အရင်ခေတ်လူတွေ စာတိုက်ကနေတဆင့် ပေးပို့ကြတဲ့ ထူးထူးဆန်းဆန်းအရာများ

shutterstock/Freedomz

အရင်တုန်းက ပါဆယ်တစ်ထုပ်ကို တစ်နေရာဆီ ပို့တော့မယ်ဆိုရင် စာတိုက်ကနေပဲ ပေးပို့ကြပါတယ်။ ပို့ခလည်း သက်သာသလို ကိုယ်လိုတဲ့နေရာဆီ အရောက်ပို့ပေးနိုင်တာကြောင့်ပါ။ ဒါပေမယ့် ရိုးရိုးတန်းတန်း ပစ္စည်းပို့တာ၊ စာပို့တာလောက်က မဆန်းပေမယ့် အရင်ခေတ်က လူတွေဟာ သက်ရှိတိရစ္ဆာန်တွေ၊ အခေါင်းတွေ၊ ဥတွေနဲ့ လူတွေကိုတောင် စာတိုက်ကနေတဆင့် ပေးပို့ကြကြောင်း brightside ကနေတဆင့် အံ့သြဖွယ် သိရပါတယ်။

(၁၉၁၄) ခုနှစ်တုန်းက  အရမ်းအံ့သြစရာကောင်းတဲ့ စာပို့စနစ်အသုံးပြုမှုတစ်ခု ရှိခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ အသက်(၄) နှစ်အရွယ် မေရီအမည်ရတဲ့ ကောင်မလေးတစ်ယောက်ကို အမေရိကန်နိုင်ငံ အိုင်ဒါဟိုပြည်နယ်မှာရှိတဲ့ ဂရန့်ဂ်ျဗီးလ်မြို့ကနေ သူမရဲ့ အဖွားဖြစ်သူရှိရာ လူးဝစ်စ်တန်မြို့ကို လိပ်မူပေးပို့ခဲ့တာပါ။ မေရီရဲ့ မိဘတွေကတော့ မေရီကို စာတိုက်က ပို့တာဟာ ရထားလက်မှတ်ထက် ပိုဈေးသက်သာတယ်လို့ ဆိုပါတယ်။ စာတိုက်ဟာ ပေါင်(၅၀) အောက်အလေးချိန်ရှိတဲ့ ပါဆယ်အထိလက်ခံခဲ့တာ ဖြစ်ပြီး မေရီကတော့ (၄၈) ပေါင်ခွဲပဲရှိတဲ့အတွက် စာတိုက်က လက်ခံပို့ပေးခဲ့တာ ဖြစ်ပါတယ်။

READ
(၅)မိနစ်လောက် စကားပြောကြည့်ရုံနဲ့ မပေါင်းအပ်သူမှန်း ဘယ်လိုသိနိုင်မလဲ
shutterstock/vir.kedia

ဒေါ်လာသန်းနဲ့ချီတန်ပြီး ကမ္ဘာမှာကျော်ကြားတဲ့ ဟုပ်စိန်ကြီးဟာ (၄၅.၅၂) ကာရတ်ရှိပြီး အဖိုးထိုက်လှတဲ့ စိန်ကြီး ဖြစ်ပါတယ်။ အံ့သြစရာပဲ ဒီစိန်ကြီးကိုလည်း ၄င်းရဲ့ပိုင်ရှင် ဟယ်ရီဝင်စတန်ကွယ်လွန်အပြီးမှာ အညိုရောင်စာတိုက်စက္ကူပုံးနဲ့ထုတ်ပြီး စာတိုက်ကနေတဆင့် သဘာဝသမိုင်းပြတိုက်ကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ စာတိုက်ပို့ခအဖြစ် (၂.၄၄) ဒေါ်လာသာကျသင့်ပြီး သန်းချီတန်တဲ့ စိန်လည်ဆွဲကြီးအတွက် အာမခံ ဒေါ်လာ (၁၄၂.၈၅) သာ ရရှိခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ပဲ စာပို့သမားဟာ စိန်လည်ဆွဲကြီးကို အပျောက်အရှမရှိပဲ သက်ဆိုင်ရာဆီ ပေးပို့နိုင်ခဲ့ပါတယ်။

နောက်ထပ်ထူးခြားတာက ငါးတွေကိုလည်း စာတိုက်ကနေတဆင့် ပေးပို့လေ့ရှိခဲ့ပါတယ်။ ငါးအသေရော၊ ငါးအရှင်ရောပါ စာတိုက်ထဲထည့်ပို့တာမျိုးထိ ရှိဖူးပါတယ်။ တိရစ္ဆာန်တွေနဲ့ပတ်သက်လို့ နောက်ထပ် ဖြစ်ရပ်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ (၁၉၅၄) ခုနှစ် ဒီဇင်ဘာလမှာ အိုဟိုင်းယိုးပြည်နယ်နေ ဒေးဗစ်ဆိုသူဟာ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာရှိတဲ့ စာတိုက်မှုးကို စာတစ်စောင်ပေးပို့ခဲ့ပါတယ်။

shutterstock/Kurit afshen

စာထဲမှာက သူဟာ သူ့ရဲ့အိမ်မွေးပုတ်သင်ညိုတစ်ကောင်ကို စာတိုက်မှတဆင့် ပေးပို့ခဲ့ပါကြောင်း၊ အကြောင်းရင်းက အိုဟိုင်းယိုးမှာ အရမ်းအေးလွန်းတဲ့အတွက် ပုတ်သင်ညိုလေးကို အော်လန်ဒိုမြို့ဆီ ပို့လိုက်ကြောင်း၊ ပုတ်သင်ညိုလေးကို အော်လန်ဒိုမြို့မှာပဲ တစ်နေရာရာမှာ လွှတ်ပေးစေလိုကြောင်းနဲ့ ၄င်းပုတ်သင်ညိုက အန္တရာယ်ကင်းကင်းနဲ့ အော်လန်ဒိုရောက်မရောက်ဆိုတာကို သူ့ဆီပြန်အသိပေးစေလိုကြောင်း စာရေးသားခဲ့တာ ဖြစ်ပါတယ်။ တော်တော့်ကို ထူးထူးခြားခြားပါပဲ။

READ
ခွေးလေးတွေ ကတ္တီပါမွေ့ယာတွေနဲ့ ဇိမ်ခံနိုင်မယ့် အိန္ဒိယက စပယ်ရှယ်ခွေးဟိုတယ်

စာတိုက်စနစ်ကို အရင်ခေတ်က ဆရာဝန်တွေဟာလည်း အသုံးပြုကြပါတယ်။ (၁၈၉၅) ခုနှစ်တုန်းက ထုတ်ဝေတဲ့ နယူးယောက်တိုင်းမ်စ်အရဆိုရင် ဆရာဝန်တွေဟာ ငှက်သေတွေ၊ ကျောက်ရောဂါပိုးတွေနဲ့ အဖျားရောဂါပိုးတွေကို ဗဟိုအမျိုးသားဆေးကောင်စီဆီ စာတိုက်ကနေတဆင့် ပေးပို့ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ်ထူးခြားတဲ့ အကြောင်းအရာတစ်ခုကတော့ ဗဟုသုတဖြစ်ဖွယ်ရာပါ။ သမိုင်းမှာတော့ ဂေဘရီရယ်မာ့ခ်ျဂရာနာဒို့စ်အမည်ရသူ အမျိုးသားဟာ ကမ္ဘာ့အရှည်ဆုံးထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်ခဲ့ပါတယ်။ သူ့အလုပ်အကိုင်က စာပို့သမားဖြစ်ပါတယ်။ သူဟာ စပိန်နိုင်ငံက ဖြစ်ပါတယ်။ သူ့ကို ပေးစာပေါင်း (၄၂,၈၈၄) စာစောင် မပေးပို့မှုနဲ့ ထောင်သက် (၃၈၄,၉၁၂) နှစ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ အံ့သြစရာပဲ သိမှတ်ရပါတယ်။

လင်းလင်း (ShweMom)

SHARE