ကိုဗစ်ကာလအတွင်းမှာ တွေ့မြင့်ရတဲ့ ဆန်းဆန်းပြားပြား Face Mask များအကြောင်း

Instagram

ကိုဗစ်လုပ်လိုက်တာ face mask တွေဆိုတာလည်း လူတိုင်းရဲ့ ဘ၀မှာ အသုံးပြုရမယ့် နေ့စဉ်အသုံးအဆောင်တွေထဲ တစ်ခုဖြစ်နေခဲ့ပါပြီ။ လူတွေက mask တွေကို ကျန်းမာရေးအတွက်တင်သာမဟုတ်ဘဲနဲ့ new normal lifestyle အတိုင်း mask တစ်ခုကို ဘယ်လိုမျိုး fashion ကျအောင် တပ်ရမယ်ဆိုတာတွေကိုပါ တီထွင်ကြံဆလာခဲ့ကြတာပါ။

ဒီတော့ ကိုဗစ်ကာလအတွင်း mask တွေကို ဆန်းဆန်းပြားပြားနဲ့ fashion ကျအောင် တပ်ခဲ့ကြတဲ့ လူတချို့ရဲ့ ပုံရိပ်လေးတွေကို South China Morning Post မှ ကိုးကားပြီး ဖော်ပြပေးလိုက်ရပါတယ်။

အိန္ဒိယက စိန် mask

Surat မှာရှိနေတဲ့ ရတနာဆိုင်တစ်ဆိုင်ကနေပြီး ကိုဗစ်ကာလအတွင်း အထူးထုတ်ဆိုပြီးတော့ စိန်အစစ်တွေနဲ့ စီခြယ်ထားတဲ့ mask ကို ထုတ်ခုပ်ခဲ့ပါတယ်။ အပ်တဲ့လူကတော့ အိမ်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပစရာရှိတဲ့အတွက်ကြောင့် အပ်ခဲ့တာပါတဲ့လေ။ သတို့သားနဲ့၊ သတို့အသမီးအပြင်ကိုမှ နှစ်ဖက်မိဘတွေအတွက်ကိုရော စိတ်စီထားတဲ့ စိန် mask တွေကို အပ်ခဲ့တာပဲဖြစ်ပါတယ်။

 

ရွှေအစစ်နဲ့ face mask

READ
ဖောက်ပြန်တဲ့ အမျိုးသမီးရဲ့ဆံပင်ကို ကိုယ်တိုင်ရိတ်ပြီး အပြစ်ပေးတဲ့ အမျိုးသား

Pimpri-Chinchwad မှာနေထိုင်တဲ့ Shankar Kurade ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ ကိုယ်ပိုင် face mask ပါ။ တန်ကြေးအနေနဲ့ ရင်းကစ် ၂.၉ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရွှေစစ်စစ်အပြင်ကိုမှ ကျောက်သံပြတ္တမြားတွေလည်း ပါဝင်နေတဲ့အတွက်ကြောင့် တော်တော်လေးတော့ လေးပါတယ်တဲ့။

 

ဂျပန်က ပုလဲရတနာတွေနဲ့သွယ်ကုန်းထားတဲ့ face mask

နှစ်ပေါင်း ၃၅ နှစ်ကျော် အတွေ့အကြုံတွေနဲ့ လက်ဝတ်ရတနာဒီဇိုင်နာတစ်ယောက်ဟာ ကိုဗစ်ကာလအတွင်း face mask ကိုလည်း ပုလဲလေးတွေကို သုံးပြီးတော့ ဖန်တီးခဲ့ပါတယ်။ Rieko Kawanishi ရဲ့ face mask မှာတော့ ပုလဲစစ်စစ်ပေါင်း ၃၁၀ ပါဝင်နေပြီးတော့ ကန်ဒေါ်လာနဲ့ဆိုရင် ၁ သောင်းနီးပါး တန်ကြေးရိနေတာပါ။

READ
အဆိုတော်အဖြစ်မှရပ်ဆဲကာ ခေါက်ဆွဲဆိုင်ဖွင့်ခဲ့တဲ့ idol ဟောင်းချောချောလေး

Swarovski ရဲ့ face mask

ကမ္ဘာကျော် လက်ဝတ်ရတနာကုမ္ပဏီတစ်ခုဖြစ်တဲ့ swarovski ကတော့ သူတို့ရဲ့ face mask တွေကို LGBTQ+ အရေး theme ကိုယူကာ အခုလိုပဲ ဖန်တီးခဲ့ပါတယ်။ ဒီဇိုင်နာ Michael Ngo နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ ဒီဇိုင်းပါ။

 

 

View this post on Instagram

 

A post shared by MICHAEL NGO (@imngo) on

Michael Ngo ဆိုတာ ကိုဗစ်ကာလအတွင်း ဆယ်လီတွေတော်တော်များများအတွက် face mask တွေကို ဖန်တီးချုပ်လုပ်ပေးတဲ့လူလည်းဖြစ်ပါတယ်။ ဥပမာပြောရရင် Lady Gaga တို့ J. Lo တို့၊ Ariana Grande တို့လိုမျိုးပေါ့။

 

 

View this post on Instagram

 

A post shared by MICHAEL NGO (@imngo) on

penny

SHARE