တချို့အကြောင်းအရာလေးတွေက သင်နေ့တိုင်းမြင်နေ၊ တွေ့နေ၊ ကြားနေတဲ့ အကြောင်းအရာလေးတွေပေမယ့် အမှုမဲ့အမှတ်မဲ့ပြုကာ လုံးဝသတိမထားမိမယ့် ဟာလေးတွေ ရှိနေပါတယ်။ ဒါလေးတွေကို ဗဟုသုတအနေနဲ့ သတိထားမအောင်လို့ စာကြောင်းတစ်ကြောင်းထဲစီနဲ့ ထိထိမိမိဖြစ်အောင် ဖော်ပြပေးသွားမှာပါ။
ငှက်တွေဟာဘယ်တော့မှ ရှူးရှူးမပေါက်ဘူး။

သူတို့မှာ ဆီးလမ်းကြောင်းမရှိတဲ့အတွက် အောက်ကတစ်ခါထွက်နာနဲ့ ရှူးရှူးရော အီးအီးပါရောထွက်တတ်ကြပါတယ်။
ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ ခရမ်းသီးမှာလည်းပါဝင်နေပါတယ်။

ဆေးလိပ်တစ်လိပ်လိုမျိုး ကိုယ်ခန္ဓာကို ထိခိုက်ဖို့အတွက် ဆိုရင်တော့ တပြိုင်နက်တည်း ခရမ်းသီး ပေါင် (၂၀) လောက် စားပေးရမှာပါ။
ကလေးသေးသေးလေးတွေက အိပ်မက် မမက်တတ်ကြပါဘူး။

ပညာရှင်တွေကတော့ အသက် (၄) နှစ်သို့မဟုတ် (၅) နှစ်ကစပြီးတော့သာ အိပ်မက်မက်ကြတာပါတဲ့။
ပင်လယ်လိပ်တွေဟာ ကိုယ့်ဟာကိုယ် အာသာဖြေတတ်ကြတယ်။

ပင်လယ်ဖျံကြီးတွေ၊ ဖြူးကောင်တွေနဲ့ ဆင်တွေဟာလည်း အလားတူစွမ်းဆောင်နိုင်ကြပါတယ်။
စေတန်ဂြိဟ်မှာ စိန်မိုးရွာတယ်။

သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ စေတန်မှာသာမက ဂျူပီတာမှာပါ တစ်နှစ်ကို တန်နဲ့ချီတဲ့စိန်တုံးတွေဟာ မိုးရွာသလိုရွာနေပါတယ်တဲ့။
ကိုယ့်နာမည်ကိုယ် ပေးတတ်ကြတဲ့ လင်းပိုင်လေးများ

မတူညီတဲ့ ဝီစီသံလိုမျိုးအသံလေးတွေနဲ့ တစ်ကောင်ကိုတစ်ကောင်ခေါ်တတ်ကြပါတယ်။
ဆဲဆိုခြင်းဟာစိတ်ဖိစီးမှုကိုလျော့ကျစေတယ်။

ကောင်းသောဆဲဆိုနည်းမှ ဖြစ်မှာပါနော်။
ထောဘတ်သီးဆိုတာဟာ ဘယ်ရီသီးမိသားစုဝင်ပါပဲ။

စတော်ဘယ်ရီနဲ့ ရက်စ်ဘယ်ရီအသီးတွေကတော့ ဘယ်ရီသီးအုပ်စုနဲ့ လုံးလုံးမျှမသက်ဆိုင်ကြပါဘူးတဲ့။
မီးခြစ်ပြီးမှ မီးခြစ်ဆံပေါ်ပေါက်ခဲ့တာပါ။

မီးခြစ်ဆံဟာအမြင်အားဖြင့်ပိုပြီး ရှေးဆန်ပေမယ့် မီးဖြစ်ပေါ်ပြီး (၃) နှစ်အကြာမှ မီးခြစ်ဆံကို တီထွင်ထုတ်လုပ်ခဲ့ကြတာပါ။
သင့်သွေးထဲမှာ ရွှေတွေပါဝင်နေတယ်။

(၀.၂) မီလီဂရမ်သာ ရှိတဲ့အတွက် စိတ်လှုပ်ရှားပြီး အလုပ်ထွက်ဖို့ မစဉ်းစားသင့်ပါဘူး။
Source: Buzz Feed
Penny