ကမ္ဘာအနှံ့က ကျောင်းတွေရဲ့ ထူးထူးဆန်းဆန်း အလေ့အထများ

အခုဖော်ပြပေးသွားမှာတော့ ကျွန်တော်တို့ဆီကအမြင်နဲ့ကြည့်မယ်ဆိုရင် ထူးဆန်းနေမှာဖြစ်ပေမယ့် သူတို့ဒေသ၊ သူတို့အလေ့နဲ့ကျ မထူးဆန်းတော့ဘဲ သင့်လျော်လျောက်ပတ်တဲ့အနေအထားရှိတဲ့ ကျောင်းတွေကို ဖော်ပြပေးသွားမှာပါ။

နယူးဒေလီရဲ့ တံတားအောက်စာသင်ကျောင်းလေးကတော့ မတတ်နိုင်တဲ့ကလေးသူငယ်တွေအတွက် ပညာရေးကိုဦးစားပေးဖွင့်ထားတဲ့ ပရဟိတကျောင်းလေးဖြစ်ပါတယ်။

SHOWKAT SHAFI_AL JAZEERA

တောင်ကိုရီးယားကျောင်းတွေဟာ ကျောင်းသားတွေကို ကျောင်းမှာ (၁၆) နာရီအထိနေခွင့်ပေးထားပါတယ်။ မနက် (၈) နာရီမှ (၄) နာရီအထိက စာသင်ချိန်ဖြစ်ပြီး ညနေ (၆) နာရီမှ ည (၉) နာရီအထိကတော့ တစ်နေ့လုံးသင်ခဲ့သမျှတွေကို ကျောင်းမှာပြန်လေ့လာနိုင်ဖို့အတွက် အချိန်ပေးထားခြင်းပါ။

Instagram/tcis2022

တချို့ဂျပန်ကကျောင်းတွေမှာ ယောက်ျားလေးဝတ်စုံ၊ မိန်းကလေးဝတ်စုံဆိုပြီး ခွဲခြားမထားပါဘူး။

Instagram/donsumada

သြစတေးလျ၊ နယူးဇီလန်စတဲ့ ပင်လယ်ဒေသကကျောင်းတွေမှာ ကလေးတွေကို ကျောင်းရောက်တာနဲ့ ဖိနပ်မစီးခွင့်ပေးထားပြီးသားဖြစ်ပါတယ်။

pixabay

အိုဟိုင်းရိုးကကျောင်းတစ်ကျောင်းမှာတော့ စာသင်ကျောင်းဟာလက်တွေ့ဘဝအတွက် အထောက်အကူဖြစ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အလုပ်ရုံးခန်းတွေမှာမြင်တွေ့နေကျ သုံးဖက်ကာစားပွဲကိုယ်စီနဲ့ ကလေးတွေကို စာသင်လျက်ရှိပါတယ်။

Carpe Diem Preparatory Academy

ရုရှားမှာတော့ ကျောင်းစတက်တဲ့ စက်တင်ဘာ (၁) ရက်တိုင်းဟာ ကျောင်းပိတ်ရက်လိုပါပဲ။ ဆိုလိုချင်တာ စာမသင်ရဘဲ ကျောင်းသွားပြီး ကဗျာရွတ်တာ၊ သီချင်းဆိုတာနဲ့ ပျော်ပွဲရွှင်ပွဲတွေကျင်းပရတာပါ။

READ
ကမ္ဘာအတွင်းပိုင်းဝင်ပေါက်အဖြစ် သတ်မှတ်ထားကြတဲ့ ကမ္ဘာ့အနက်ဆုံးလိုဏ်ဂူ
ГБОУ Школа N1514

အာတိတ်ဒေသမှာနေတဲ့ ကလေးတွေကျောင်းသွားတိုင်း ဟယ်လီကော်ပတာနဲ့သွားလေ့ရှိပါတယ်။

ilonalinart

ဘရွတ်ကလင်းကကျောင်းတစ်ကျောင်းကတော့ အဆင့်တွေ၊ အမှတ်တွေ၊ စာမေးပွဲတွေ၊ အိမ်စာတွေကို ပိတ်ပင်ထားပါသတဲ့။

Brooklyn Free School

Source: Bright Side

Penny

 

SHARE