အမျက်ရှသူတွေကိုကွပ်မျက်ရာမှာ ကင်ဂျုံအန် သုံးလေ့ရှိတဲ့ ကြောက်မက်ဖွယ်နည်းလမ်း (၅)မျိုး

Alena Zikina/Shutterstock

မြောက်ကိုရီးယား အာဏာရှင်နိုင်ငံဟာ တောင်မြောက်ကိုရီးယား ခွဲထွက်နိုင်ခဲ့အပြီးမှာ တံခါးပိတ်ဝါဒနဲ့ ပြည်သူတွေ အတိဒုက္ခရောက်နေမှုကို လစ်လျှူရှုထားနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်အဆက်ဆက်ဟာ ပြည်သူကို အကြောက်တရားနဲ့ အုပ်ချုပ်ပြီး သူတို့စိတ်ထဲက ရန်ညှိုးခံရသူတွေကိုလည်း အကြောင်းပြချက်မရှိ ဖမ်းဆီးကာ ရက်ရက်စက်စက် သုတ်သင်လေ့ရှိပါတယ်။

REX_Shutterstock
(၁) လေယာဉ်ပစ်သေနတ်ဖြင့် ပစ်သတ်ခြင်း

ဒီနည်းကလည်း အတော်လေးကို ရက်စက်တဲ့နည်းလမ်း ဖြစ်ပါတယ်။ အမြင့်ပေ (၁၀၀၀၀)လောက်က လေယာဉ်တွေကို ပစ်ချဖို့ တီထွင်ထားတဲ့ ဒီသေနတ်ကို ကွပ်မျက်ရာမှာ သုံးတယ်ဆိုတော့ ဘယ်လောက် အားပြင်းလိုက်မလဲဆိုတာ မတွေးဝံ့စရာပါဘဲ။ အဖော်အချွတ်တွေနဲ့ ဖျော်ဖြေခဲ့တယ်ဆိုတဲ့ အနုပညာရှင် (၁၁)ဦးကို ဒီနည်းနဲ့ သုတ်သင်ခဲ့တာလို့ သိရပါတယ်။

(၂) အာဏာပါးကွက်သားတပ်ဖွဲ့ဖြင့် သုတ်သင်ခြင်း

တစ်ခါတလေမှာတော့ အပြစ်သားတွေ၊ ရန်ညှိုးရန်စရှိသူတွေကို သေနတ်ကိုင်အာဏာပါးကွက်သားတွေနဲ့ သုတ်သင်လေ့ရှိပါတယ်။ တစ်ဖက်ပိတ်နံရံရှေ့မှာ တန်းစီရပ်ခိုင်းပြီး ပစ်သတ်တာပါ။ မသေမရှင် ဖြစ်နေတဲ့သူတွေကို ရက်များစွာ အစာမကျွေးဘဲပစ်ထားတဲ့ ခွေးအုပ်ထဲ ပစ်ချပြီး ခွေးစာလုပ် ကျွေးတယ်လို့ ဆိုပါတယ်။ ကင်ဟာ ဦးလေးအရင်းဖြစ်သူ ဗိုလ်ချုပ်ကြီး ဂျန်ဆောင်သက်ကို အခုလို စီရင်ဖူးတယ်လို့ သိရပါတယ်။

READ
ဟိုတယ်နဲ့တည်းခိုခန်းတွေထဲက လျှို့ဝှက်ကင်မရာတွေကို ဘယ်လိုဖော်ထုတ်မလဲ....
(၃) ငါးဘီလူးအစာကျွေးနည်း
Rainforest Expeditions_Pinterest

ငါးဘီလူးဆိုတာ အသားစားငါးမျိုးစိတ်ဖြစ်ပြီး၊ နွားတစ်ကောင်ကိုတောင် မိနစ်အနည်းငယ်အတွင်း အရိုးစုကျန်သည်အထိ စားသောက်ပစ်နိုင်ပါတယ်။ Piranha(ပီရန်ဟာ)လို့ခေါ်တဲ့ ငါးမျိုးစိတ်ဖြစ်ပြီး၊ လာဘ်စားမှုနဲ့ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ဗိုလ်ချုပ်ကြီးအချို့ကို ဒီနည်းလမ်းနဲ့ သုတ်သင်ဖူးတယ်လို့ သိရပါတယ်။

(၄) အလွန်ပြင်းထန်တဲ့ ဓာတုအဆိပ်ဖြင့် လုပ်ကြံခြင်း

ဒါကတော့ ကင်ဂျုံအန်ရဲ့ ဖအေတူမအေကွဲ ညီအစ်ကို ကင်ဂျောင်နန်ကို မလေးရှားလေဆိပ်မှာ လုပ်ကြံခဲ့တာက သာဓကပါဘဲ။ အာဏာရှင်ကင်ဟာ ကင်ဂျောင်နန်ကို နေရာလုမယ့်လူလို့ အထင်ရှိနေပြီး၊ အမေရိကန်အတွက် သူလျှိုလုပ်နေတာလို့လည်း အထင်ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ကို သုတ်သင်ခဲ့တာပါ။ ဒါ့အပြင် ဦးလေးဂျန်ဆောင်သက်ရဲ့ ဇနီး ကင်ကြောင်ဟွေကိုလည်း ဒီနည်းနဲ့ သုတ်သင်ခဲ့တယ်လို့ သိရပါတယ်။

(၅) မီးသေနတ်ဖြင့် ပစ်ခတ်ခြင်း
Dean Mouhtaropoulos/Pinterest

မီးသေနတ်ဆိုတာ မီးတောက်တွေ အရှိန်ပြင်းပြင်းနဲ့ မှုတ်ထုတ်တဲ့ ဓာတုလက်နက်တစ်မျိုးပါ။ တစ်နည်းဆိုရရင် ဒီနည်းနဲ့ အရှင်လတ်လတ် မီးရှို့တာပါဘဲ။ လူထုလုံခြုံရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဗိုလ်ချုပ်အိုဆန်ဟွန်ဟာ ဒီနည်းနဲ့ အရှင်လတ်လတ် မီးရှို့သုတ်သင်ခံခဲ့ရတယ်လို့ သိရပါတယ်။ သူ့ကိုတော့ ဦးလေးဖြစ်သူ ဂျန်ဆောင်သက်ရဲ့ လူယုံတစ်ယောက်လို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တာလို့ သိရပါတယ်။

READ
အပျိုစင်ဘဝကို ဈေးအကြီးဆုံးဖြင့်ရောင်းချခဲ့သူ(၅)ဦး

လင်းဇော်ကို (Shwemom)

SHARE