ဆန်းဆန်းပြားပြား ဂြိုဟ်သားပုံစံငါးတွေ သြစတြေးလျ မြစ်ကမ်းစပ်တစ်ခုမှာ သောင်တင်နေ

Facebook/NPWSSA

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၊ Kennett မြစ်ကမ်းစပ်မှာ အရှည်(၆)ပေ၊ ဗြက် တစ်ပေခွဲကျော် (၂)ပေနီးနီး ထူးထူးဆန်းဆန်း ငါးကြီးနှစ်ကောင် သောင်တင်သေဆုံးနေပါတယ်။ တကယ်က ဒီငါးကြီးတွေဟာ ကမ်းလွန်ပင်လယ်ပြင်မှာသာ တွေ့ရနိုင်တဲ့ Sunfish ငါးကြီးတွေ ဖြစ်ပါတယ်။

Facebook/NPWSSA

Sunfish ငါးကြီးတွေကို မိုလာမိုလာငါးတွေလို့လည်း ခေါ်ကြပြီး၊ ကမ္ဘာပေါ်မှာတော့ အလေးချိန်အစီးဆုံး ငါးတွေထဲမှာ ပါဝင်ပါတယ်။ အရွယ်ရောက်ပြီး Sunfish တစ်ကောင်ဟာ အလေးချိန် (၁၀၀၀)ကီလိုဂရမ်အထိ ရှိနိုင်ပြီး၊ တန်အားဖြင့်ဆိုရင် (၁)တန်ကျော်ကျော် လေးနိုင်ပါတယ်။

Facebook/NPWSSA

အလွန်အလေးချိန်စီးတဲ့ ငါးတွေဟာ (၂.၅)တန်အထိ အလေးချိန်ရှိနိုင်ကြောင်း သိရပါတယ်။ အရှည်ကတော့ (၆)ပေကနေ (၁၁)ပေအထိ ရှိနိုင်ကြပါတယ်။ ဒီငါးကြီးတွေကို တွေ့ရှိခဲ့သူတွေကတော့ လမ်းလျှောက်ထွက်တဲ့ ဒေသခံ Tim Rothman နဲ့ James Barham တို့ ဖြစ်ပါတယ်။

Facebook/NPWSSA

သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင်(၂၇)ရက်နေ့က ဒီငါးကြီးတွေကို တွေ့ရှိခဲ့တာပါ။ ပင်လယ်ပြင်မှာ တွေ့ရတဲ့ငါးတွေဆိုပေမယ့် Kennett မြစ်နဲ့ ပင်လယ်ဝစပ်ကြားတစ်နေရာမှာ သောင်တင်နေတာပါ။ ထူးဆန်းတာကတော့ ငါးကို အခုမှ စမြင်ဖူးသူတွေအနေနဲ့ ငါးတွေပုံစံက ဂြိုဟ်သားငါးတွေလို့ အထင်ရှိစရာပါ။ ဒီငါးတွေဟာ ပြီးခဲ့တဲ့အပတ်စနေနေ့ ဇူလိုင်(၂၅)ရက်လောက်ကတည်းက သောင်တင်နေဟန်ရှိပြီး၊ မိသားစုတစ်စုက အရင်တွေ့ရှိခဲ့တာလို့ သိရပါတယ်။

Our Park of the Month at Coorong National Park served up an unusual surprise for two fishers on the weekend – a sunfish…

Posted by National Parks and Wildlife Service South Australia on Tuesday, March 19, 2019

ဒီငါးတွေဟာ ပင်လယ်ရေမျက်နှာပြင်အနီးထိတက်ပြီး နေဆာလှုံလေ့ရှိလို့ Sunfish လို့ ခေါ်ကြပါသတဲ့။ သြစတေးလျမှာတော့ ဒီငါးတွေကို ပုံမှန်တွေ့ရလေ့ရှိပါတယ်။ Kennett မြစ်ကမ်းစပ် တစ်ဝိုက်မှာ ဒီငါးကြီးတွေဟာ ကျက်စားလေ့ရှိပြီး မနှစ်ကလည်း သောင်တင်သေဆုံးနေတဲ့ ငါးကြီးကို လမ်းလျှောက်ထွက်နေတဲ့ အမျိုးသား(၂)ဦးက တွေ့ရှိခဲ့ဖူးပါတယ်။

လင်းသူရိန်

SHARE