့လူ့အဖွဲ့အစည်းရဲ့ အပြုအမူအလေ့အကျင့်တွေနဲ့ လုံးဝကွဲထွက်နေတဲ့ ထူးဆန်းတဲ့မိသားစု

instagram/theunconventionalparent

မက်တ်အယ်လန်ဆိုသူ အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူ အဒဲလ်၊ ကလေး(၃) ယောက်တို့နဲ့အတူ အင်္ဂလန်မှာ နေထိုင်ပါတယ်။ ကလေးတွေက (၈) နှစ်အရွယ် ယူလစ်ဆီ၊ (၄) နှစ်အရွယ် အော့စ်တာရာနဲ လသားအရွယ် ကိုင်တို့ပဲ ဖြစ်ပါတယ်။ သူတို့မိသားစုရဲ့ နေထိုင်မှုပုံစံကတော့ တော်တော်လေးကို ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ လူမှုအဖွဲ့အစည်းထဲမှာ နေထိုင်ပေမယ့် လူ့အဖွဲ့အစည်းရဲ့ အပြုအမူအလေ့အကျင့်တွေနဲ့ လုံးဝကွဲထွက်နေတဲ့ မိသားစုတစ်စု ဖြစ်နေတာကို dailymail သတင်းစာမျက်နှာကနေတဆင့် အခုလို သိခဲ့ရပါတယ်။

instagram/theunconventionalparent

မတ်တ်နဲ့ အဒဲလ်တို့ဟာ ကလေးတွေအားလုံးကို သူတို့နဲ့ပဲ တူတူအိပ်စေတဲ့အပြင် ကလေးတွေစားချင်တာကို သူတို့ဘာသာ သူတို့ ရွေးချယ်ခွင့်ပေးထားပါတယ်။ ကလေးတွေကို ဘာစားသင့်တယ်၊ ဘာမစားသင့်ဘူးဆိုတာ ပြောပြတာလည်း မရှိသလို ဘယ်ချိန်အိပ်ရာဝင်ရမယ်၊ ဘယ်ချိန်အိပ်ရာထရမယ်ဆိုတာမျိုးလည်း သတ်မှတ်ထားတာ မရှိပါဘူး။ ခေတ်ပေါ်ဆေးဝါးတွေ ဘာတွေလည်း တိုက်ကျွေးလေ့မရှိတဲ့အပြင် ကာကွယ်ဆေးတွေလည်း ထိုးမပေးထားဘူးလို့ သိရပါတယ်။

READ
Resident Evil ရုပ်ရှင်ရိုက်တုန်း ဒုက္ခတဖြစ်ခဲ့ရလို့ တရားစွဲခဲ့တဲ့ စတန့်မင်းသမီး
instagram/theunconventionalparent

သူတို့မိသားစုဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ် This Morning ရုပ်သံအစီအစဉ်မှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ အစီအစဉ်ထဲမှာတော့ သူတို့ရဲ့ ထူးခြားတဲ့လူနေမှုဘ၀ပုံစံကို အစီအစဉ်တင်ဆက်သူတွေက မေးမြန်းခဲ့ကြတာပါ။ ဒီအချိန်မှာပဲ သူတို့ရဲ့ သမီးငယ် အော့စ်တာရာကနေ ရုပ်သံလွှင့်နေတုန်း ကြမ်းပေါ်မှာ အပေါ့သွားခဲ့တာကို လူတွေက တွေ့လိုက်ရတာကြောင့် မတ်တ်နဲ့ အဒဲလ်တို့ရဲ့ သားသမီးထိန်းကျောင်းတဲ့ပုံစံကို အားလုံးက စိုးရိမ်သွားခဲ့တာ ဖြစ်ပါတယ်။

instagram/theunconventionalparent

အဒဲလ်ကတော့ အချိန်ပိုင်းယောဂဆရာမအဖြစ် အလုပ်လုပ်ပါတယ်။ မတ်တ်ကတော့ အလုပ်မလုပ်ပဲ အိမ်မှာပဲနေပါတယ်။ မတ်တ်ကို အချိန်ပြည့်အလုပ်အကိုင်လေးတစ်ခု တည်တည်တံ့တံ့နဲ့ မလုပ်ချင်ဘူးလားလို့ မေးတဲ့အခါမှာတော့ သူက သူများအလုပ်ကို တစ်ချိန်လုံးလုပ်နေရတာ သူမကြိုက်ကြောင်းနဲ့၊ သူ့မှာလည်း ကိုယ်ခံအားစနစ် ပုံမှန်မဟုတ်တဲ့ရောဂါရှိတဲ့အတွက် ကလေးတွေနဲ့ အိမ်မှာနေရတာကိုပဲ ပိုကြိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မတ်တ်က အခြားမိဘတွေကိုလည်း ကိုယ့်ကလေးတွေကို အိမ်မှာထားခဲ့ပြီး ကိုယ်ကတော့ သူတို့နဲ့ခွဲပြီး အပြင်မှာအလုပ်လုပ်နေတာ အဓိပ္ပါယ်ရှိရဲ့လား၊ ကလေးတွေကို ပိုဂရုစိုက်ပေးပါဆိုပြီးတောင် တိုက်တွန်းခဲ့ပါသေးတယ်။

READ
ကမ္ဘာ့လေထုထဲကို ပြန်လည်ဝင်ရောက်လာတော့မယ့် တရုတ်အာကာသယာဉ်
instagram/theunconventionalparent

သားကြီးဖြစ်တဲ့ ယူလစ်ဆီကတော့ အခုအသက်(၈) နှစ်ရှိပြီဖြစ်ပေမယ့် သူ့နာမည်တောင်သူ မရေးနိုင်သေးပါဘူး။ ဒါပေမယ့် မတ်တ်က စိုးရိမ်ပုံမရပဲ သားဖြစ်သူမှာ ပညာသင်ဖို့ အချိန်တွေ အများကြီးကျန်သေးတယ်လို့ ဆိုပါတယ်။ ဇနီးသည်ဖြစ်တဲ့ အဒဲလ်ကလည်း သူမတို့အိမ်မှာ သွားတိုက်ဖို့၊ မတိုက်ဖို့ ကိစ္စကိုလည်း အဲ့လောက်ထိ အရေးမစိုက်ဘူး ပြောပြပါတယ်။ ကလေးတွေဟာ သွားတိုက်ချင်တဲ့အခါ တိုက်နိုင်သလို မတိုက်ချင်လည်း သူမတို့က အတင်းမတိုက်တွန်းကြောင်း ဆိုပါတယ်။ မတ်တ်နဲ့ အဒဲလ်တို့ဟာ အင်္ဂလန်နိုင်ငံ လူမှုအိပ်ရာစနစ်ကပေးတဲ့ အဆောက်အဦးမှာနေထိုင်ကြပြီး ၄င်းစနစ်ကရတဲ့ ငွေကြေးနဲ့ အကျိုးခံစားခွင့်တွေအပေါ်မှာ မှီိခိုစားသောက်နေကြကြောင်းလည်း သိရပါတယ်။

instagram/theunconventionalparent

လင်းလင်း (ShweMom)

SHARE