အိုမင်းလာတဲ့ တိရိစ္ဆာန်တွေကို ကြင်နာစွာ စောင့်ရှောက်ပေးနေတဲ့ အမျိုးသား

တိရစ္ဆာန်လေးတွေဟာ အိုမင်းလာတဲ့အမျှ အသက်ရှင်ရမယ့်နေ့တွေထဲမှာ သူတို့အပေါ် ချစ်ခြင်းမေတ္တာနဲ့ နှစ်သိမ့်မှုတွေ တဖြည်းဖြည်းလျော့ပါးလာတာကို ကောင်းကောင်းခံစားတတ်ကြပါတယ်။ ဒါတကယ်လည်း တော်တော်စိတ်မကောင်းစရာပါ။ Steve Greig ဆိုတဲ့ အမျိုးသားကတော့ သူသိပ်ချစ်ရတဲ့ ခွေးကလေး Wolfgang သေသွားတဲ့နောက်မှာ ဒီအဖြစ်အပျက်တွေကို ပြောင်းလဲပစ်ဖို့ အတွေးတစ်ခုကို ရရှိခဲ့ပါတယ်။ သူဟာ တိရစ္ဆာန်စောင့်ရှောက်ရေး ဂေဟာတွေကို သွားရောက်ပြီး အသက်အကြီးဆုံးနဲ့ စောင့်ရှောက်ခံရမှု အနည်းဆုံးကောင်လေးတွေကို ရွေးချယ်ပြီး မွေးမြူဖို့ရှာဖွေရေးထွက်ခဲ့ပါတယ်။

တိရစ္ဆာန်ပိုင်ရှင်အများစုဟာ တစ်ကောင်သေလို့ နောက်တစ်ကောင်ထပ်မွေးဖို့ စဉ်းစားတဲ့အခါ တော်တော်စိတ်ထိခိုက်ရပါတယ်။ ဒီသဘောကို နားလည်တဲ့ Steve ရဲ့ တွေးခေါ်ပုံကနည်းနည်းလေးတော့ ထူးထူးခြားခြားဖြစ်နေပါတယ်။

သူတို့လေးတွေ သေသွားတဲ့ အခါမှာ ရရှိတဲ့ နာကျင်မှုက အရမ်းပြင်းထန်းပါတယ်။ လူတိုင်းကလည်း ဒီလိုအသည်းကွဲရခြင်းကို ဖြစ်တဲ့နည်းနဲ့ ရှောင်လွှဲလေ့ရှိကြတယ်” လို့ Steve ကဆိုပါတယ်။ “ တစ်ကောင်သေသွားတဲ့အခါမှာ နောက်တစ်ကောင်ကို သူတို့နေရာမှာ နေခွင့်ပေးကြည့်ပါ။ အလွန့်အလွန် အာနိသင်ရှိပါတယ်။ ခင်ဗျားရဲ့ သေဆုံးသွားတဲ့ အကောင်လေးအတွက်ရော၊  ကိုယ်သိက္ခာတင်ပေးလိုက်တဲ့ ဒီလိုမျိုး အခွင့်အရေးမရခဲဖူးတဲ့ အကောင်လေးအတွက်ရော ဂုဏ်ပြုရာရောက်ရပါတယ်” လို့တစ်ဆက်တည်းပြောပြခဲ့ပါတယ်။

READ
ကမ္ဘာကျော် EDM ဒီဂျေတစ်ဦးဖြစ်သူ Avicii အိုမန်နိုင်ငံတွင် ကွယ်လွန်

ခွေးတွေရဲ့ စိတ်ခံစားချက်ကို တော်တော်လေး နားလည်ပုံပဲ

https://www.instagram.com/wolfgang2242/

ခွေးတွေဟာ မကြာကြာ တစ်ကောင်းချင်း သီးသန့် အကြီးအကျယ် ဂရုစိုက်ဖို့လိုအပ်တာကိုလည်း Steve ကကောင်းကောင်းနားလည်တယ်။ ဆေးဝါးတင်မဟုတ်ဘဲ၊ တခြားသော အပိုလိုအပ်တာတွေပါ လုပ်ပေးနေတယ်။ သူတို့လေးတွေနဲ့လည်း တော်တော်လေး ပျော်ရွှင်ကျေနပ်မှုရှိနေပြီး သူရဲ့ ပျော်ရွှင်မှုတွေကို (၇) သိန်းကျော်တဲ့ Instagram အားပေးသူတွေအား မျှဝေလျက်ရှိနေပါတယ်။

https://www.instagram.com/wolfgang2242/
https://www.instagram.com/wolfgang2242/
https://www.instagram.com/wolfgang2242/

တိရစ္ဆာန်တွေအများကြီးမွေးတာ Steve အတွက်တော့ ဘာမှမဆန်းပါဘူး။ ခွေးတွေအပြင် ကြက်၊ ယုန်၊ ၀က် စတဲ့အကောင်တွေပါ မွေးပါသေးတယ်။ ဒီလို အမျိုးကွဲတွေ မွေးတာတောင် အားလုံကို ချစ်ချစ်ခင်ခင် ရှိနေစေတာ သိပ်ထူးခြားပါတယ်။ Steve က သူတို့လေးတွေရဲ့ ခံစားချက်တွေကို နားလည်တယ်၊ တစ်ကောင်းချင်းစီရဲ့ တအားကောင်းတဲ့ ပင်ကိုစရိုက်တွေကို သတိထားမိတယ်။ သူတို့ရဲ့ တန်ဖိုးတွေကို တခြားသူတွေ သဘောပေါက်နားလည်အောင် ကူညီတယ်။ မွေးချင်တဲ့ သူတွေကိုလည်း ကိုယ်မွေးထားတဲ့ ကောင်တွေထဲက ပေးတယ်။ ဘယ်တော့မှလည်း မသမာတာတွေ မလုပ်တတ်ဘူး။ တိရစ္ဆာန်လေးအတွက် မေတ္တာတွေပေး၊ ဂရုစိုက်နေရရင် ပြီးနေတဲ့သူပါပဲ။

READ
ဖောက်ပြန်တဲ့ဇနီးနဲ့လင်ငယ်ကို လက်ပူးလက်ကြပ်ဖမ်းမိပြီး ပြင်းထန်စွာရိုက်ခဲ့တဲ့လင်ကြီး

သူ့အချစ်တော်တွေရဲ့ ပုံတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Selfie 😛

https://www.instagram.com/wolfgang2242/

ရုပ်တွေကိုရှိုး!

https://www.instagram.com/wolfgang2242/

အဲ့လိုချစ်တာ

https://www.instagram.com/wolfgang2242/

 

https://www.instagram.com/wolfgang2242/
https://www.instagram.com/wolfgang2242/

ပရိသတ်ကြီးလည်း ပုံလေးတွေကြည့်ပြီး ရင်ထဲမှာ နွေးနွေးလေးခံစားရမယ်လို့ ထင်မိပါတယ်။

Wolfgang ရဲ့ Instagram Link ပါ….

 

Matthew

SHARE