ထိတ်လန့်ခြောက်ခြားစရာတွေ အပြည့်နဲ့ သူစိမ်းအိမ်ရုပ်ရှင်ဇာတ်ကားကြီး

from stranger house facebook

ပရိသတ်တွေရဲ့ ကြိတ်ကြိတ်တိုး အားပေးခြင်းခံခဲ့ရတဲ့ “ည”ရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ထူးပိုင်ဇော်ဦးကတော့ ရုပ်ရှင်ဇာတ်ကားအသစ်နဲ့ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ သူကတော့ “သူစိမ်းအိမ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေကို ချပြလိုက်ပြီဖြစ်ပါတယ်။

from stranger house facebook
from stranger house facebook

ဒီရုပ်ရှင် ဇာတ်ကားမှာတော့ ဖွေးဖွေး၊ လွင်မိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လင်းဇာနည်ဇော်၊ ကူကူးဇင်အောင်၊ မြတ်နိုးအေး၊ ချာလီ၊ ရှိန်းတင်ထူးတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။

from stranger house facebook
from stranger house facebook
from stranger house facebook

ဒီဇာတ်ကားကတော့ သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး ဒီကနေ့မှာတော့ “သူစိမ်းအိမ်” ရုပ်ရှင်ကားရဲ့ ရိုက်ကူးရေးပြင်ဆင်မှုပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။

“သူစိမ်းအိမ်" ရုပ်ရှင်ကားကြီး Pre-Production , Script Reading နှင့် Rehearsal ကြိုတင်ပြင်ဆင်မူများအကြောင်း 🏡🏡🏡

ဩဂုတ်လ ၁ရက်နေ့ #သူစိမ်းအိမ် ရုံတင်ပါမည်။ This August (01.08.19)#COMINGSOON#strangerhouse #htoopaingzawoo#phwayphway #lwinmoe #htuneaindrabo #linzarnizaw #kukuzinaung #myatnoeaye #kyawyemyintnyein #sheintinhtoo

Posted by သူစိမ်းအိမ် – Stranger's House on Monday, 17 June 2019

“သူစိမ်းအိမ်” ရုပ်ရှင်ကားရဲ့ ထွေလာကို ပရိသတ်တွေကို ချပြခြင်းမရှိသေးပေမဲ့ ရိုက်ကူရေးပြင်ဆင်နေမှု ပုံရိပ်တွေကို ကြည့်နေရုံနဲ့တင် ပရိသတ်တွေက တော်တော်လေး သဘောကျနေကြပါပြီ။ “သူစိမ်းအိမ်” ရုပ်ရှင်ကားကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက် အောင်မြင် လာမယ့် ဇာတ်ကားတစ်ကားလို့လည်း ပရိသတ်တွေက ယူဆနေကြပါတယ်။

READ
လမ်းခွဲလိုက်တာ မဟုတ်ပါဘူး ဆိုတဲ့ နေခြည်ဦး
from stranger house facebook

Source: “သူစိမ်းအိမ်” ရုပ်ရှင်ကား facebook page

SHARE