ကောနေတဲ့ ရေကန်တွေကို ပြန်အသက်သွင်းပေးနေတဲ့ (၂၆) နှစ်အရွယ် သူရဲကောင်းလေး

နောက်ဆုံးထွက်ရှိလာတဲ့ သတင်းတွေအရ ကမ္ဘာဟာ အဆိုးဝါးဆုံး ရေပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၈၄၄) သန်းဟာ သန့်ရှင်းစင်ကြယ်တဲ့ရေကို မရရှိကြပါဘူး။ အဓိကပြဿနာကတော့ ရေထုညစ်ညမ်းမှုကြောင့် ဖြစ်လာတာပါပဲ။ ဒါကို အိန္ဒိယက ရမ်ဗီရာတန်ဝါဆိုသူ အမျိုးသားဟာ လျစ်လျူမရှုခဲ့ပဲ ရေပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ အကြံဥာဏ်ထုတ်ခဲ့ပါတယ်။

facebook

ရမ်ဗီရာဟာ အသက်(၂၆) ပဲရှိသေးတဲ့ ကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရမ်ဗီရာဟာ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့ ကစားခဲ့တဲ့ ရေကန်တွေက ကောသွားပြီး မြေကြီးတွေဖြစ်နေတာကို သတိပြုမိခဲ့ပါတယ်။ တော်တော်များများ ရေအိုင် ရေကန်တွေ ခြောက်ခမ်းသွားသလို တချို့ကန်တွေကျတော့လည်း အမှိုက်ပုံကြီးတွေကို ဖြစ်နေတာကို သူတွေ့ခဲ့ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ ဒီအကြောင်းကို သိဖို့လိုတယ်ဆိုပြီး ဒေသခံတွေကို သန့်ရှင်းတဲ့ရေရဲ့ အရေးပါပုံကို အသိပညာပေးခဲ့ပါတယ်။

facebook

ဒါပေမယ့် ပြဿနာကို ဖြေရှင်းရတာ ထင်သလောက် မလွယ်ပါဘူး။ ရမ်ဗီရာဟာ တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ သူတို့ရွာမှာ ရေအရင်းအမြစ်တွေ ကုန်ခမ်းနေပြီဖြစ်ကြောင်း လိုက်လံဟောပြောပါတယ်။ ပြီးနောက် ကျောင်းသားကလေးတွေရဲ့ မိဘတွေကို တနင်္ဂနွေနေ့တိုင်း အစည်းအဝေးခေါ်ပြီး ရွာမှာ ကြုံတွေ့နေရတဲ့ ရေပြဿနာနဲ့ ရေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ နည်းလမ်းကို ဆွေးနွေးပါတယ်။

READ
ဖုန်စုပ်စက်တွေကို စွဲလမ်းလွန်းလို့ စက်ပေါင်း (၁၅၀)လောက်စုဆောင်းထားတဲ့ကောင်လေး
facebook
facebook

(၂၀၁၅) ခုနှစ်မှာတော့ ရမ်ဗီရာနဲ့ သူ့ရဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ လုပ်အားပေးတွေဟာ ကန်တစ်ကန်ထဲက အမှိုက်တွေကို စတင်ဖယ်ရှားပါတော့တယ်။ ကန်ကို သန့်ရှင်းရေး ပြုလုပ်ပေးရုံတင်မကပဲ ကန်နားတစ်ဝိုက်မှာလည်း သစ်ပင်လေးတွေ စိုက်ပျိုးကြပါတယ်။ ဒီလိုနဲ့ ညစ်ပတ်နေတဲ့ ကန်တွေကို သန့်ရှင်းစေပြီး ကန်တွေဖော်တဲ့အလုပ်ကို လုပ်နေတဲ့ ရမ်ဗီရာရဲ့ ကောင်းသတင်းက ရွာနီးစပ်ချုပ်ကိုပါ ပြန့်နှံ့သွားခဲ့ပါတယ်။ အခြားရွာက လူတွေလည်း လာရောက်ပြီး ရမ်ဗီရာကို သူတို့ရဲ့ ကန်တွေ ပြန်ဖော်ပေးဖို့ အကူအညီတောင်းကြပါတယ်။

Posted by Ramveer Tanwar on Friday, March 15, 2019

ရမ်ဗီယာဟာ အိန္ဒိယနိုင်ငံတွင်းမှာ ရေကိုထိန်းသိမ်းဖို့ ကြိုးစားနေတဲ့ သူ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက အစိုးရဟာ ယခုလိုမျိုး ရမ်ဗီယာရဲ့ ပရိုဂရမ်တွေအတွက် ရန်ပုံငွေမထောက်ပံ့ဘူးလို့ သိရပြီး ကန်တွေဖော်ဖို့အတွက် ရမ်ဗီယာဟာ ကိုယ့်စားရိတ်ကိုယ်စိုက်နေရဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

READ
အကြိမ်ကြိမ်ဓားပြတိုက်ခံရပေမဲ့ ဘ၀ကိုလက်မြှောက်အရှုံးမပေးတဲ့ ဒုက္ခိတ ဈေးသည်

လင်းလင်း (ShweMom)

Ref: Brightside

SHARE