ငွေကြေးအခက်အခဲကြောင့် တန်ဖိုးမြင့်ဇိမ်ခံအိမ်ကြီးကို ပေါင်နှံခဲ့ရတဲ့ စတီဗင်ချောင်

[email protected]

စတီဗီချောင်လို့ ပြောလိုက်တာနဲ့ လူတိုင်းနီးပါး သိရှိကြမှာပါ။ ဟောင်ကောင်မင်းသားကြီး စတီဗင်ချောင်ဟာ အရမ်းတော်တဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်သလို ကျွန်တော်တို့ ငယ်ဘဝတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကြီးတစ်ယောကိုလဲ မမှားပါဘူး။ အခုအချိန်မှာတော့ စတီဗီချောင်တစ်ယောက်ဟာ ငွေရေးကြေးရေးပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး မကြာသေးခင်အချိန်ကလည်း အဆိုပါငွေကြေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဟောင်ကောင်မှာရှိတဲ့ သူ့ရဲ့ဇိမ်ခံအိမ်ကြီးတစ်လုံးကို ပေါင်ခဲ့ကြောင်း The Jakarta Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါအိမ်ကြီးဟာ square feet ပေါင်း ၆,၀၀၀ နီးပါးကျယ်ဝန်းပြီး ဟောင်ကောင်မြို့တစ်မြို့လုံးကို မြင်နိုင်မယ့် မြင်ကွင်းကောင်းကြီးကိုလည်း ပိုင်ဆိုင်ထားတဲ့ အိမ်တစ်အိမ် ဖြစ်ပါတယ်။ အဆိုပါအိမ်ကြီးကို အပေါင်ခံခဲ့တာက ဒီတစ်ကြိမ်ထဲတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်ကလည်း အဆိုပါအိမ်ကြီးကို ပေါင်နှံခဲ့ပြီး ၂၀၁၉ ခုနှစ်လောက်မှ အတိုးကော၊ အရင်းပါဆပ်ပြီး ပြန်ရွေးနိုင်ခဲ့တာပါ။ အခုလည်း ပြန်ရွေးပြီးလို့ သိပ်မကြာခင်မှာပဲ အဆိုပါအိမ်ကြီးကို (၂၀၂၀)ခုနှစ် မတ်လလောက်မှာ JPMorgan Chase Bank ကို ပေါင်နှံခဲ့တာ ဖြစ်ပါတယ်။

View this post on Instagram

#stephenchow_fans #stephenchow

A post shared by Stephen Chow Sing-Chi • 周星驰 (@stephenchow622) on

စတီဖင်ချောင်တစ်ယောက် ဒီလို အိမ်ပေါင်နှံနေတယ်ဆိုတဲ့ သတင်းကြားလို့ ဝယ်သူတစ်ယောက်ကလည်း အဆိုပါအိမ်ကြီးကို အမေရိကန်ဒေါ်လာ သန်း (၁၄၀) ကျော် ပေးဝယ်ခဲ့ပေမယ့် စတီဖင်ချောင်ကတော့ ရောင်းချခဲ့ခြင်း မရှိပါဘူး။ သတင်းဌာန တော်တော်များများကတော့ လက်ရှိ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန် ဖြစ်နေလို့စတီဗင်ချောင်တစ်ယောက်ဇာတ်ကားတွေ မရိုက်ရတဲ့အပြင် တစ်ဖက်မှာလည်း သူရဲ့ ချစ်သူနဲ့ တရားရင်ဆိုင်ဖြစ်နေရတာကြောင့် ငွေကြေးအခက်အခဲ ဖြစ်နေဖြစ်ကြောင်း ထင်ကြေးပေးခဲ့ကြပါတယ်။

ဟောင်ကောင်အိမ်ခြံမြေလောကရဲ့ နာမည်ကြီးအမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Yu Wenfeng ဟာ တစ်ချိန်က စတီဗင်ချောင်နဲ့ နှစ်ပေါင်းတော်တော်ကြာတွဲခဲ့ပြီး (၂၀၁၀) ခုနှစ်က ရည်းစားအဖြစ် နှစ်ဦးသဘောတူ ပြတ်စဲခဲ့တာဖြစ်ပါတယ်။ အခုလည်း နှစ်ပေါင်းများစွာ ကြာပြီးတော့မှ Yu Wenfeng ဟာ စတီဖင်ချောင်ကို ဟောင်ကောင်ဒေါ်လာသန်း(၈၀) လျောကြေးပေးဖို့ တရားစွဲဆိုခဲ့ပါတယ်။ စတီဖင်ချောင်တစ်ယောက်ဟာ Yu နဲ့ ငွေရေးကြေးရေးပြသနာပေါင်းများစွာရှိနေပြီး လာမယ့် ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလအတွင်း တရားရုံးမှာ အမှုရင်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။

READ
ဆေးရုံပြန်တင်လိုက်ရတဲ့ ကစ်ကစ်အတွက် ခင်သဇင် အလှူခံ

Pyi Hein Kyaw

SHARE