စတော့ဟုမ်းမြို့က ဒေါ်လာ၂၀၀ကျော်တန် ထူးထူးဆန်းဆန်း တစ်နပ်စာဟင်းပွဲများ

© Narain88/Pikabu

စတော့ဟုမ်းဟာ ခရီးသွာားတွေအတွက် စရိတ်စကသက်သက်သာသာနဲ့ လည်ပတ်စားသောက်သွားလာလို့ရနိုင်တဲ့ နေရာတစ်နေရာတော့မဟုတ်ပါဘူး။ အဲဒီအထဲကမှ တစ်နပ်စာကို ဒေါ်လာ ၂၀၀ နဲ့အထက် ကျသင့်တဲ့ နာမည်ကြီးစားသောက်ဆိုင်လေးအကြောင်း ပြေပြပေးချင်ပါတယ်။ ဆိုင်လေးဟာ The Michelin Guide လိုတဲ့ ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင် စာရင်းထဲမှာ ပါဝင်နေပြီး သူ့ဆီမှာ စားချင်တယ်ဆိုရင်တော့ အနည်းဆုံး(၁)လခွဲလောက် ကြိုတင်ဘိုကင်လုပ်ရမှာဖြစ်ပါတယ်။

၂၀ ရာစုကတည်းက တည်ရှိခဲ့တဲ့ဆိုင်လေးဟာ သူ့ရဲ့ ထူးထူးခြားခြားဧည့်ခံတဲ့ အစားအသောက်တွေကြောင့်ပဲ ခရီးသွားတွေကြားထဲ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့တာပါ။ ဈေးဟာ သာမန်မဟုတ်ဘဲ စားသောက်ဆိုင်ကြီးနဲ့ မတိမ်းမယိမ်းဖြစ်နေတာကြောင့် ဆိုင်လေးကတော့ ခမ်းနားမှာပဲလို့ မထင်မလိုက်ပါနဲ့ဦး။

The Michelin Guide ဟာ စားသောက်ဆိုင်တွေကို အဆင့်(၃)ဆင့်ခွဲ  ဖော်ပြပြီး ကြယ်(၃)ပွင့်၊ ကြယ်(၂)ပွင့်နှင့် ကြယ်(၁)ပွင့် ခွဲခြားပြီး ဖော်ပြပါတယ်။ အခု ဆိုင်လေးကတော့ ကြယ်(၁)ပွင့်အဆင့်ပါ။

© Narain88/Pikabu

ဆိုင်ကိုတွေ့တွေ့ချင်း အဝင်တံခါးဝမှာ ဆိုင်နာမည်ကို အခုလိုမျိုး အနီရောင်စတစ်ကာလေးကပ်ကာ ဖေဖ်ာပြထားပြီး လူ ၁၆ ယောက်သာ ထိုင်စားဖို့ ဆန့်ပါတယ်။ ဝန်းထမ်းတွေကတော့ အရောင်ရင့်ရင့် အင်္ကျီတွေကို ဝတ်ဆင်ထားပြီး အင်္ဂလိပ်စကားပြောတော့ တော်တော်လေးကို ကျွမ်းကျွင်ကြတာကြောင့် နိုင်ငံတကာခရီးသွားတွေအနေနဲ့ စိတ်ပူစရာတော့ မလိုအပ်လှပါဘူး။ ဥရောပအစားအသောက်တွေတည်ခင်းတဲ့အတွက် ဟင်းပွဲတစ်ပွဲချင်းစီ မှာလို့ရသလိုပဲ appetizer ကစလို့ dessert အထိ set လိုက်နဲ့လည်း မှာလို့ပါတယ်။ ဒီတော့ သူ့ဆိုင်က အကောင်းဆုံးဆိုတဲ့ set menu လေးကို တစ်ချက်လောက် ကြည့်လိုက်ကြရအောင်ပါနော်။

READ
(၂၀၁၉) ခုနှစ် National Geographic Travel မှ ဆန်ကာတင်ဓာတ်ပုံများ စုစည်းမှူ

ဒါကတော့ ဥရောပအစားအစာတွေမှာ ပထမဆုံး စစားရတဲ appetizer ပါ။ သူ့ဆိုင်မှာတော့ ရေရယ်၊ ဆီးသီးရယ်၊ radish လို့ခေါ်တဲ့ ဥနီရယ်လာချပေးပါတယ်။

© Narain88/Pikabu

ဒုတိယဟင်းပွဲကတော့ ငုံးဥပြုတ်ပါ။

© Narain88/Pikabu

၁၀ မိနစ်လောက်ကြာတော့ ပန်းကန်ပြားပေါ်မှာ ဟင်းရွက်အစိမ်းတွေနဲ့ ကမာကောင်ချက်တင်ပြီး လာချပေးပါလိမ့်မယ်။

© Narain88/Pikabu

Main course အနေနဲ့ကတော့ ကိုယ်တိုင်လုပ် ပေါင်မုန့်မီးကင်ရယ်၊ ငါးဥအစိမ်းတွေကို တည်ခင်းပါလိမ့မယ်။

© Narain88/Pikabu

နောက်ထပ်တစ်ခုကတော့ ဘဲသားပါ။ ဘဲသားဆိုလို့ ချက်ပြီးသားလို့ မထင်လိုက်ပါနဲ့။ ဗင်နီကာနဲ့စိမ်ကာနှပ်ထားတဲ့ ဘဲသားလွှာ ပါးပါးလေးတွေပါ။ ဘဲသားတွေအောက်မှာတောာ့ အာလူးကြော်ကြွပ်ကြွပ်လေးတွေလိုမျိုး ကြော်ထားတဲ့ ပြောင်းဖူးမုန့်လေးတွေပါပါတယ်။

© Narain88/Pikabu

၆ ပွဲမြောက်ကတော့ ဥပါ။ အနှစ်မကျက်အောင်ပြုတ်ထားပြီး အပေါ်မှာ ဘာမှန်းမသိတဲ့ ပွင့်လေးတွေတင်ပေးထားပြီး တရုတ်နံနံအကင်လိုမျိုးနဲ့တွဲစားရမှာပါ။ ဥကတော့ သာမန်ဥမဟုတ်ဘဲ ဘဲငန်းဥပါတဲ့။

© Narain88/Pikabu

နောက်ဆုံးအနေနဲ့ကတော့ အနှစ်ဖြူဖြူတွေစမ်းထားတဲ့ ငါးပြုတ်ပါ။ အပေါ်မှာ မြင်းခွာရွက်တွေ ဖြူးပေးထားပြီး ဒီဟင်းကတော့ တော်တော်ကောင်းတယ်ဆိုပဲ။

READ
ကမ္ဘာ့ရေကြည်လင်မှုအရှိဆုံး နေရာများ
© Narain88/Pikabu

အချိုပွဲအချိန်ရောက်လို့လာပါပြီ။ အချိုပွဲအနေနဲ့တော့ ရေခဲမုန့်ကို ပဲအနှစ်စမ်းပေးထားပြီး ပေါင်မုန့်လိုလို ကိတ်မုန့်လိုလိုနဲ့  တွဲစားရတာဖြစ်ပါတယ်။

© Narain88/Pikabu

အားလုံးစားပြီးလို့ ကော်ဖီသောက်မယ်ဆိုရင်တော့ ကြားထဲ ကော်ဖီလာချမပေးခင် စောင့်စားလို့ရအောင်ဆိုပြီး တို့ဟူးအချိုလာချပေးပါလိမ့်မယ်။

© Narain88/Pikabu

ကော်ဖီကတော့ ဘရာဇီးကော်ဖီကို သုံးထားပြီး ရှေ့တင်ပဲ လာနှပ်ပေးပါလိမ့်မယ်။ ကော်ဖီနဲ့ တွဲစားဖို့ ဘီစကွပ်မွမွလေးတွေကိုလည်း ယူလာမှာပါ။ ဒီဟင်းပွဲတွေ အကုန်စားဖို့အတွက် တစ်ယောက်ကို ဒေါ်လာ ၂၂၀ ကျော် ကုန်ကျပါလိမ့်မယ်။ ဒါပေမဲ့လည်း နိုင်ငံအရပ်ရပ်မှာဖွင့်ထားတဲ့ Michelin စားသောက်ဆိုင်တွေထဲတော့ ဈေးအသက်သာဆုံးပါ။

© Narain88/Pikabu

Penny

SHARE