ပရိသတ်တွေဆီက ကိုရီးယား idol တွေရရှိခဲ့တဲ့ ထူးထူးဆန်းဆန်းလက်ဆောင်များ

koreaboo & kpopprofiles

Fan တွေက သူတို့ချစ်တဲ့ Idol တွေကို ချစ်ကြ၊ ခင်ကြလို့ လက်ဆောင်တွေ ပေးကြတာဟာ သဘာဝပါ။ ဒါပေမယ့် ပေး တဲ့ လက်ဆောင်တွေထဲမှာမှ တစ်ချို့က ပုံမှန်မဟုတ်ပဲ အရမ်းကို ထူးခြားလွန်းတဲ့ လက်ဆောင်တွေကို ပေးကြတာတွေ ရှိပါတယ်။ ဘာကြောင့် ဒီလို လက်ဆောင်ပေးရတယ်ဆိုတာ နားလည်ရခက်ပေမယ့် ပေးတဲ့သူကတော့ သူ့အဓိပ္ပါယ်နဲ့သူ ရှိကောင်းရှိနိုင်ပါတယ်။

1. ကြယ်လက်ဆောင် (NCT & EXO)

koreaboo

ကောင်းကင်ယံက ကြယ်ကို ဆွတ်ခူးပြီးတော့ မပေးနိုင်ပေမယ့် ကြယ်ကိုတော့ လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။ NCT Boy group ကို သူ့ရဲ့ ဗီယက်နမ် ပရိသတ်တွေ NCT Vietnam Union က Ursa Major ကြယ်တာရာအစုမှာ “NCT” ဆိုတဲ့ နာမည်နဲ့ ကြယ်တစ်စင်းဝယ်ပြီး နာမည်ကို တရားဝင်အမည်စာရင်း သွင်းထားပါတယ်။

koreaboo

TeamEXOIndia ဆိုတဲ့ Fan club အဖွဲ့ကတော့ Orion  ကြယ်တာရာစုမှာရှိတဲ့ ကြယ်ကို ၀ယ်ပေးထားပါတယ်။ ကြယ်နာမည်ကို EXO ဆိုပြီး နာမည်မှတ်ပုံတင်ထားပါတယ်။ TeamEXOIndia ဆိုတဲ့ Fan club အဖွဲ့ တစ်နှစ်ပြည့်အနေနဲ့ ဒီလက်ဆောင်ပေးတာပါ။

2. ရေတွင်း( Block B)

koreaboo

Block B ရဲ့ လေးနှစ်ပြည့် နှစ်ပတ်လည်မှာတော့ သူတို့ရဲ့ ပရိသတ်တွေက ကမ္ဘောဒီးယားမှာ “Block B Well”  ဆိုတဲ့အ၀ီစိရေတွင်းအလှူ လုပ်ခဲ့ပါတယ်။ အနီးအနားမှာရှိတဲ့လူတွေ သန့်ရှင်းတဲ့ရေရဖို့ Block B နာမည်နဲ့ ရေတွင်း လှူခဲ့တာပါ။

3. လူကြီးအရုပ်နဲ့ မှတ်စုစာအုပ်( Kyuhyun)

koreaboo

Super Junior မှ Kyuhyun ကတော့ ဂျပန်မှာ အနုပညာအလုပ်လုပ်တုန်းကရတဲ့ လက်ဆောင် အကြောင်းကို MBC ရဲ့ Radio Star အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။ လူကြီးအရုပ်ကို ရခဲ့ကြောင်းနဲ့ အရုပ်နဲ့အတူ မှတ်စုစာအုပ် တစ်အုပ်တောင် ပါလိုက်သေးတယ်လို့ ပြောခဲ့ပါတယ်။ Note ထဲမှာတော့ ဘယ်လိုသုံးရမလဲ မသိရင် Eunhyuk ကို မေးပါဆိုပြီး အကြံပြုထားပါတယ်။

READ
ချောကလက်နှစ်ခု ခိုးယူခဲ့ပြီးနောက် နှစ်(၄၀)အကြာမှာမှ ချောကလက်ဖိုး လာပေးတဲ့သူ

4. စကော်တလန်မှာ ကျွန်းဝယ်ပေး (Sehun)

koreaboo

EXO fans  တွေကတော့ Sehun ရဲ့ အသက် (၂၃)နှစ်ပြည့် မွေးနေ့မှာ ကျွန်းဝယ်ပေးခဲ့ပါတယ်။ တရုတ် Fan ဆိုဒ် Warmwind  ကနေ စကော်တလန်မှာရှိတဲ့ ကျွန်းအစိတ်အပိုင်းတစ်ခု ၀ယ်ပေးခဲ့တာပါ။

5. စာကြည့်တိုက် ဆောက်ပေး ( TVXQ)

koreaboo
koreaboo

TVXQ ရဲ့ ပရိသတ်တွေကတော့ ကိုရီးယားရော တခြားပြည်ပနိုင်ငံတွေမှာပါ စာကြည့်တိုက်တွေ ဆောက်ခဲ့ပါတယ်။ အထူးသဖြင့် အဖွဲ့ဝင် Yunho  အတွက်ပေးခဲ့တဲ့ လက်ဆောင်တွေပါ။ ကိုရီးယားမှာဆိုရင် TVXQ Red Pearl Ocean Library and Yunho Library ၊YoonHo Library in Malaysia နဲ့ နောက်စာကြည့် တိုက်တစ်ခုကတော့ တရုတ်မှာလို့ သိရပါတယ်။

6. ကွန်ဒုံး( Jin)

koreaboo

Jin တစ်ယောက် အစားစားနေတဲ့ ပုံကို အွန်လိုင်းပေါ်တင်ရင်း သူ့နောက်က အထုပ်တွေထဲကမှ ကွန်ဒုံးကို ပရိသတ်တွေ က မြင်လိုက်တာပါ။ ဒါပေမယ့် အဲ့ဒီကွန်ဒုံးဟာ ပရိသတ်တွေက ပေးလိုက်တဲ့ လက်ဆောင်လို့ သိရပါတယ်။

7. နို့သီးခေါင်းအတု

koreaboo
koreaboo
koreaboo

နို့သီးခေါင်းအတုကို လက်ဆောင်ပေးတယ်ဆိုတာ ရှားမယ်လို့ ထင်ကောင်းထင်မိရင်တော့ မှားပါတယ်။ ပရိသတ် တွေဆီကနေ မကြာခဏ ဆိုသလို Idol တွေ ရတတ်တဲ့ ထူးခြားတဲ့ လက်ဆောင် တွေထဲမှ နို့သီးခေါင်းအတု ပါပါတယ်။

READ
၅နှစ်ဆက်တိုက်ဓမ္မတာလာခဲ့တဲ့ အမျိုးသမီး

8. သစ်တော(G-Dragon)

koreaboo
koreaboo

G-Dragon ရဲ့ နာမည်နဲ့ သစ်တော နှစ်ခုရှိပါတယ်။ တစ်ခုကတော့ သူ့အသက် (၂၉) နှစ်ပြည့်တုန်းက Jeju ကျွန်းမှာ ရလိုက်တဲ့ ရှောက်၊သံပရာမျိုးနွယ်ပင်တွေ စိုက်ထားတဲ့ သစ်တောဖြစ်ပြီး နောက်တစ်ခုကတော့ (၂၀၁၄)တုန်းက ရလိုက် တာဖြစ်ပြီး တည်နေရာကတော့ ဆိုးလ်မှာပါ။

9. ရွာ( Junsu)

koreaboo

Junsu  ရဲ့ fan club ကတော့ အိမ်တွေတည်ဆောက်၊ လူနေမှုအဆင့်အတန်း တိုးတက်ရေးကို ကူညီပေးတဲ့ အဖွဲ့အစည်း AdraKore ကို ငွေလှူခဲ့တာပါ။ ကမ္ဘာဒီးယားမှာရှိတဲ့ ရွာတစ်ရွာရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ကူညီပေးခဲ့တာပါ။ fan တွေက သူတို့ idol အတွက်ဆိုပြီး အိမ်အလုံး (၃၀) ကို ပြန်ဆောက်နိုင်အောင် ငွေ လှူပေးခဲ့တာပါ။အဲ့ဒီရွာနာမည်ကို “Xia Junsu Village” ဆိုပြီးတော့တောင် နာမည်ပေးခဲ့ပါတယ်။

10. စာသင်ကျောင်း( Yunho)

koreaboo
koreaboo

TVXQ ရဲ့ Yunho ကတော့ KBS‘s Road For Hope အစီအစဉ်အနေနဲ့ ဂါနာနိုင်ငံကို အလည်သွားခဲ့ဖူးပါတယ်။ အဲ့ဒီမှာ Yunho နဲ့အတူ သူ့ပရိသတွေက ကျောင်းဆောက်ဖို့ ငွေလှူခဲ့ပါတယ်။ Yunho Education Center ကိုတော့ (၂၀၁၅)တုန်းက Bongo မှာ ဖွင့်ခဲ့တာပါ။ ကျောင်းသားနှစ်ရာကို စာလည်းသင်၊ အစားလည်း ကျွေးတယ်လို့ သိရပါတယ်။

from koreaboo

SHARE