို ကျွန်မယောက်ျားဆီက ရခဲ့တာ။ ကျွန်မအမျိုးသားက ပိုက်ဆံချမ်းသာတာ ၊ ငွေစုဆောင်းရတာကို ဂရုစိုက်တဲ့လူမဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း သူရှာထားတဲ့ ဒီပိုက်ဆံတွေနဲ့ သားစဉ်မြေးဆက်ချမ်းသာအောင်နေသွားဖို့ အစီအစဉ်မရှိပါဘူး။ ဒါကိုကျွန်မကလေးတွေလည်း သိတယ်။ ဒီစည်းစိမ်တွေက ကျွန်မအသက်ရှင်နေသရွေ့ပဲရှိမှာပါ…” လို့ သူမက ပြောပြပါတယ်။

READ
ဖခင်အတွက်လက်စားပြန်ချေဖို့အကြမ်းဖက်နည်းအသစ်တွေရှိဟု ဘင်လာဒင်၏သားကြုံးဝါး

လော်ရင်းဟာ စတိဗ်ဆုံးပါးပြီးနောက်ပိုင်းမှာ သူမစီးပွားရေးနဲ့ ပရဟိတလုပ်ငန်းကို အရမ်းစိတ်ဝင်စားလာတာပါ။ ခင်ပွန်းဖြစ်သူ စတိဗ်က အဆင့်မြင့်နည်းပညာနယ်ပယ်ထဲ iPod ၊ iPhone ၊ iPad တွေနဲ့ မိတ်ဆက်ပေးနေတဲ့အချိန်မှာ သူမဟာ College Track အမည်ရတဲ့ အဖွဲ့အစည်းတစ်ခုကိုထူထောင်ခဲ့ပါတယ်။ ၄င်းအဖွဲ့အစည်းဟာ ပညာဆက်လက်သင်ကြားဖို့ အခက်အခဲဖြစ်နေတဲ့လူငယ်တွေကို ကောလိပ်ဆက်တက်နိုင်အောင် ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

လော်ရင်းဟာ နိုင်ငံရေးကို စိတ်ပါဝင်စားသူတစ်ဦးဖြစ်ပြီး လွတ်လပ်တဲ့ဂျာနယ်လစ်ဝါဒကို အားပေးထောက်ခံသူလည်း ဖြစ်ပါတယ်။ သူမက “လူသန်းပေါင်းများစွာစုပေါင်းပြီးရှာဖွေထားတာနဲ့တူတဲ့ ချမ်းသာကြွယ်ဝမှုကို လူတစ်ယောက်တည်းက စုဆောင်းထားတာမျိုးဟာ မဖြစ်သင့်ဘူး။ ဒါဟာ မမျှတဘူး။ လူ့အဖွဲ့အစည်းမှာ တစ်ဦးတစ်ယောက်တည်းက ငွေတွေအများကြီးပိုင်ဆိုင်ထားတာမျိုးက အန္တရာယ်ရှိတယ်။ ဒီလိုမဖြစ်သင့်ဘူး..” လို့လည်း Times သတင်းကို ပြောပြခဲ့ပါသေးတယ်။

READ
စုံတွဲပုံကို ကာတွန်း(၁၀)ကားထဲက ပုံစံမျိုးစုံနဲ့ ပုံတူဆွဲပြီး ချစ်သူကို surprise လုပ်ခဲ့သူ

လင်းလင်း (ShweMom)

SHARE