ထူးခြားစွဲမက်ဖွယ် အရသာနဲ့ ပြည့်စုံပေမယ့် အန္တရာယ်များလွန်းတဲ့ ဟင်းလျာတစ်မျိုး

ဖိလစ်ပိုင်နိုင်ငံဟာ ထူးထူးခြားခြား ရေနေသတ္တ၀ါတွေနဲ့ ပတ်သက်လို့ အလျှံပယ် ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ရှုမညီးအောင်လှပတဲ့ ရေပေါ်ရေအောက် အလှအပတွေကို တွေ့မြင်ခံစားနိုင်ဖို့ ကမ္ဘာတစ်ဝှမ်းက ကမ်းခြေချစ်သူတွေဟာ ဖိလစ်ပိုင်ကို အလာများကြပါတယ်။ ဖိလစ်ပိုင်ရဲ့ ခမ်းနားလွန်းလှတဲ့ ရေပြာပြာတွေအောက်မှာတော့ ကမ္ဘာ့အဆိပ်အပြင်းဆုံး ငါးတစ်မျိုး ရှိပါတယ်။ သူ့ကိုတော့ stonefish ကျောက်ငါးလို့ သိကြပါတယ်။

pixabay

ကျောက်ငါးတွေက ကိုယ်ရောင်ဖျောက်အထူးကျွမ်းကျင်ကြတဲ့ သတ္တ၀ါတွေပါ။ သူတို့မှာ အညိုရောင်၊ သို့မဟုတ် မီးခိုးရောင် အရေခွံနဲ့အတူ အနီ၊အ၀ါ ပြောက်ကျားကွက်တွေ ရှိတာကြောင့် ရန်သူတွေကို သန္တာကျာက်တန်းတွေသဖွယ် အထင်မှားစေနိုင်ပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် သူတို့ကို ကျောက်တုံးလို့တောင် ထင်ရပါတယ်။

elitereaders

ကျောက်ငါးတွေဟာ လက်မ(၂၀) အရှည်ထိပဲ ကြီးထွားနိုင်ပြီး အလေးချိန်(၅) ပေါင်လောက် ရှိနိုင်ပါတယ်။ သူ့မှာ ထက်ရှတဲ့ ဆူးတောင်(၁၃) ခုလောက်ရှိပြီး ဆူးတောင်တွေမှာ အဆိပ်ဂလင်းတွေရှိတာကြောင့် သွားထိမိတဲ့အခါ၊ တက်နင်းမိတဲ့အခါမျိုးတွေမှာ အဆိပ်မိနိုင်ပါတယ်။ အဆိပ်ပြင်းလွန်းတာကြောင့် အဆိပ်စူးမိတဲ့ ပမာဏပေါ်မူတည်ပြီး (၁) နာရီအတွင်း အဆိပ်တက်ပြီး သေဆုံးနိုင်ပါတယ်။ ကျောက်ငါးကြောင့် လူသေဆုံးခဲ့ဖူးတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ သူ့ကို မတော်တဆတက်နင်းမိတာနဲ့ စူးရှနာကျင်တဲ့ ဝေဒနာကို ခံစားရပြီး ခြေထောက်တွေ ချက်ခြင်း ဖူးယောင်တက်လာလေ့ရှိပါတယ်။

READ
အင်ဒိုနီးရှားမှာ နာမည်ကြီးနေတဲ့ မီးသွေးခဲ ကော်ဖီ
facebook

၎င်းကျောက်ငါးဟာ ထူးဆန်းလှတဲ့ ရေနေသတ္တ၀ါတစ်မျိုး ဖြစ်ပြီး ရေမရှိပဲ အပြင်မှာ (၂၄) နာရီသာ အသက်ရှင်နိုင်ပါတယ်။ အဆိပ်ပြင်းပြီး အန္တရာယ်များလွန်းပေမယ့် သူ့ရဲ့ အသားကတော့ ဈေးကြီးလွန်းပါတယ်။ အထူးသဖြင့် sashimi လုပ်စားတဲ့အခါ ၄င်းငါးဟာ ထူးခြားတဲ့အရသာကို ပေးပါတယ်။

elitereaders

ဖိလစ်ပိုင်မှာတော့ ကျောက်ငါးဟာ ပေါ်ပြူလာအဖြစ်ဆုံး ငါးတစ်မျိုးဖြစ်တဲ့အပြင် ဂျပန်စားသောက်ဆိုင်တွေမှာ ရရှိနိုင်တဲ့ ဈေးကြီးတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာတော့ ငါးကို အရင်ဆုံးအဆိပ်ထုတ်ပြီးမှ sashimi အသားလွှာလေးတွေအဖြစ် ခပ်ပါးပါးလေးလှီးပြီး စားသုံးသူတွေကို တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ အောက်ဘက်မှာတော့ အန္တရာယ်များလွန်းတဲ့ ကျောက်ငါးကို အဆုံးမှာ အရသာထူးခြားစွဲမက်ဖို့ကောင်းတဲ့ ဟင်းလျာအဖြစ်နဲ့ တွေ့ရှိရတဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

S1:E4 Poisonous Fish in the Philippines

The Philippines is home to more aquatic species than anywhere on Earth, but hiding in the ocean shadows and coral reef is one of the most dangerous ingredients in the world — the stone fish. Covered with needle sharp spines filled with deadly poison, one wrong step could mean death within the hour. Follow Guy as he travels to Marinduque Island, where local divers risk their lives to catch this scary, yet sweet delicacy.

Posted by Food To Die For on Thursday, September 21, 2017

လင်းလင်း (ShweMom)

READ
ပန်းမုန်လာစိမ်းကို အကျက်ချက်ပြုတ်ခြင်း မပြုသင့်ဟု သိပ္ပံပညာရှင်များ အကြံပေး

Ref: elitereaders

SHARE